Celebrity

ဧရာဝတီ ကိုဗစ္ စင္တာ အတြက္ ေငြက်ပ္ သိန္း (၁၀၀) လွဴဒါန္း ခဲ့တဲ့ Ah Boy နဲ့ ျမတ္ရတနာေက်ာ္ တို့ မိသားစု

Written by Ms Cele

ဧရာဝတီ ကိုဗစ္ စင္တာ အတြက္ ေငြက်ပ္ သိန္း (၁၀၀) လွဴဒါန္း ခဲ့တဲ့ Ah Boy နဲ့ ျမတ္ရတနာေက်ာ္ တို့ မိသားစု

နိုင္ငံေက်ာ္ အနုပညာရွင္ ဇနီးေမာင္နွံေတြ ထဲက အပါအဝင္ ျဖစ္တဲ့ အဆိုေတာ္ Ah Boy နဲ့ သရုပ္ေဆာင္ ျမတ္ရတနာေက်ာ္ တို့ ဇနီးေမာင္နွံကို ပရိသတ္ၾကီးအားလံုး ၾကိဳက္နွစ္သက္ အားေပးျပီးသား ျဖစ္မွာပါ။ Ah Boy နဲ့ ျမတ္ရတနာေက်ာ္ တို့ ဇနီးေမာင္နွံကေတာ့ အသက္အရြယ္ ကြာဟမႈ ရိွေပမယ့္ တစ္ေယာက္နဲ့တစ္ေယာက္ နားလည္ၾကင္နာမႈ ေတြအျပည့္နဲ့ ေရႊလက္တြဲလာခဲ့တာ အခုဆိုရင္ သမီးေလး တစ္ေယာက္ကိုေတာင္ ပိုင္ဆိုင္ထားျပီ ျဖစ္ပါတယ္။ ျမတ္ရတနာေက်ာ္ ကလည္း သမီးေလးတစ္ဖက္နဲ့ အနုပညာ အလုပ္ေတြကို အခ်ိန္ေပးလုပ္ကိုင္ေနသလို Ah Boy ကလည္း စီးပြားေရးလုပ္ငန္းေတြ တစ္ဖက္နဲ့ အနုပညာအလုပ္ ေတြကို ျပန္လည္လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။

ဒီကေန့ မွာေတာ့ Ah Boy က သူတုိ့ မိသားစုပိုင္ ကုမၸဏီနာမည္နဲ့ ကိုဗစ္စင္တာ အတြက္ ေငြက်ပ္ သိန္း (၁၀၀) လွဴဒါန္းခဲ့ေၾကာင္း ေျပာျပ လာပါတယ္။ Ah Boy က “မႏၲေလးမွာဒီရက္ပိုင္း အတြင္းဖြင့္လွစ္ လိုက္တဲ့ ဧရာဝတီစင္တာ အတြက္ ကြၽန္ေတာ္တို႔ Southern Myanmar Development – SMD Company အေနနဲ႔ ေငြက်ပ္ သိန္း (၁၀၀) လႉဒါန္းျဖစ္ခဲ့ ပါတယ္။ ဒီလိုခ်ိန္မွာ ဒီလို Center ေတြ အတြက္ တတ္ႏိုင္တဲ့ဖက္ကေန အုတ္တစ္ခ်ပ္ သဲတစ္ပြင့္အေနနဲ႔ ပါဝင္ခြင့္ရတဲ့ အတြက္ ကြၽန္ေတာ္တို႔ အရမ္းကို ေက်နပ္ပီတိျဖစ္ ခဲ့ရပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ OTD ပရိသတ္ ေတြလည္း ကြၽန္ေတာ္တို႔နဲ႔အတူ သာဓုေခၚႏိုင္ၾကပါေစခင္ဗ်ာ။ အားလုံးပဲ က်န္းမာခ်မ္းသာၾကၿပီး ကပ္ဆိုးႀကီးေဘးမွကင္းလြတ္ႏိုင္ၾကပါေစလို႔လည္း တူတူဆုေတာင္းလိုက္ၾကရေအာင္… 🙏” ဆိုျပီး သူ့ရဲ့ Our Travel Diaries ေပ့ခ်္ကေနျပီး ပီတိမွ်ေဝေပးလာတာပဲ ျဖစ္ပါတယ္။

Ah Boy ကေတာ့ သူတို့မိသားစု ပိုင္ ကုမၸဏီနာမည္နဲ့ လက္ရိွ တစ္နိုင္ငံလံုး ခံစားေန ရတဲ့ Covid-19 ထိန္းခ်ဳပ္ကာကြယ္ ကုသေရးလုပ္ငန္းစဥ္ မ်ားအတြက္ လွဴဒါန္းေပးခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီး လည္း Ah Boy တို့မိသားစုရဲ့ ကုသုိလ္ အလွဴေလးေၾကာင့္ ထပ္တူပီတိျဖစ္ ဝမ္းသာေနၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

ဧရာဝတီ ကိုဗစ် စင်တာ အတွက် ငွေကျပ် သိန်း (၁၀၀) လှူဒါန်း ခဲ့တဲ့ Ah Boy နဲ့ မြတ်ရတနာကျော် တို့ မိသားစု

နိုင်ငံကျော် အနုပညာရှင် ဇနီးမောင်နှံတွေ ထဲက အပါအဝင် ဖြစ်တဲ့ အဆိုတော် Ah Boy နဲ့ သရုပ်ဆောင် မြတ်ရတနာကျော် တို့ ဇနီးမောင်နှံကို ပရိသတ်ကြီးအားလုံး ကြိုက်နှစ်သက် အားပေးပြီးသား ဖြစ်မှာပါ။ Ah Boy နဲ့ မြတ်ရတနာကျော် တို့ ဇနီးမောင်နှံကတော့ အသက်အရွယ် ကွာဟမှု ရှိပေမယ့် တစ်ယောက်နဲ့တစ်ယောက် နားလည်ကြင်နာမှု တွေအပြည့်နဲ့ ရွှေလက်တွဲလာခဲ့တာ အခုဆိုရင် သမီးလေး တစ်ယောက်ကိုတောင် ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ မြတ်ရတနာကျော် ကလည်း သမီးလေးတစ်ဖက်နဲ့ အနုပညာ အလုပ်တွေကို အချိန်ပေးလုပ်ကိုင်နေသလို Ah Boy ကလည်း စီးပွားရေးလုပ်ငန်းတွေ တစ်ဖက်နဲ့ အနုပညာအလုပ် တွေကို ပြန်လည်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ မှာတော့ Ah Boy က သူတို့ မိသားစုပိုင် ကုမ္ပဏီနာမည်နဲ့ ကိုဗစ်စင်တာ အတွက် ငွေကျပ် သိန်း (၁၀၀) လှူဒါန်းခဲ့ကြောင်း ပြောပြ လာပါတယ်။ Ah Boy က “မန္တလေးမှာဒီရက်ပိုင်း အတွင်းဖွင့်လှစ် လိုက်တဲ့ ဧရာဝတီစင်တာ အတွက် ကျွန်တော်တို့ Southern Myanmar Development – SMD Company အနေနဲ့ ငွေကျပ် သိန်း (၁၀၀) လှူဒါန်းဖြစ်ခဲ့ ပါတယ်။ ဒီလိုချိန်မှာ ဒီလို Center တွေ အတွက် တတ်နိုင်တဲ့ဖက်ကနေ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်ခွင့်ရတဲ့ အတွက် ကျွန်တော်တို့ အရမ်းကို ကျေနပ်ပီတိဖြစ် ခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ OTD ပရိသတ် တွေလည်း ကျွန်တော်တို့နဲ့အတူ သာဓုခေါ်နိုင်ကြပါစေခင်ဗျာ။ အားလုံးပဲ ကျန်းမာချမ်းသာကြပြီး ကပ်ဆိုးကြီးဘေးမှကင်းလွတ်နိုင်ကြပါစေလို့လည်း တူတူဆုတောင်းလိုက်ကြရအောင်… 🙏” ဆိုပြီး သူ့ရဲ့ Our Travel Diaries ပေ့ချ်ကနေပြီး ပီတိမျှဝေပေးလာတာပဲ ဖြစ်ပါတယ်။

Ah Boy ကတော့ သူတို့မိသားစု ပိုင် ကုမ္ပဏီနာမည်နဲ့ လက်ရှိ တစ်နိုင်ငံလုံး ခံစားနေ ရတဲ့ Covid-19 ထိန်းချုပ်ကာကွယ် ကုသရေးလုပ်ငန်းစဉ် များအတွက် လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း Ah Boy တို့မိသားစုရဲ့ ကုသိုလ် အလှူလေးကြောင့် ထပ်တူပီတိဖြစ် ဝမ်းသာနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment