Celebrity


Written by Ms Cele





Credit:Cele Zone
Sourec:Phyo Myat Aung

ဦးသိန်းတန်အိမ် မီးလောင်တာနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို သူသိသလောက် ပြန်လည်မျှဝေလာတဲ့ ဖြိုးမြတ်အောင်

ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာ သိမ်းပိုက်ထားကြတဲ့ ပြည်သူ့ အချစ်တော် အနုပညာရှင်တွေ ထဲမှာ Myanmar Idol ပြိုင်ပွဲကြီးကနေ ပရိသတ်တွေ ရင်ထဲ ရောက်ရှိခဲ့တဲ့ ဖြိုးမြတ်အောင်လည်း အပါအဝင်ပါပဲနော်။ အသံပါဝါကောင်းပြီး ကိုယ်ပိုင် အရည်အချင်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ဖြိုးမြတ်အောင် ကတော့ အခုဆိုရင် အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ် အနုပညာရှင် တစ်ဦးအဖြစ် လျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်။

ဖြိုးမြတ်အောင် ကတော့ ဖျော်ဖြေပွဲတွေ ဆက်တိုက်သီဆိုခဲ့သလို အခွေတွေလည်း ထွက်ရှိခဲ့ရာ သူရဲ့သီချင်းတိုင်းကလည်း ပရိသတ်တွေ ရင်ထဲထိရောက်ရှိခဲ့တာ လည်းဖြစ်ပါတယ်။ဒါ့အပြင် ဖြိုးမြတ်အောင်က Myanmar Idol ရဲ့ဒိုင်တစ်ယောက်ဖြစ်တဲ့ မြန်မာသိန်းတန် ဆီမှာလည်း ပညာတွေကို ဆည်းပူးသင်ယူခဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့ မြန်မာပြည် သိန်းတန်ရဲ့ အိမ်မီးလောင်ခဲ့တာနဲ့ပက်သတ်ပြီး လူမှုကွန်ယက် စာမျက်တစ်ခွင်မှာ သတင်းတွေ တတ်ခဲ့တာလည်းဖြစ် ပါတယ်။ပရိသတ်တွေ အားလုံးကလည်း စိတ်ပူနေကြတာကြောင့် ဖြိုးမြတ်အောင်က သူရဲ့အကောင့်လေးမှာ စိတ်မပူကြရန် ခုလိုရေးသား ဝေမျှထားတာတွေ့ရပါတယ်။ ” အားလုံး စိတ်မပူကြပါနဲ့ခင်ဗျာ အန်ကယ် တို့ အေးအေးချမ်းချမ်းပါပဲ “ဆိုတဲ့ စာလေးပဲဖြစ်ရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ဝေမျှပေး လိုက်ပါတယ်။

Credit:Cele Zone
Sourec:Phyo Myat Aung

About the author

Ms Cele

Leave a Comment