Celebrity


Written by Ms Cele





Credit:Cele Zone
Photo – Nay Dway

ကျောက်ကပ်ဆေးဖို့ အခက်အခဲဖြစ်နေတဲ့ ကလေးအတွက် အလှူငွေများသွားရောက်လှူဒါန်းခဲ့တဲ့ နေဒွေး

မင်းသား နေဒွေး ကတော့ အနုပညာပိုင်းမှာ အောင်မြင်စွာ ရပ်တည်နေသလို စီးပွားရေးဘက် မှာလည်း ဆန်လုပ်ငန်းကို တစိုက်မတ်မတ် လုပ်ဆောင်နေပြီး အောင်မြင်မှုတွေ ရရှိထားသူပဲ ဖြစ်ပါတယ်။နေဒွေးကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ လည်း ပြည်သူတွေနဲ့ အတူ ရပ်တည်ကာ အလှူလေးတွေနဲ့ ပါဝင်ခဲ့ပါတယ် ။

အခက်အခဲ တွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရပြီး စားဝတ်နေရေး အဆင်မပြေဖြစ် နေကြတဲ့ ပြည်သူ ပရိသတ်တွေ အတွက် လှူဒါန်းမှုတွေ ပြုလုပ်နေတာ ကိုလည်း မကြာခဏတွေ့ရပါတယ်။ အခုလည်း အောင်ပန်းကနေ ကျောက်ကပ် လာလာဆေးနေရတဲ့ (၁၄) နှစ်အရွယ် ကလေးငယ်လေးအတွက် လိုအပ်နေတဲ့ ဆေးဖိုးများကို သူကိုယ်တိုင်လည်းထည့်ဝင် လှူဒါန်းသလို ပါဝင်ကုသိုလ်ယူချင်သူများ အတွက်လည်း ခုလို ပို့စ်လေးတင်ကာ ဖော်ပြခဲ့ပါတယ် ။

” ဒီကောင်လေး အသက်က ၁၄နှစ်ပဲရှိပါသေးတယ် ခင်ဗျ။ အောင်ပန်းကနေ ကျောက်ကပ် လာဆေး နေရတာပါ။တစ်ပတ်ကို ၂ခါဆေးရပါတယ် တခါဆေးရင် ငါးသောင်းလောက်ကုန်တယ် ခုစားဝတ်နေရေးကလဲ အဆင်မပြေ အိမ်ကလဲငှားနေ နေရတော့သူ့အမေက ခလေးကို ကျောက်ကပ်မဆေးပေးနိုင်ပဲ တော်တော်ဒုက္ခ ရောက်နေလို့ ကျွန်တော့်ကိုအကူအညီ လာတောင်းတော့ တကယ်အစစ်အမှန်မို့ ကျွန်တော်လဲ အလှုငွေထည့်ပြီး ချစ်တဲ့ပရိသတ်များလည်း နည်းများမဆို လှုနိုင်ပါတယ်ဗျ အခုလာမဲ့ စနေနေ့ သွားလှုမှာမို့ အောက်က K PAY အကောင့်ထဲထည့်ဝင်လှုနိုင်ပါတယ်ခင်ဗျ အလှုငွေထည့်ပီးရင် စလစ်လေးတွေ cb ကနေပြန်ပို့ပေးကြပါဗျ။ ” ဆိုပြီး ရေးသားဖော်ပြထားရာ ပရိသတ်ကြီးလည်း ပါဝင် ကုသိုလ် ပြုနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Credit:Cele Zone
Photo – Nay Dway

About the author

Ms Cele

Leave a Comment