Local News


Written by Ms Cele










U Zaw Zaw

ဦးဇော်ဇော် ဦးစီး တဲ့ ဧရာဝတီ စင်တာကို ဒေါက်တာ ထွန်းမြင့် ဦးဆောင်မှု နဲ့ ဖွင့်လှစ် ဖြစ်ခဲ့

Test and Care ဧရာဝတီစင်တာကိုဒေါက် တာထွန်းမြင့် ဦးဆောင်မှုနဲ့ ဖွင့်လှစ်ဖြစ်ခဲ့

Covid-19 တိုက်ဖျက်ရေး အတွက် Test and Care ဧရာဝတီစင်တာ ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူးချူပ် ဆရာကြီး ဒေါက်တာထွန်းမြင့် ဦးဆောင်မှုနဲ့ ဖွင့်လှစ်ဖြစ်ခဲ့ပါတယ်။

ကပ်ရောဂါ ကာလမှာ အနစ်နာခံ တာဝန်ထမ်းဆောင် နေကြတဲ့ ဆရာဝန်၊ ဆရာမ၊ သူနာပြုနဲ့ စေတနာ့ ဝန်ထမ်းတွေ လုပ်ငန်းအတွက်လိုအပ်ချိန်မှာ အချိန်မရွေး စစ်ဆေးပေးနိုင်ဖို့ အဓိက ရည်ရွယ်ဆောင်ရွက် ခဲ့တာဖြစ်ပါတယ်။

ထို့အပြင် အနီးအနားမှာ ရှိတဲ့ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ မင်္ဂလာ တောင်ညွန့် မြို့(၅)မြို့က စောင့်ကြည့်လူနာ (PUI) တွေကိုလည်း တတ်နိုင် သရွေ့ ဝန်ဆောင်မှုပေးလျက် ရှိပါတယ်။

ဆရာကြီးဒေါက်တာမြစိုးဦးဆောင်တဲ့ အဖွဲ့က ICU/HDU မှာ အနီးကပ်ကြပ်မတ်ကုသရန် လိုအပ်တဲ့ လူနာ(၆၀)ခန့်ကို နေ့မအား ညမနား ကုသဆောင်ရွက်ပေးလျက်ရှိသလို

ဆရာဒေါက်တာကောင်းမြတ်စိုး တို့ အဖွဲ့ကလည်း ကူးစက်ခံရသူ(၉၀၀)ခန့် ကို စောင့်ရှောက် ဝန်ဆောင်မှု ပေးလျက်ရှိပါတယ်။

ဧရာဝတီစင်တာ စတင်တည်ဆောက် ခဲ့တဲ့ တစ်လအတွင်းမှာ ကုတင်(၁၀၀၀)ဆံ့ ကုသရေးစင်တာ အဖြစ် ဆောက်လုပ်ပေးခဲ့တဲ့ အင်ဂျင်နီယာ နဲ့ ဝန်ထမ်းများအားလုံး၊

များစွာသော စေတနာရှင်၊ အလှူရှင်များနဲ့ ဝန်ဆောင်မှုပေး နေကြတဲ့ ဆရာဝန်၊ ဆရာမနဲ့ စေတနာ့ဝန်ထမ်း စုစုပေါင်း (၅၀၀)ကျော်ကို အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါတယ်။

U Zaw Zaw

About the author

Ms Cele

Leave a Comment