Celebrity

ဦးဧရာ ကို မေမ့ ခ်င္လို႔ ေသတမ္း စာမျပန္ဘူး ဆိုတဲ့ ဟာသ လူ႐ႊင္ေတာ္ သ႐ုပ္ေဆာင္ ဒိန္းေဒါင္

Written by Ms Cele

ဦးဧရာ ကို မေမ့ ခ်င္လို႔ ေသတမ္း စာမျပန္ဘူး ဆိုတဲ့ ဟာသ လူ႐ႊင္ေတာ္ သ႐ုပ္ေဆာင္ ဒိန္းေဒါင္

ပရိသတ္ႀကီး ေရ ဒိန္းေဒါင္ ကေတာ့ ခြၽန္တြန္း ပရဟိတအဖြဲ႕ကို တည္ေထာင္ ထားၿပီး လိုအပ္သူေတြကို တတ္ႏိုင္သေလာက္ ကူညီေပးေနတာျဖစ္ပါတယ္။ဒိန္းေဒါင္တို႔လူ႐ႊင္ေတာ္ အဖြဲ႕ဟာဆိုရင္ အႏုပညာသမား အခ်င္းခ်င္းကိုလည္းကူညီေပး ေနတာျဖစ္ပါတယ္။ ဒီေန႔မွေတာ့ ဒိန္းေဒါင္းဟာ ေက်းဇူးရွင္ ဆရာတစ္ဦးျဖစ္တဲ့ လူ႐ႊင္ေတာ္ ဦးဧရာ တစ္ေယာက္ ကိုဗစ္နဲ႔ ကြယ္လြန္သြားတဲ့ အတြက္ စိတ္မေကာင္းျဖစ္ေန တာပဲျဖစ္ပါတယ္။

ဒိန္းေဒါင္က ဦးဧရာကို မေမ့ခ်င္လို႔ ေသတမ္းစာ အျပန္တဲ့ အေၾကာင္းေလး ေျပာျပလာ ခဲ့ပါတယ္။ ဒိန္းေဒါင္ က” “ဦးဧရာ ဆိုတဲ့ ပုဂၢိဳလ္က လူ႐ႊင္ေတာ္ေတြရဲ႕ မ႑ိဳင္ႀကီး တစ္ခုပါ။ လူ႐ႊင္ေတာ္ေတြကို ထမင္းအိုး တည္ေပးတာ မ်ားတယ္။ လူ႐ႊင္ေတာ္ ေတာ္ေတာ္မ်ားမ်ား ရဲ႕ စံျပ ပုဂၢိဳလ္၊ ေက်းဇူးရွင္၊ ဆရာသမား ဆိုလည္း မမွားဘူး။ လူ႐ႊင္ေတာ္ အသင္းနဲ႔ ပတ္သက္လို႔ ေခၚရင္ က်န္းမာေရး ေကာင္းေကာင္း မေကာင္းေကာင္း ေရာက္ေအာင္ လာခဲ့တယ္။ လူ႐ႊင္ေတာ္ အသင္းမွာ ဦးဧရာ နာမည္ကို မေမ့ခ်င္လို႔ ေသတမ္းစာ မျပန္ဘူး” လို႔ ေျပာလာ ခဲ့ပါတယ္။

ဦးဧရာ ကြယ္လြန္သြားတဲ့ အတြက္ အႏုပညာအသိုင္း အဝိုင္းကလဲ စိတ္မေကာင္းျဖစ္ေနၾကပါတယ္။ ဦးဧရာ တစ္ေယာက္ေကာင္းရာဘုံဘဝေရာက္ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္။

Credit:Swelsone News

ဦးဧရာ ကို မမေ့ ချင်လို့ သေတမ်း စာမပြန်ဘူး ဆိုတဲ့ ဟာသ လူရွှင်တော် သရုပ်ဆောင် ဒိန်းဒေါင်

ပရိသတ်ကြီး ရေ ဒိန်းဒေါင် ကတော့ ချွန်တွန်း ပရဟိတအဖွဲ့ကို တည်ထောင် ထားပြီး လိုအပ်သူတွေကို တတ်နိုင်သလောက် ကူညီပေးနေတာဖြစ်ပါတယ်။ဒိန်းဒေါင်တို့လူရွှင်တော် အဖွဲ့ဟာဆိုရင် အနုပညာသမား အချင်းချင်းကိုလည်းကူညီပေး နေတာဖြစ်ပါတယ်။ ဒီနေ့မှတော့ ဒိန်းဒေါင်းဟာ ကျေးဇူးရှင် ဆရာတစ်ဦးဖြစ်တဲ့ လူရွှင်တော် ဦးဧရာ တစ်ယောက် ကိုဗစ်နဲ့ ကွယ်လွန်သွားတဲ့ အတွက် စိတ်မကောင်းဖြစ်နေ တာပဲဖြစ်ပါတယ်။

ဒိန်းဒေါင်က ဦးဧရာကို မမေ့ချင်လို့ သေတမ်းစာ အပြန်တဲ့ အကြောင်းလေး ပြောပြလာ ခဲ့ပါတယ်။ ဒိန်းဒေါင် က” “ဦးဧရာ ဆိုတဲ့ ပုဂ္ဂိုလ်က လူရွှင်တော်တွေရဲ့ မဏ္ဍိုင်ကြီး တစ်ခုပါ။ လူရွှင်တော်တွေကို ထမင်းအိုး တည်ပေးတာ များတယ်။ လူရွှင်တော် တော်တော်များများ ရဲ့ စံပြ ပုဂ္ဂိုလ်၊ ကျေးဇူးရှင်၊ ဆရာသမား ဆိုလည်း မမှားဘူး။ လူရွှင်တော် အသင်းနဲ့ ပတ်သက်လို့ ခေါ်ရင် ကျန်းမာရေး ကောင်းကောင်း မကောင်းကောင်း ရောက်အောင် လာခဲ့တယ်။ လူရွှင်တော် အသင်းမှာ ဦးဧရာ နာမည်ကို မမေ့ချင်လို့ သေတမ်းစာ မပြန်ဘူး” လို့ ပြောလာ ခဲ့ပါတယ်။

ဦးဧရာ ကွယ်လွန်သွားတဲ့ အတွက် အနုပညာအသိုင်း အဝိုင်းကလဲ စိတ်မကောင်းဖြစ်နေကြပါတယ်။ ဦးဧရာ တစ်ယောက်ကောင်းရာဘုံဘဝရောက်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment