Celebrity

(ဧပြီ ၁၇ ရက်) မနက် ၇နာရီအချိန်ခန့်က ဖမ်းဆီးခံလိုက်ရတဲ့ ခီမောင်နှံ ပြန်လည်လွတ်မြောက်လာတဲ့ အကြောင်းအရင်း

Written by Ms Cele

(ဧပြီ ၁၇ ရက်) မနက် ၇နာရီအချိန်ခန့်က ဖမ်းဆီးခံလိုက်ရတဲ့ ခီမောင်နှံ ပြန်လည်လွတ်မြောက်လာတဲ့ အကြောင်းအရင်း




crd

(ဧပြီ ၁၇ ရက်) မနက် ရနာရီအချိန်ခန့်က ဖမ်းဆီးခံလိုက်ရတဲ့ ခီမောင်နှံ ပြန်လည်လွတ်မြောက်လာတဲ့ အကြောင်းအရင်း

ပရိသတ်ကြီးရေ ဇဏ်ခီတို့ဇနီးမောင်နှံ ကတော့ အနုပညာ အလုပ်တွေကို အတူတကွလုပ် ကိုင်နေကြတဲ့အပြင် ပရဟိတ အလုပ်တွေကိုလည်း စိတ်တူကိုယ်တူနဲ့ လုပ်ဆောင်နေတဲ့ ပြည်သူချစ်အနုပညာရှင် တွေပဲဖြစ်ပါတယ်။သူတို့ဇနီးမောင်နှံကတော့ သာယာပျော်ရွှင် စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားနိုင်ပြီး ချစ်စရာကောင်းတဲ့ သားလေး တစ်ယောက်လည်း ပိုင်ဆိုင်ထားသူတွေဖြစ်ကြပါတယ်။

ယနေ့ ဧပြီလ ၁၇ ရက်၊နှစ်ဆန်း ၁ ရက်နေ့တွင် သရုပ်ဆောင် မင်းသား ဇဏ်ခီ နှင့် ဒါရိုက်တာ ခရစ္စတီးနားခီတို့ ခီမောင်နှံ မိသားစုကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အရပ်ဝတ်လူတစ်စုမှ ဖမ်းဆီးခေါ် ဆောင်သွားကြောင်း ကနဦးသတင်းရရှိထားပြီး ယခု အခါမှတော့ သရုပ်ဆောင် မင်းသား ဇဏ်ခီ နှင့် ဒါရိုက်တာ ခရစ္စတီးနားခီတို့ ခီမောင်နှံ ပြန် လွှတ် မြောက်လာပြီဖြစ်ကြောင်းသိရှိရပါတယ်။

ဇာဏ်ခီ၊ ခရစ္စတီနားခီ၊ ၎င်းတို့ရဲ့ သားဖြစ်သူနဲ့ နောက်ထပ် အမျိုးသမီးတစ်ဦးအပါအဝင် လေးဦးဟာ ရန်ကုန်က နေ ဘန်ကောက်ကို ဒီနေ့ မနက် ၇ နာရီ မိနစ် ၄၀ မှာ ထွက်ခွာမယ့် MAI လေကြောင်းလိုင်း လေယာဉ်အမှတ် 8M 335 (Relief Flight) နဲ့လိုက်ပါဖို့ ရန်ကုန်လေဆိပ်ကို ရောက်ရှိနေချိန်မှာ ခုလို ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

crd

About the author

Ms Cele

Leave a Comment