Celebrity

ဦးကျော်သူ ရဲ့ နာရေး ကူညီမှုအသင်း အတွက် အလှူငွေကျပ် ၇သိန်းကို လှူဒါန်း ခဲ့တဲ့ စွမ်းဇာနည်

Written by Ms Cele

ဦးကျော်သူ ရဲ့ နာရေး ကူညီမှုအသင်း အတွက် အလှူငွေကျပ် ၇သိန်းကို လှူဒါန်း ခဲ့တဲ့ စွမ်းဇာနည်




Credit:Swelsone News

ဦးကျော်သူ ရဲ့ နာရေး ကူညီမှုအသင်း အတွက် အလှူငွေကျပ် ရသိန်းကို လှူဒါန်း ခဲ့တဲ့ စွမ်းဇာနည်

ဇာတ်သဘင် လောကမှာ အောင်မြင်မှုတွေရရှိပြီး နှုတ်ခမ်းနီ မလေးတွေရဲ့ အသည်းတွေကို ခြွေချထားနိုင်ခဲ့ သူကတော့ မင်းသားချော စွမ်းဇာနည်ပဲ ဖြစ်ပါတယ်။ စွမ်းဇာနည် က ဇာတ်သဘင်နယ်ပယ်မှာ သာမကပဲ သရုပ်ဆောင်လောကမှာ အောင်မြင်မှုရရှိခဲ့တဲ့ မင်းသားချောလေးပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိုမိုအောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်အောင်လည်း ကြိုးစား လုပ်ကိုင်နေတာ တွေ့ရပါတယ်။

စွမ်းဇာနည် က စိတ် သဘောထားပြည့်ဝပြီး သူတစ်ပါးကို အမြဲကူညီတတ် သလို အလှူအတန်းတွေ ကိုလည်း ရက်ရက်ရောရော လှူဒါန်းပေး တဲ့သူပဲ ဖြစ်ပါတယ်။ ယနေ့မှာတော့ စွမ်းဇာနည် က မင်းသားကြီး ဦးကျော်သူရဲ့ (ရန်ကုန်) နာရေးကူညီမှု အသင်းကို အလှူငွေ (၇)သိန်းကျပ်တိတိလှူဒါန်းပေး ခဲ့ပါတယ်။ စွမ်းဇာနည် ရဲ့ မွန်မြတ်တဲ့ အလှူလေးကို ပရိသတ်တွေ ထပ်တူသာဓု ခေါ်ဆိုနိုင်အောင် ဦးကျော်သူရဲ့ လူမှုကွန်ယက်မှာ ဖော်ပြလာ ခဲ့ပါတယ်။

ဒါ့အပြင် စွမ်းဇာနည် ရဲ့ အလှူလေးနဲ့ ပတ်သက်ပြီး ဦးကျော်သူက ပြောပြထားရာမှာလည်း ” မင်းသား စွမ်းဇာနည် ၏မြတ်ကောင်းမှု”ယနေ့ မင်းသားစွမ်းဇာနည် ၏” စွမ်းသဘင်”မိသားစု မှ နာရေးကူညီမှု အသင်း(ရန်ကုန်) သို့မီးဂြိုလ်ခ အယောက်(၁၀၀)စာ နှင့် ကဒ်ခေါင်း (၅၄)ခုစာ အလှူငွေ (၇)သိန်းကျပ် အား သဒ္ဒါတရား ထက်သန်စွာဖြင့် လှူဒါန်းသည့်အတွက် ဤ ဂုဏ်ပြုလွာကို ဝမ်းမြောက်စွာဖြင့် သာဓုခေါ်ဆို ချီးမြှင့်အပ် ပါတယ်….စွမ်းဇာနည် ကိုယ်စား အဆိုတော် ရုပ်ရှင် မင်းသား နာကူ(ရန်ကုန်) စံပြပရဟိတ အနုပညာရှင် ဇွဲလရောင်( မခင်လေး) မှ လှူဒါန်းပေးခဲ့ပါတယ်…သာဓု သာဓု သာဓု ပါဗျာ” ဆိုပြီး ဖော်ပြထားပါတယ်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment