Celebrity

ေက်ာင္းက ကစားကြင္းမွာ အေပ်ာ္လြန္ျပီး ခုန္ေပါက္ ေဆာ့ကစားေနတဲ့ သားေလး အေၾကာင္း ေျပာျပလာတဲ့ ေျပတီဦး

Written by Ms Cele

ေက်ာင္းက ကစားကြင္းမွာ အေပ်ာ္လြန္ျပီး ခုန္ေပါက္ ေဆာ့ကစားေနတဲ့ သားေလး အေၾကာင္း ေျပာျပလာတဲ့ ေျပတီဦး

ပရိသတ္ေတြ ခ်စ္ၾကတဲ့ မင္းသား ေျပတီဦး ဟာ ျမန္မာ့ရုပ္ျမင္သံၾကားရဲ့ ပညာေပး ဗီဒီယိုေတြမွာ ပါဝင္ သရုပ္ေဆာင္ရင္း အကယ္ဒမီဆု (၄) ဆုရွင္ မင္းသားတစ္ေယာက္ျဖစ္လို့ လာတာပဲ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္တဲ့ ေနရာမွာ အပိုအလို မရိွ တိတိက်က်နဲ႔ ဟာကြက္မရိွေအာင္ သ႐ုပ္ေဆာင္ႏိုင္တာေၾကာင္ ့ ပရိသတ္ေတြရဲ့ အားေပးမႈကို အျပည့္အဝရရိွထားသလို အနုပညာေလာကသားအခ်င္းခ်င္းကပါ ေလးစားအတုယူရသူတစ္ေယာက္ဆိုလည္း မမွားပါဘူး။ ေျပတီဦးကေတာ့ အခုဆိုရင္ အသက္အရြယ္တစ္ခုကိုေရာက္ရိွေနျပီျဖစ္ျပီး အနုပညာအလုပ္ေတြနဲ့အတူတူ မင္းသမီးေခ်ာ အိျႏၵာေက်ာ္ဇင္နဲ့ သာယာတဲ့ မိသားစုဘဝေလးကို တည္ေဆာက္ထားတာပဲ ျဖစ္ပါတယ္။

လက္ရိွမွာ အနုပညာ အလုပ္ေတြကို ရပ္နားထားတဲ့ ေျပတီဦးက အရင္ကထက္ မိသားစုနဲ့ အခ်ိန္ကုန္ ဆံုးျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ဒီကေန့ မွာလည္း ေျပတီဦးက သားေလးဖိုးဓီကို ေက်ာင္းလိုက္ပို့ရင္း အေပ်ာ္လြန္ျပီးေဆာ့ကစားေနတဲ့ သားေလးအေၾကာင္းကို “ဒီေန႔ဖိုးဓီရဲ႕ေက်ာင္းကစားကြင္းမွာ ဖိုးဓီတေယာက္ အသားကုန္ အစြမ္းကုန္ ခုန္ေပါက္ ေဆာ့ကစား…ေဖေဖကလိုက္ပို႔…😍😍😍” ဆိုျပီး သားအဖနွစ္ေယာက္ရဲ့ ၾကည္နူးစရာ ပံုရိပ္ေတြကို အမွတ္တရခ်ျပလာပါတယ္။

ေျပတီဦး ကေတာ့ အိျႏၵာေက်ာ္ဇင္နဲ့ သမီးေလး ေျပသုျဒာနဲ့ သားငယ္ ေျပဓီရ တုိ့ကို ပိုင္ဆိုင္ထားျပီး သားနဲ့သမီးကို ေပ်ာ္ရႊင္မႈ ေတြကို ဖန္တီးေပးေနတဲ့ ဖခင္ေကာင္း တစ္ေယာက္ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း အျပင္ေရာက္ တုန္းေလး အေပ်ာ္လြန္ေနတဲ့ သားေလး ဖိုးဓီေလးကို ၾကည့္ျပီး အခ်စ္ပိုေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

ကျောင်းက ကစားကွင်းမှာ အပျော်လွန်ပြီး ခုန်ပေါက် ဆော့ကစားနေတဲ့ သားလေး အကြောင်း ပြောပြလာတဲ့ ပြေတီဦး

ပရိသတ်တွေ ချစ်ကြတဲ့ မင်းသား ပြေတီဦး ဟာ မြန်မာ့ရုပ်မြင်သံကြားရဲ့ ပညာပေး ဗီဒီယိုတွေမှာ ပါဝင် သရုပ်ဆောင်ရင်း အကယ်ဒမီဆု (၄) ဆုရှင် မင်းသားတစ်ယောက်ဖြစ်လို့ လာတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တဲ့ နေရာမှာ အပိုအလို မရှိ တိတိကျကျနဲ့ ဟာကွက်မရှိအောင် သရုပ်ဆောင်နိုင်တာကြောင် ့ ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားသလို အနုပညာလောကသားအချင်းချင်းကပါ လေးစားအတုယူရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ ပြေတီဦးကတော့ အခုဆိုရင် အသက်အရွယ်တစ်ခုကိုရောက်ရှိနေပြီဖြစ်ပြီး အနုပညာအလုပ်တွေနဲ့အတူတူ မင်းသမီးချော အိန္ဒြာကျော်ဇင်နဲ့ သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ အနုပညာ အလုပ်တွေကို ရပ်နားထားတဲ့ ပြေတီဦးက အရင်ကထက် မိသားစုနဲ့ အချိန်ကုန် ဆုံးဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ မှာလည်း ပြေတီဦးက သားလေးဖိုးဓီကို ကျောင်းလိုက်ပို့ရင်း အပျော်လွန်ပြီးဆော့ကစားနေတဲ့ သားလေးအကြောင်းကို “ဒီနေ့ဖိုးဓီရဲ့ကျောင်းကစားကွင်းမှာ ဖိုးဓီတယောက် အသားကုန် အစွမ်းကုန် ခုန်ပေါက် ဆော့ကစား…ဖေဖေကလိုက်ပို့…😍😍😍” ဆိုပြီး သားအဖနှစ်ယောက်ရဲ့ ကြည်နူးစရာ ပုံရိပ်တွေကို အမှတ်တရချပြလာပါတယ်။

ပြေတီဦး ကတော့ အိန္ဒြာကျော်ဇင်နဲ့ သမီးလေး ပြေသုဒြာနဲ့ သားငယ် ပြေဓီရ တို့ကို ပိုင်ဆိုင်ထားပြီး သားနဲ့သမီးကို ပျော်ရွှင်မှု တွေကို ဖန်တီးပေးနေတဲ့ ဖခင်ကောင်း တစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အပြင်ရောက် တုန်းလေး အပျော်လွန်နေတဲ့ သားလေး ဖိုးဓီလေးကို ကြည့်ပြီး အချစ်ပိုနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment