Celebrity


Written by Ms Cele






ကောင်မလေး တစ်ယောက်နဲ့ ကြည်နူးနေတဲ့ ပုံတွေကို ချပြလာတဲ့ မိုးအောင်ရင်

အဆိုတော် အောင်ရင်ရဲ့ သားကြီး မိုးအောင်ရင် ကတော့ ဂီတကိုဝါသနာမပါပဲ သရုပ်ဆောင် တစ်ယောက်အဖြစ်သာ အနုပညာ နယ်ပယ်မှာ ကျင်လည်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်ယ။ မိုးအောင်ရင်ကတော့ သူ့ရဲ့ လှုမှုရေးပြဿနာ တစ်ခုကြောင့် ပရိသတ်တွေနဲ့ ခဏတာ အဆက်အသွယ် ပြတ်တောက်သွားပြီး နောက်ပိုင်းမှာတော့ အရင်အတိုင်း အနုပညာ အလုပ်တွေကို ပြန်လည်လုပ်ကိုင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မိုးအောင်ရင်တစ်ယောက် ဒုတိယအကြိမ် အနုပညာလောကထဲကို ဝင်ရောက်လာ ချိန်မှာလည်း သူ့ရဲ့ အနုပညာအလုပ်တွေကို အရင်အတိုင်း အချစ်မလျော့ပဲ အားပေးနေကြဆဲ ဖြစ်ပါတယ်။

ပရိသတ်တွေကို အံ့သြလောက်စရာ ဓာတ်ပုံတွေကို မကြာခဏမျှဝေပေးလေ့ရှိတဲ့ မိုးအောင်ရင်က ဒီကနေ့ မှာတော့ လုံးဝ အံ့သြလောက်စေတဲ့ ဓာတ်ပုံတွေကို ချပြလာခဲ့ပြန်ပါတယ်။ အဲ့ဒါကတော့ မိုးအောင်ရင် က ကောင်မလေး တစ်ယောက်နဲ့ ကြည်နူးနေတဲ့ဓာတ်ပုံတွေကို ချပြပြီး “Marry ခရစ်စမတ်.. အအေးချမ်းဆုံး ဒီဇင်ဘာလလေးဖြစ်ပါစေ။ ပြီးတော့ ကျွန်တော့်ရဲ့ အချစ်နဲ့ နွေးထွေးပါစေ.. ❤ ခရစ်စမတ်မှာ သင်ချစ်ရတဲ့ သူတွေနဲ့ ပျော်ရွှင်စွာနေပါ..” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

မိုးအောင်ရင်ကတော့ မိန်းကလေး တစ်ယောက်ရဲ့ ဓာတ်ပုံလေးနဲ့ ပရိသတ်တွေ အံ့သြရအောင် ပြုလုပ် ခဲ့တာပဲ ဖြစ်ပါတယ်။ ဓာတ်ပုံထဲက မိန်းကလေးက ဘယ်သူများဖြစ်မလဲ ဆိုတာ ပရိသတ်ကြီး လည်း သိချင်နေကြမယ် ထင်ပါ တယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment