Celebrity

ေက်ာက္ေျမာင္း မွာ ဖရဲသီး ေရာင္း ေနတဲ့ အသက္ (၇၇)ႏွစ္ အရြယ္ အဘြားၿမိဳင္ ဆီက အသီးေတြ သြားေရာက္ အားေပး ခဲ့တဲ့ ေဘဘီေမာင္

Written by Ms Cele

ေက်ာက္ေျမာင္း မွာ ဖရဲသီး ေရာင္း ေနတဲ့ အသက္ (၇၇)ႏွစ္ အရြယ္ အဘြားၿမိဳင္ ဆီက အသီးေတြ သြားေရာက္ အားေပး ခဲ့တဲ့ ေဘဘီေမာင္

ပရိသတ္ အခ်စ္ေတာ္ မင္းသမီးေခ်ာေလး ေဘဘီေမာင္ ကေတာ့ အလႉ အတန္း ရက္ေရာၿပီး အားနည္းသူ ေတြကို ကူညီတတ္တဲ့ အႏုပညာရွင္ တစ္ေယာက္လို႔ ဆိုရမွာပါ ။ မၾကာေသးမီ ကလည္း ေလျဖတ္ၿပီး ဘဝကို ခက္ခဲပင္ပန္းစြာ ႐ုန္းကန္ ေနရတဲ့ လူၾကမ္း မင္းသား အဘဦးတင္ေမာင္ကို အလႉေငြ (၁၃)သိန္းက်ပ္ တိတိ သြားေရာက္လႉဒါန္း ကန္ေတာ့ခဲ့ပါေသးတယ္ ။ လတ္တေလာ မွာလည္း သူမရဲ့ တစ္ေန႔တာ ကုသိုလ္ေလးကို ပရိသတ္ေတြကို မၽွေဝလာျပန္ပါၿပီ ။

အသက္ (၇၇) ႏွစ္အရြယ္ ဘြားဘြားၿမိဳင္ ဟာ လြန္ခဲ့တဲ့ (၇) ႏွစ္ေလာက္ထဲက ေက်ာက္ေျမာင္းထဲမွာ ဖရဲသီး ဗန္းေလးေခါင္းေပၚတင္ၿပီး တစ္လမ္းဝင္ တစ္လမ္းထြက္ၿပီး လိုက္ေရာင္းခဲ့တာျဖစ္ၿပီး အဘြား ကိုေတြ႕တိုင္း ေဘဘီ တစ္ေယာက္ ဖရဲသီးေတြ အကုန္ဝယ္ၿပီးအားေပးေနၾက ဆိုေပမယ့္ ခုေဘဘီကအိမ္ေျပာင္းသြားလို႔ မေတြ႕ျဖစ္တာ (၁) ႏွစ္ေလာက္ရွိခဲ့ၿပီလို႔ သိရပါတယ္ ။ ဆယ္လီကမၻာက ေနတဆင့္ အဘြားရဲ့ ပုံေလးကိုေတြ႕ၿပီး ဒီေန႔မွာ အဘြားဆီသြားေရာက္ၿပီး အသီးေတြ ဝယ္ပီးအားေပးခဲ့ပါတယ္တဲ့ ပရိသတ္ႀကီးေရ ..။

အရင္လိုက်န္းမာေရး သိပ္မေကာင္းေတာ့တဲ့ အျပင္ ခုလိုေရာဂါပိုးေတြ ျဖစ္ေနခ်ိန္ အလုပ္ကလည္း အဆင္မေျပျဖစ္ေနတဲ့ အဘြားကိုေတြ႕ရင္ အသီးေလးေတြ ဝယ္ၿပီးအားေပးကုသိုလ္ ယူေပးၾကပါလို႔ ေဘဘီက ပရိသတ္ေတြကို တိုက္တြန္းစကားဆို ခဲ့ပါေသးတယ္ ။ အဘြားၿမိဳင္က က်ာက္ေျမာင္း မွတ္တိုင္ KBZ Bankေဘးကလမ္းၾကားမွာ အျမဲရွိတတ္တဲ့အတြက္ ပရိသတ္ႀကီးလည္း ေတြ႕ရင္ အသီးေလးေတြ ဝယ္ရင္း ကုသိုလ္ယူလိုက္ၾကပါဦးေနာ္ ..။

Source : Baby Maung
Emily (Cele Gabar)

ကျောက်မြောင်း မှာ ဖရဲသီး ရောင်း နေတဲ့ အသက် (၇၇)နှစ် အရွယ် အဘွားမြိုင် ဆီက အသီးတွေ သွားရောက် အားပေး ခဲ့တဲ့ ဘေဘီမောင်

ပရိသတ် အချစ်တော် မင်းသမီးချောလေး ဘေဘီမောင် ကတော့ အလှူ အတန်း ရက်ရောပြီး အားနည်းသူ တွေကို ကူညီတတ်တဲ့ အနုပညာရှင် တစ်ယောက်လို့ ဆိုရမှာပါ ။ မကြာသေးမီ ကလည်း လေဖြတ်ပြီး ဘဝကို ခက်ခဲပင်ပန်းစွာ ရုန်းကန် နေရတဲ့ လူကြမ်း မင်းသား အဘဦးတင်မောင်ကို အလှူငွေ (၁၃)သိန်းကျပ် တိတိ သွားရောက်လှူဒါန်း ကန်တော့ခဲ့ပါသေးတယ် ။ လတ်တလော မှာလည်း သူမရဲ့ တစ်နေ့တာ ကုသိုလ်လေးကို ပရိသတ်တွေကို မျှဝေလာပြန်ပါပြီ ။

အသက် (၇၇) နှစ်အရွယ် ဘွားဘွားမြိုင် ဟာ လွန်ခဲ့တဲ့ (၇) နှစ်လောက်ထဲက ကျောက်မြောင်းထဲမှာ ဖရဲသီး ဗန်းလေးခေါင်းပေါ်တင်ပြီး တစ်လမ်းဝင် တစ်လမ်းထွက်ပြီး လိုက်ရောင်းခဲ့တာဖြစ်ပြီး အဘွား ကိုတွေ့တိုင်း ဘေဘီ တစ်ယောက် ဖရဲသီးတွေ အကုန်ဝယ်ပြီးအားပေးနေကြ ဆိုပေမယ့် ခုဘေဘီကအိမ်ပြောင်းသွားလို့ မတွေ့ဖြစ်တာ (၁) နှစ်လောက်ရှိခဲ့ပြီလို့ သိရပါတယ် ။ ဆယ်လီကမ္ဘာက နေတဆင့် အဘွားရဲ့ ပုံလေးကိုတွေ့ပြီး ဒီနေ့မှာ အဘွားဆီသွားရောက်ပြီး အသီးတွေ ဝယ်ပီးအားပေးခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ ..။

အရင်လိုကျန်းမာရေး သိပ်မကောင်းတော့တဲ့ အပြင် ခုလိုရောဂါပိုးတွေ ဖြစ်နေချိန် အလုပ်ကလည်း အဆင်မပြေဖြစ်နေတဲ့ အဘွားကိုတွေ့ရင် အသီးလေးတွေ ဝယ်ပြီးအားပေးကုသိုလ် ယူပေးကြပါလို့ ဘေဘီက ပရိသတ်တွေကို တိုက်တွန်းစကားဆို ခဲ့ပါသေးတယ် ။ အဘွားမြိုင်က ကျာက်မြောင်း မှတ်တိုင် KBZ Bankဘေးကလမ်းကြားမှာ အမြဲရှိတတ်တဲ့အတွက် ပရိသတ်ကြီးလည်း တွေ့ရင် အသီးလေးတွေ ဝယ်ရင်း ကုသိုလ်ယူလိုက်ကြပါဦးနော် ..။

Source : Baby Maung
Emily (Cele Gabar)

About the author

Ms Cele

Leave a Comment