Celebrity


Written by Ms Cele





Credit

ဦးနေအောင်ကွယ်လွန်သည်ဟု တင်မိလိုက်တဲ့ သတင်းအမှားအတွက် ပြန်လည်ဖြေရှင်းလိုက်တဲ့ ဦးဝင်းမြိုင်

ပရိတ်သတ်ကြီးရေ….ဒီကနေ့မှာဆိုရင်တော့ ထပ်ဆင့်အကယ်ဒမီ မင်းသားကြီးဦးနေအောင်ကွယ်လွန်သွားပြီဆိုတဲ့ သတင်းအမှား ထွေက်ပေါ်နေတာပဲဖြစ်ပါတယ်နော်။ ဦးနေအောင်ကွယ်လွန်သွားပြီဆိုတဲ့ သတင်းကို ရုပ်ရှင်သရုပ်ဆောင်ဦးဝင်းမြိုင်မှ ဇာတ်ညွှန်းဆရာဦးနေဒေါင်းနဲ့ နားကြားမှာပြီး လူမှုကွန်ယက် စာမျက်နှာမှာတင်လိုက်မိတာပဲဖြစ်ပါတယ်။

အဲ့ကိစ္စနဲ့ပတ်သက်ပြီး ဦးဝင်းမြိုင်က အခုလိုပဲပြန်လည်ဖြေရှင်းရင်း ဦးနေအောင်ကို အနူးအညွတ်တောင်းပန်လိုက်တာပဲဖြစ်ပါတယ်။ဦးဝင်းမြိုင်က ” သတင်းပို့သူက ဦးနေဒေါင်း ကွယ်လွန်ကြောင်းပြောပြသည်ကို ဦးနေအောင်ဟုနားကြားလွဲ၍ဦးနေအောင်ကွယ်လွန်ကြောင်းတင်လိုက်မိပါသည်။

အမှန်တကယ် ကွယ်လွန်သူမှာ ဦးနေဒေါင်း(ဇာတ်ညွှန်း)ဖြစ်ပါသည်။ အစ်ကိုကြီးဦးနေအောင်အား အနူးအညွတ်တောင်းပန်အပ်ပါသည်။” ဆိုင်္ပြီးရေးသားလာတာပဲဖြစ်ပါတယ်။ပရိတ်သတ်တွေကလည်း ဒီသတင်းအမှားတင်မိတာကို နားလည်ခွင့်လွှတ်နိုင်မယ်လို့မျှော်လင့်ပါတယ်နော်.။

Credit

About the author

Ms Cele

Leave a Comment