Celebrity

ဦးေက်ာ္သူကို ေဆးရံုမဆင္းခင္ လုပ္ေပးခြင့္ရခဲ့တဲ့ အရာေလးေၾကာင့္ ၀မ္းသာပီတိျဖစ္ေနတဲ့ ညီနႏၵ

Written by Ms Cele

ဦးေက်ာ္သူကို ေဆးရံုမဆင္းခင္ လုပ္ေပးခြင့္ရခဲ့တဲ့ အရာေလးေၾကာင့္ ၀မ္းသာပီတိျဖစ္ေနတဲ့ ညီနႏၵ

သရုပ္ေဆာင္ ညီနႏၵနဲ့ ဗ်ိဳက္တို့ ညီအစ္ကို နွစ္ေယာက္ကေတာ့ တစ္ခ်ိန္က မိန္းကေလး ပရိသတ္တိုင္း သည္းသည္း လႈပ္ခ်စ္ျခင္း ခံရသူေတြပဲ ျဖစ္ပါတယ္။ ဗ်ိဳက္ ကေတာ့ ဘဝတစ္ပါးသို့ ကူးေျပာင္း ကြယ္လြန္သြားျပီ ျဖစ္ေပမယ့္ ညီျဖစ္သူ ညီနႏၵကေတာ့ သူဝါသနာပါရာ အနုပညာလမ္း မွာ တစိုက္မတ္မတ္ေလွ်ာက္ လွမ္းေနသလုိ သူ့ရဲ့ကိုယ္ပိုင္စီးပြားေရး လုပ္ငန္းေတြကိုလည္း စတင္ လုပ္ကိုင္ေနျပီပဲ ျဖစ္ပါတယ္။ စိတ္ထားေကာင္းျပီး အနုပညာ ညီအစ္ကိုေမာင္နွမေတြ အေပၚမွာ ခ်စ္တတ္လြန္းတဲ့ ညီနႏၵ ကေတာ့ အနုပညာ အလုပ္မွာေရာ စီးပြားေရ အလုပ္မွာပါ တစ္ေန့တစ္ျခား ေအာင္ျမင္တိုးတက္မႈ ေတြရရိွေနတာပဲ ျဖစ္ပါတယ္။

လူၾကီးမိဘ ဆရာသမား အေပၚ သိတတ္လြန္းတဲ့ ညီနႏၵက ဒီတစ္ခါမွာလည္း သူေလးစား ခ်စ္ခင္ရတဲ့ ဦးေက်ာ္သူ ေဆးရံုမဆင္းခင္မွာ ျပဳလုပ္ေပးခြင့္ ရခဲ့တဲ့ အရာေလးတစ္ခုေၾကာင့္ ဝမ္းသာပီတိျဖစ္ ေနတာပဲ ျဖစ္ပါတယ္။ ညီနႏၵက “ေလးစားခ်စ္ခင္ ရတဲ့ ကို​ေမာင္ “‘Kyaw Thu”‘ နဲ႔ ညီ​ေလး ထြန္းကိုကို “‘Yanpaing Tunko”‘ တို႔ကို ေျမာက္ဥကၠလာ ေဝဘာဂီ​ေဆး႐ုံ မွာ ဒီေန႔ေန႔လည္စာ (ေဆး႐ုံမဆင္းခင္ေလး ) “‘ကိုနႏၵေထာပတ္ထမင္း”‘ ဂါရဝျပဳခြင့္ရတဲ့အတြက္ ဝမ္းသာ ပီတိျဖစ္ရပါတယ္…” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝေပးထားပါတယ္။

ညီနႏၵကေတာ့ ေဆးရံုတက္ ေနတဲ့ ဦးေက်ာ္သူ အတြက္ သူတတ္နိုင္တဲ့ အင္အားနဲ့ ေထာပတ္ထမင္း ပို့ေပးနိုင္ခဲ့တာကိုပဲ ဝမ္းသာ ေနရွာတာ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

ဦးကျော်သူကို ဆေးရုံမဆင်းခင် လုပ်ပေးခွင့်ရခဲ့တဲ့ အရာလေးကြောင့် ဝမ်းသာပီတိဖြစ်နေတဲ့ ညီနန္ဒ

သရုပ်ဆောင် ညီနန္ဒနဲ့ ဗျိုက်တို့ ညီအစ်ကို နှစ်ယောက်ကတော့ တစ်ချိန်က မိန်းကလေး ပရိသတ်တိုင်း သည်းသည်း လှုပ်ချစ်ခြင်း ခံရသူတွေပဲ ဖြစ်ပါတယ်။ ဗျိုက် ကတော့ ဘဝတစ်ပါးသို့ ကူးပြောင်း ကွယ်လွန်သွားပြီ ဖြစ်ပေမယ့် ညီဖြစ်သူ ညီနန္ဒကတော့ သူဝါသနာပါရာ အနုပညာလမ်း မှာ တစိုက်မတ်မတ်လျှောက် လှမ်းနေသလို သူ့ရဲ့ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကိုလည်း စတင် လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး အနုပညာ ညီအစ်ကိုမောင်နှမတွေ အပေါ်မှာ ချစ်တတ်လွန်းတဲ့ ညီနန္ဒ ကတော့ အနုပညာ အလုပ်မှာရော စီးပွားရေ အလုပ်မှာပါ တစ်နေ့တစ်ခြား အောင်မြင်တိုးတက်မှု တွေရရှိနေတာပဲ ဖြစ်ပါတယ်။

လူကြီးမိဘ ဆရာသမား အပေါ် သိတတ်လွန်းတဲ့ ညီနန္ဒက ဒီတစ်ခါမှာလည်း သူလေးစား ချစ်ခင်ရတဲ့ ဦးကျော်သူ ဆေးရုံမဆင်းခင်မှာ ပြုလုပ်ပေးခွင့် ရခဲ့တဲ့ အရာလေးတစ်ခုကြောင့် ဝမ်းသာပီတိဖြစ် နေတာပဲ ဖြစ်ပါတယ်။ ညီနန္ဒက “လေးစားချစ်ခင် ရတဲ့ ကို​မောင် “‘Kyaw Thu”‘ နဲ့ ညီ​လေး ထွန်းကိုကို “‘Yanpaing Tunko”‘ တို့ကို မြောက်ဥက္ကလာ ဝေဘာဂီ​ဆေးရုံ မှာ ဒီနေ့နေ့လည်စာ (ဆေးရုံမဆင်းခင်လေး ) “‘ကိုနန္ဒထောပတ်ထမင်း”‘ ဂါရဝပြုခွင့်ရတဲ့အတွက် ဝမ်းသာ ပီတိဖြစ်ရပါတယ်…” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးထားပါတယ်။

ညီနန္ဒကတော့ ဆေးရုံတက် နေတဲ့ ဦးကျော်သူ အတွက် သူတတ်နိုင်တဲ့ အင်အားနဲ့ ထောပတ်ထမင်း ပို့ပေးနိုင်ခဲ့တာကိုပဲ ဝမ်းသာ နေရှာတာ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

About the author

Ms Cele

Leave a Comment