Celebrity


Written by Ms Cele





Credit:Swelsone News

ကောင်းကျိုးပေးတဲ့ သမီးငယ်လေးကြောင့် ကိုယ်ပိုင်ခြံနဲ့တိုက် လေးကိုပါ ပိုင်ဆိုင်ခဲ့ ရတယ်ဆိုတဲ့ အိအိတုန်

ပရိသတ်ကြီးရေ…..ဇာတ်ပို့သရုပ်ဆောင် တစ်ယောက် အနေနဲ့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား တွေမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ အိအိတုန်ကို သိကြမယ် ထင်ပါတယ်နော်။ သူမဟာ အနုပညာလောက မှာ အချိန်အတော်ကြာ ရပ်တည် အောင်မြင် ခဲ့တာဖြစ်ပြီး ပရိသတ်တွေနဲ ့ရင်းနှီးပြီးသားဖြစ်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ် ပါတယ်။ အခုလက်ရှိ မှာတော့ အိအိတုန်ဟာ online shoppingလုပ် နေတာဖြစ်ပြီး စီးပွားရေး ဘက်ကိုအာရုံစိုက် လုပ်ကိုင်နေတာဖြစ်ပါတယ်နော်။

အိအိတုန်ဟာ အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့ပေမယ့် ပရိသတ်တွေက သူမကို အချစ်မလျော့ပဲ ချစ်ခင်အားပေးနေကြတာပါ။ အခုဆိုရင်လည်း အိတုန်ဟာ ကြည်နူးချမ်းမြေ့ဖွယ်မိသားစုဘဝလေးကို တည်ထောင် ထားတာဖြစ်ပြီး ချစ်စရာသမီးလေး တစ်ယောက်အပြင် ဒုတိယမြောက် သမီးငယ်လေးကိုပါ မနေ့ကမွေးဖွားခဲ့တာဖြစ်ပါတယ်နော်…..။

မကြာသေးမီ ကတော့ အိတုန်ဟာ သူမရဲ့Facebookစာမျက်နှာမှာ “ချစ်သမီးအငယ်ဆုံး ရတနာလေးချစ်ဖေချစ်မေချစ်မမတို့ ဘဝထဲကိုအကောင်းတွေကြီးဘဲ ယူလာပေးတဲ့ ချစ်သမီးမေမေ ရည်မှန်းချက်ဖြစ်တဲ့ မိသားစုလေး အိုးပိုင်အိမ်ပိုင် နေချင်တဲ့ ဆန္ဒကိုယ်ခြံကိုယ်ဝန်းလေးနဲ့ ကိုယ်ပိုင်အိမ်လေးနဲ့ နေချင်ခဲ့တဲ့ ဆန္ဒတွေ ချစ်သမီးလေးမမွေးခင်မှာ အားလုံးပြည့်ဝ ခဲ့တယ် ဗိုက်စကြီးထဲကရော အမေအပေါ်ကောင်းခြင်းတွေဘဲပေးခဲ့လို ့ကျေးဇူးအများကြီးပါ ချစ်သမီးလေးရော သမီးကြီးရောသမီးငယ်လေးရော ကမေမေအတွက် အဖိုးမဖြတ်နိုင်သော ရတနာနှစ်ယောက် ချစ်တယ် မေမေသည်း ကျော်လေးနှစ်ယောက်…..” ဆိုပြီးရေးသားထားပါတယ်။ ကဲ….ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေး လိုက်ပါ တယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment