Celebrity
Written by Ms Cele
Credit
ကောလဟာလသတင်းတွေ ပြန်နှံ့နေတဲ့အပေါ် ပြတ်ပြတ်သားသားပြန်လည် ဖြေရှင်းလာတဲ့ အဆိုတော်ဟဲလေး
ပရိတ်သတ်ကြီးရေ… ဂီတလောကမှာ တေးသီချင်းပေါင်း များစွာကို ဆယ်စုနှစ် နှစ်စုတိုင်အောင် ကိုယ်တိုင်ဖန်တီးရေးသား သီဆိုနေတဲ့ အဆိုတော်ဟဲလေး ဟာဆိုရင် ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝသိမ်းပိုက်ရရှိ ထားတာပဲဖြစ်ပါတယ်နော်..။ ဟဲလေးဟာဆိုရင် သူချစ်ရတဲ့ ပရိတ်သတ်တွေအပေါ် တလေးတစားဆက်ဆံ တတ်တဲ့အပြင် လူတိုင်းကိုလည်း ကူညီချင်စိတ်ရှိသူ တစ်ဦးဖြစ်တဲ့အပြင် ဘာသာတရားကိုလည်း ရိုသေကိုင်းရှိုင်းသူလည်းဖြစ်ပါတယ်။ ဒါအပြင်အခုလတ်တလောမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာဆိုရင်လည်း မြန်မာပြည်ကြီး အမြန်ဆုံးပြန်လည်ငြိမ်းချမ်းစေရန် ဆုတောင်းပေးနေ တာလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ ဟဲလေးနဲ့ပတ်သက်ပြီး ကောလဟာလသတင်းတွေ ပြန်နှံ့နေတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ၂၀၂၁ သင်္ကြန်ဖျော်ဖြေပွဲ တစ်ခုသို့ သွားရောက်ခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်က ဟဲလေးရဲ့ လူမှု ကွန်ယက် စာ မျက်နှာတွင် သင်္ကြန်တစ်တွင်းလုံး အိမ်ထဲကနေအပြင် တောင်မထွက်တဲ့အပြင် အခုကြားနေရတဲ့ သတင်းတွေ မဟုတ်မှန်ကြောင်းကိုပြန် လည်ဖြေရှင်းထားတာ ဖြစ်ပါတယ်။
” ကျွန်တော်အများကြီးသည်းခံ ခဲ့ပါတယ် တော်တော်များလာလို့ပါ😔 Please🙏ဟဲလေးနည်းနည်းရင်ဖွင့် ပါရစေဘယ့်နှယ်ဗျာ..2021သင်္ကြန် တစ်တွင်းလုံး အိမ်ထဲကအိမ်ပြင်တောင်မထွက်ခဲ့တဲ့ ကျွန်တော့်ကိုမှ..ဘယ်သတ္တဝါကလက် သရမ်းပြီး နာမည် စာရင်းထဲ ထည့်လိုက်တာတုန်း ခုလိုချိန်မျိုးမှာ သူတစ်ပါး နစ်နာအောင် မလုပ်ပါနဲ့..ပိုမလုပ်ကြပါနဲ့အမှန်တရားကိုချစ်ရင်..ကျွန်တော့်ကိုမှားပြီးစွပ်စွဲခံခဲ့ရတာကို..အမှန်တရားဖြစ်အောင်ပြန်ပြုပြင်ကူညီပေးကြရင်ပိုမ ကောင်းဘူး လားဗျာ..❣ ချင့်ချိန်ယုံပေးကြပါ 2021သင်္ကြန်မှာ ကျွန်တော်ဘယ်နေရာမှာမှသီချင်းမဆိုခဲ့တာ ကိုယ့်ကိုယ်ကို 100%အာမခံပါတယ်ဗျ ရမ်းမတုတ်ကြ ပါ နဲ့ .ရောမကြိတ်ကြပါနဲ့ Please..ချောက်ထဲကိုတွန်းမပို့ကြပါနဲ့
အမှန်တကယ်သာသွား ပြီး…ကျွန်တော် သီချင်းဆိုခဲ့ ရင်.. သက်သေနှင့်တကွ ပုံနှင့်တကွတက် လာမှာ ဘဲလေ👍 တစ်ခုတော့ ရှိတာပေါ့….ပုံ ဟောင်း တွေနဲ့ ရောကြိတ်တာ…ရောကြိတ်ခံရတဲ့ ပုံလေးကလည်း ဆံပင်လေးကို နဖူးလေးပေါ်ဝဲလို့ ၂၀၂၁ မှာ ကျွန်တော့်မှာဆံပင်မရှိတော့ ဘူးလေ😍 ဂီတလောကမှ နာမည်တစ်လုံးကိုအနှစ်၂၀ ကျော်အေးချမ်း စွာနဲ့အမှား ကင်းအောင် တည်ဆောက်ထိန်းသိမ်းခဲ့ရတာပါ… အထင်မမှားကြ ပါနဲ့ကိုယ်ချင်း စာ ပေးပါဗျာ…မဟုတ်ပဲနဲ့ခံရတဲ့သူတွေမှာ အရမ်းကိုနစ်နာလှပါတယ်..အရမ်းနာကျင်ရပါတယ်..အရမ်းဆုံးရှုံးရပါတယ်🙏 ထပ်ပြော ချင် ပါသေး တယ်ဗျာ..2021သင်္ကြန် ဘယ်နေရာမှာမှ ကျွန်တော် ဟဲလေး သီချင်းမဆိုခဲ့ပါဘူး နောက်ဘယ်တော့မှဒီကိစ္စထပ်မရှင်း တော့ဘူး နော်🥰အချိန်နဲ့အမှန် တရား ကစကားပြောပါလိမ့်မယ် အားလုံးကိုကျေးဇူးအများကြီးတင်ပါ တယ်ကျွန်တော်ချစ်ခင် တန်ဖိုးထား တဲ့ ပရိသတ်များ.. သူငယ်ချင်း မိတ် ဆွေအပေါင်းများခင်ဗျကျွန်တော်ရင်ဖွင့် တာလေးစိတ်ရှည်လက်ရှည်ဖတ်ပေးကြလို့….ကျေးဇူးအမှည့်ကြီးပါဗျာ🥰🙏)” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ် တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီါ်ကို အထူးပဲကျေးဇူးတင်ရှိပါတယ်။
Source and Photo Crd-Naing Lin Aung’s Facebook Account
Credit
About the author
Ms Cele
Leave a Comment