Local News

ဧရာဝတီ ကိုဗစ္ စင္တာမွာ အင္တိုက္ အားတိုက္ ဝိုင္းဝန္း ကူညီေပး ေနတဲ့ ဦးေဇာ္ေဇာ္ ရဲ့ သမီး ျဖစ္သူ အိမ့္မႉးေဇာ္

Written by Ms Cele

ဧရာဝတီ ကိုဗစ္ စင္တာမွာ အင္တိုက္ အားတိုက္ ဝိုင္းဝန္း ကူညီေပး ေနတဲ့ ဦးေဇာ္ေဇာ္ ရဲ့ သမီး ျဖစ္သူ အိမ့္မႉးေဇာ္

“ဧရာဝတီ ကိုဗစ္ စင္တာမွာ အင္တိုက္ အားတိုက္ဝိုင္းဝန္း ကူညီေပး ေနတဲ့ ဦးေဇာ္ေဇာ္ရဲ့ သမီးျဖစ္သူ အိမ့္မႉးေဇာ္”

မၾကာေသးခင္က မွအသက္ႏွစ္ဆယ္ျပည့္ သြားတဲ့ ဦးေဇာ္ေဇာ္ရဲ့ သမီးျဖစ္သူ အိမ့္မႉးေဇာ္ ဟာ အခုခ်ိန္မွာ ဖခင္ တည္ေထာင္ လႉတန္းေပးထားတဲ့ ဧရာဝတီကိုဗစ္စင္တာမွာ အစအဆုံး ကူညီလုပ္ကိုင္ေပးေနတာပဲ ျဖစ္ပါတယ္။ ေပါ့စတစ္လူနာေလးရာေက်ာ္ ကို ကုသမႈေတြေပးနိုင္မယ့္ ကိုဗစ္ ေရာဂါကုသေရးဌာန(သုဝဏၰ)မွာ စီမံခန႔္ခြဲမႈ အပိုင္းေတြသာမက လိုအပ္တဲ့ ေနရာတိုင္းမွာ ကူညီလုပ္ေပးေနတာပဲ ျဖစ္ပါတယ္။

ျမန္မာနိုင္ငံရဲ့ Rich Kid ျဖစ္တဲ့သူမဟာ အခုလိုမ်ိဳး လူမႈအက်ိဳးျပဳ လုပ္ငန္းေတြမွာ အင္တိုက္အားတိုက္ စိတ္ေရာ ကိုယ္ပါ ကူညီေဆာင္ရြက္ေန တာေၾကာင့္ လူအမ်ားရဲ့ခ်စ္ခင္မႈေတြကို ပါရထားတာပဲျဖစ္ပါတယ္။ သူမရဲ့ လူူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္လည္း “အတူတကြ အခက္ခဲမ်ားကိုေက်ာ္လႊား ၾကပါစို႔” ဆိုၿပီး အားေပးစကားကို တင္ထားပါေသးတယ္။

Rich Kidတစ္ေယာက္ အေနနဲ႔ ႀကီးျပင္းလာရၿပီး ပရဟိတ အလုပ္ေတြ ကို အင္တိုက္ အားတိုက္လုပ္ေဆာင္နိုင္တယ္ ဆိုတာကလည္း ဖခင္ျဖစ္သူရဲ့ေလးစား အတုယူဖြယ္ စိတ္ဓာတ္ ေတြကို အားက်အတုယူလို႔ ျဖစ္နိုင္တယ္ဆိုၿပီးလည္း ဆိုရွယ္မီဒီယာ ထက္မွာ ေကာမန႔္ေတြ ေပးထားၾက ပါတယ္။ ေမြခံထိုက္ေစသမီးအလိမၼာေလးလို႔လည္း မွတ္ခ်က္ျပဳထားသူေတြ အမ်ားႀကီးရွိခဲ့ပါတယ္။

ဖခင္ျဖစ္သူဦးေဇာ္ေဇာ္ကလည္း “လူသားတန္ဖိုး” ကဘာဆိုတာ၊ သူဘယ္လိုခံယူထားတယ္ ဆိုတာကို အခုလို ေျပာထားပါေသးတယ္။ “မေမၽွာ္လင့္ ဘဲ ကၽြန္ေတာ္တို႔ရဲ့ ေပ်ာ္ရႊင္စရာကမၻာႀကီးဟာ ကပ္ေရာဂါဆိုးေၾကာင့္ တုံ႔ ဆိုင္းသြားၿပီး အခ်ိန္နဲ႔အမၽွ လူ႔ေလာကကို ေက်ာခိုင္းေနရသူ ေတြလည္း ရွိေနပါတယ္။ ကၽြန္ေတာ္တို႔အားလုံး တက္ ညီလက္ညီနဲ႔ ကိုဗစ္ကပ္ဆိုးကို တြန္းလွန္ေနတာဟာ ေရာဂါကာကြယ္ကုသေရး တစ္ခုတည္း အတြက္မ ဟုတ္ပါဘူး။လူသားေတြရဲ့ တန္ဖိုးရွိတဲ့ အခ်ိန္ေတြ၊ လုပ္ငန္းေတြ ပုံမွန္လည္ပတ္ဖို႔နဲ႔ အလုပ္အကိုင္ အခြင့္အ လမ္းေတြ၊ လူငယ္ေတြအတြက္ ေပ်ာ္ရႊင္စရာေတြနဲ႔ ေလ့လာသင္ၾကားရမယ့္ အခ်ိန္ေတြ၊ လူသားအားလုံး လြတ္လပ္စြာ ေတြ႕ဆုံခြင့္ေတြအျပင္ လူ႔သက္တမ္းေစ့ေနနိုင္ဖို႔အတြက္ ႀကိဳးပမ္းေနၾကတာပဲ ျဖစ္ပါတယ္။ လူသားေတြရဲ့ တန္ဖိုးရွိတဲ့ဘဝကို ပုံမွန္ျပန္ျဖစ္ေစဖို႔အတြက္ ေမတၱာ တရားႀကီးမားစြာျဖင့္ စည္းစည္းလုံးလုံး လက္တြဲပူးေပါင္း ရင္ဆိုင္သြားရမွာျဖစ္ပါတယ္ 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗪𝗲 𝗙𝗶𝗴𝗵𝘁” လို႔ဆိုပါတယ္။

က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန ရဲ့ လမ္းညႊန္မႈ၊ ဧရာဝတီေဖာင္ေဒးရွင္းရဲ့ဦးေဆာင္မႈျဖင့္ (၇)ရက္အတြင္း အၿပီးတည္ေဆာက္ ခဲ့တဲ့ ကုတင္ (၄၀၀)ေက်ာ္ပါရွိသည့္ Covid-19 ေရာဂါကုသေရး ဌာန (သုဝဏၰ)၊ ဧရာဝတီစင္တာဟာ ၂၀၂၀ခုႏွစ္ စက္တင္ဘာလ ၁၉ရက္ေန႔ ညေနပိုင္းကစၿပီး Positive လူနာမ်ားကို စတင္လက္ခံ ကုသေပးေနတာျဖစ္ပါတယ္။

ဧရာဝတီစင္တာတြင္ စုစုေပါင္း လူဦးေရ (၄၀၀)ေက်ာ္ကို တၿပိဳင္တည္း ထားရွိ ကုသေပးနိုင္မည့္ ကုသေဆာင္မ်ား၊ Intensive Care Unit၊ Duty Room (Control Center)၊ ေဆးပစၥည္းႏွင့္ လိုအပ္ေသာ ပစၥည္းမ်ားအတြက္ Store အေဆာက္အဦး၊ ေရခ်ိဳးခန္းႏွင့္ သန႔္စင္ခန္းမ်ား၊ Examination Room မ်ား၊ Swab Test ရယူမည့္ Protective Chamber မ်ား၊ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ Volunteer မ်ားအတြက္ နားေနေဆာင္မ်ား၊ပါရွိပါတယ္။

အဝတ္ေလၽွာ္စက္ႀကီးမ်ား၊ Locker ႏွင့္ ပိုးသတ္စနစ္ပါဝင္ေသာ PPE အဝတ္လဲခန္းႏွင့္ ေရခ်ိဳးခန္းမ်ား၊ တာဝန္ထမ္းေဆာင္မည့္ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ ေစတနာ့ဝန္ထမ္း (၁၅၀)ခန႔္အတြက္ အေဆာင္ေနရာမ်ား၊ အဝတ္ေလၽွာ္စက္ႀကီးမ်ား၊ CCTV ျဖင့္ ေစာင့္ၾကည့္ေရးစနစ္မ်ား၊ Fire Alarm System ႏွင့္ မီးသတ္ေဆးဘူးမ်ား၊ PA System မ်ား၊ QR Code ျဖင့္ Registration လုပ္နိုင္မည့္စနစ္မ်ား၊ ဆရာဝန္မ်ားႏွင့္ လူနာမ်ား အၾကား Video ျဖင့္ ဆက္သြယ္ရန္ ေနရာမ်ား၊ လၽွပ္စစ္မီး အလုံအေလာက္ ေထာက္ပံ့ေပးနိုင္မည့္ မီးစက္ႀကီးမ်ား၊ အမွိုက္မ်ား စနစ္တက် စြန႔္ပစ္နိုင္မည့္ စနစ္မ်ား၊ ေန႔စဥ္လိုအပ္ေသာ အစားအေသာက္မ်ား ျဖည့္ဆည္း ေဆာင္ရြက္ေပးရန္ ေနရာမ်ား ပါရွိပါတယ္။

ဧရာဝတီ ကိုဗစ် စင်တာမှာ အင်တိုက် အားတိုက် ဝိုင်းဝန်း ကူညီပေး နေတဲ့ ဦးဇော်ဇော် ရဲ့ သမီး ဖြစ်သူ အိမ့်မှူးဇော်

“ဧရာဝတီ ကိုဗစ် စင်တာမှာ အင်တိုက် အားတိုက်ဝိုင်းဝန်း ကူညီပေး နေတဲ့ ဦးဇော်ဇော်ရဲ့ သမီးဖြစ်သူ အိမ့်မှူးဇော်”

မကြာသေးခင်က မှအသက်နှစ်ဆယ်ပြည့် သွားတဲ့ ဦးဇော်ဇော်ရဲ့ သမီးဖြစ်သူ အိမ့်မှူးဇော် ဟာ အခုချိန်မှာ ဖခင် တည်ထောင် လှူတန်းပေးထားတဲ့ ဧရာဝတီကိုဗစ်စင်တာမှာ အစအဆုံး ကူညီလုပ်ကိုင်ပေးနေတာပဲ ဖြစ်ပါတယ်။ ပေါ့စတစ်လူနာလေးရာကျော် ကို ကုသမှုတွေပေးနိုင်မယ့် ကိုဗစ် ရောဂါကုသရေးဌာန(သုဝဏ္ဏ)မှာ စီမံခန့်ခွဲမှု အပိုင်းတွေသာမက လိုအပ်တဲ့ နေရာတိုင်းမှာ ကူညီလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ Rich Kid ဖြစ်တဲ့သူမဟာ အခုလိုမျိုး လူမှုအကျိုးပြု လုပ်ငန်းတွေမှာ အင်တိုက်အားတိုက် စိတ်ရော ကိုယ်ပါ ကူညီဆောင်ရွက်နေ တာကြောင့် လူအများရဲ့ချစ်ခင်မှုတွေကို ပါရထားတာပဲဖြစ်ပါတယ်။ သူမရဲ့ လူူမှုကွန်ရက်စာမျက်နှာကနေတဆင့်လည်း “အတူတကွ အခက်ခဲများကိုကျော်လွှား ကြပါစို့” ဆိုပြီး အားပေးစကားကို တင်ထားပါသေးတယ်။

Rich Kidတစ်ယောက် အနေနဲ့ ကြီးပြင်းလာရပြီး ပရဟိတ အလုပ်တွေ ကို အင်တိုက် အားတိုက်လုပ်ဆောင်နိုင်တယ် ဆိုတာကလည်း ဖခင်ဖြစ်သူရဲ့လေးစား အတုယူဖွယ် စိတ်ဓာတ် တွေကို အားကျအတုယူလို့ ဖြစ်နိုင်တယ်ဆိုပြီးလည်း ဆိုရှယ်မီဒီယာ ထက်မှာ ကောမန့်တွေ ပေးထားကြ ပါတယ်။ မွေခံထိုက်စေသမီးအလိမ္မာလေးလို့လည်း မှတ်ချက်ပြုထားသူတွေ အများကြီးရှိခဲ့ပါတယ်။

ဖခင်ဖြစ်သူဦးဇော်ဇော်ကလည်း “လူသားတန်ဖိုး” ကဘာဆိုတာ၊ သူဘယ်လိုခံယူထားတယ် ဆိုတာကို အခုလို ပြောထားပါသေးတယ်။ “မမျှော်လင့် ဘဲ ကျွန်တော်တို့ရဲ့ ပျော်ရွှင်စရာကမ္ဘာကြီးဟာ ကပ်ရောဂါဆိုးကြောင့် တုံ့ ဆိုင်းသွားပြီး အချိန်နဲ့အမျှ လူ့လောကကို ကျောခိုင်းနေရသူ တွေလည်း ရှိနေပါတယ်။ ကျွန်တော်တို့အားလုံး တက် ညီလက်ညီနဲ့ ကိုဗစ်ကပ်ဆိုးကို တွန်းလှန်နေတာဟာ ရောဂါကာကွယ်ကုသရေး တစ်ခုတည်း အတွက်မ ဟုတ်ပါဘူး။လူသားတွေရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ၊ လုပ်ငန်းတွေ ပုံမှန်လည်ပတ်ဖို့နဲ့ အလုပ်အကိုင် အခွင့်အ လမ်းတွေ၊ လူငယ်တွေအတွက် ပျော်ရွှင်စရာတွေနဲ့ လေ့လာသင်ကြားရမယ့် အချိန်တွေ၊ လူသားအားလုံး လွတ်လပ်စွာ တွေ့ဆုံခွင့်တွေအပြင် လူ့သက်တမ်းစေ့နေနိုင်ဖို့အတွက် ကြိုးပမ်းနေကြတာပဲ ဖြစ်ပါတယ်။ လူသားတွေရဲ့ တန်ဖိုးရှိတဲ့ဘဝကို ပုံမှန်ပြန်ဖြစ်စေဖို့အတွက် မေတ္တာ တရားကြီးမားစွာဖြင့် စည်းစည်းလုံးလုံး လက်တွဲပူးပေါင်း ရင်ဆိုင်သွားရမှာဖြစ်ပါတယ် 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗪𝗲 𝗙𝗶𝗴𝗵𝘁” လို့ဆိုပါတယ်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ရဲ့ လမ်းညွှန်မှု၊ ဧရာဝတီဖောင်ဒေးရှင်းရဲ့ဦးဆောင်မှုဖြင့် (၇)ရက်အတွင်း အပြီးတည်ဆောက် ခဲ့တဲ့ ကုတင် (၄၀၀)ကျော်ပါရှိသည့် Covid-19 ရောဂါကုသရေး ဌာန (သုဝဏ္ဏ)၊ ဧရာဝတီစင်တာဟာ ၂၀၂ဝခုနှစ် စက်တင်ဘာလ ၁၉ရက်နေ့ ညနေပိုင်းကစပြီး Positive လူနာများကို စတင်လက်ခံ ကုသပေးနေတာဖြစ်ပါတယ်။

ဧရာဝတီစင်တာတွင် စုစုပေါင်း လူဦးရေ (၄၀၀)ကျော်ကို တပြိုင်တည်း ထားရှိ ကုသပေးနိုင်မည့် ကုသဆောင်များ၊ Intensive Care Unit၊ Duty Room (Control Center)၊ ဆေးပစ္စည်းနှင့် လိုအပ်သော ပစ္စည်းများအတွက် Store အဆောက်အဦး၊ ရေချိုးခန်းနှင့် သန့်စင်ခန်းများ၊ Examination Room များ၊ Swab Test ရယူမည့် Protective Chamber များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအတွက် နားနေဆောင်များ၊ပါရှိပါတယ်။

အဝတ်လျှော်စက်ကြီးများ၊ Locker နှင့် ပိုးသတ်စနစ်ပါဝင်သော PPE အဝတ်လဲခန်းနှင့် ရေချိုးခန်းများ၊ တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (၁၅၀)ခန့်အတွက် အဆောင်နေရာများ၊ အဝတ်လျှော်စက်ကြီးများ၊ CCTV ဖြင့် စောင့်ကြည့်ရေးစနစ်များ၊ Fire Alarm System နှင့် မီးသတ်ဆေးဘူးများ၊ PA System များ၊ QR Code ဖြင့် Registration လုပ်နိုင်မည့်စနစ်များ၊ ဆရာဝန်များနှင့် လူနာများ အကြား Video ဖြင့် ဆက်သွယ်ရန် နေရာများ၊ လျှပ်စစ်မီး အလုံအလောက် ထောက်ပံ့ပေးနိုင်မည့် မီးစက်ကြီးများ၊ အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်မည့် စနစ်များ၊ နေ့စဉ်လိုအပ်သော အစားအသောက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် နေရာများ ပါရှိပါတယ်။

About the author

Ms Cele

Leave a Comment