Celebrity


Written by Ms Cele





Writer: Thin Wai

ကော်ဖီ ကြော်ငြာလေး တစ်ခုကို ချစ်စရာ အမူ အရာလေးနဲ့ ကြော်ငြာပြ လိုက်တဲ့ ဆောင်းယွန်းစံ

ပရိသတ်ကြီးရေ တက်သစ်စ မင်းသမီးလေး ဆောင်းယွန်းစံ ကတော့ ချစ်စရာအမူအရာလေးနဲ့ ကော်ဖီကြော်ငြာလေး တစ်ခုကို ကြော်ငြာပြထားတာပဲ ဖြစ်ပါတယ်။ ဆောင်းယွန်းစံဟာ ရိုးသားပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ အပြင် အလှူအတန်းနဲ့ ပရဟိတလုပ်ငန်းတွေ မှာလည်း ပါဝင်ကူညီဆောင်ရွက်တတ် ပါသေးတယ်။ မကြာသေးခင်က နေဒွေးနဲ့ သံစဉ်မောင်တို့ ကိစ္စနဲ့ ပတ်သက်ပြီး သူမကိုဝေဖန်ပြောဆိုခံနေရတာ ကိုလည်း Liveလွှင့်ပြီး ဖြေရှင်းထား ပါသေးတယ်နော်။

ဆောင်းယွန်းစံဟာ စိတ်ထားကောင်းပြီး မည်သူ့ကိုမဆို အကောင်း အဆိုးဝေဖန် တတ်တဲ့ သူမျိုးမဟုတ်ပါဘူး။သူမဟာ အေးဆေး တည်ငြိမ်ပြီး အနုပညာ လုပ်ငန်းတွေကို လုပ်ကိုင်နေတာ ပဲဖြစ်ပါတယ်။ရိုးရိုးယဉ်ယဉ် ဖက်ရှင်လေးတွေကို ဝတ်ဆင်ပြီးလည်း သူ့ရဲ့လှုပ်ရှားမှု ပုံရိပ်လေးတွေ ကို လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြလေ့ရှိပါတယ်။

အကယ်ဒမီရွှေကြို တစ်ယောက်ဖြစ်တဲ့ အပြင် ဗီဒီယိုဇာတ်ကားတွေနဲ့ ကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူးပေးနေတာကိုလည်း တွေ့ရပါတယ်။ဆောင်းယွန်းစံရဲ့ ချစ်စရာကောင်းတဲ့ ကော်ဖီကြော်ငြာ ထားတဲ့ ပုံလေးတွေကို ပရိသတ်ကြီးကို ကြည့်ရှုဖို့ မျှဝေပေးလိုက် ပါတယ်နော်။

Source & Photo Credit- Saung Yoon San
Writer: Thin Wai

About the author

Ms Cele

Leave a Comment