Local News

ေက်ာင္း သား ေက်ာင္း သူ အားလုံး ကာကြယ္ ေဆးထိုး ၿပီး မွသာ ေက်ာင္းဖြင့္ နိုင္မည္ ဟု ဆို

Written by Ms Cele

ေက်ာင္း သား ေက်ာင္း သူ အားလုံး ကာကြယ္ ေဆးထိုး ၿပီး မွသာ ေက်ာင္းဖြင့္ နိုင္မည္ ဟု ဆို

ၾသဂုတ္လ ၂၇ ရက္ မွာ တစ္နိုင္ငံ လုံးရွိ စာသင္ေက်ာင္းေတြ ကို ျပန္ပိတ္ ခဲ့တာ ျဖစ္ပါတယ္။ အေျခခံပညာ စာသင္ေက်ာင္း aတြကို ကိုဗစ္ေရာဂါ ထိန္းခ်ဳပ္ နိုင္ခ်ိန္ေရာက္ မွသာ ျပန္ဖြင့္နိုင္မွာျဖစ္ၿပီး ျပန္ဖြင့္ခ်ိန္မွာ ပိတ္ရက္ေတြမွာပါ သင္ၾကားမႈေတြျပဳလုပ္သြားရမယ့္ အေျခအေနရွိ တယ္လို႔ အေျခခံပညာ ဦးစီးဌာနမွ သိရပါ တယ္။စာသင္ ေက်ာင္းေတြဟာပုံမွန္ ဆိုရင္အခ်ိန္ ကာလ ကိုးလ (ရက္သတၱပတ္ ၃၆ ပတ္) တက္ေရာက္ စာသင္ၾကားရ တာျဖစ္ပါတယ္။ ဒါေပမယ့္ လက္ရွိ က ေတာ့ ကိုဗစ္ ကပ္ေရာဂါေၾကာင့္ ေက်ာင္းေတြပိတ္ထားရတဲ့ အတြက္ ေက်ာင္းျပန္ဖြင့္ တဲ့အခါ ေက်ာင္းသူ ေက်ာင္းသား ေတြ ေနာက္က်မႈမရွိေစရန္ စေန၊တနဂၤေႏြ ပိတ္ရက္မွာပါ စာသင္ၾကား နိုင္ဖို႔ ရည္ရြယ္ထားတယ္ လို႔ သိရပါတယ္။

“ဒီကာလက ကိုဗစ္ ကူးစက္မႈ အရမ္းျမင့္ေန တာဆိုေတာ့ ကိုဗစ္ ဗဟိုေကာ္မတီရဲ့ ဆုံးျဖတ္ခ်က္ အတိုင္းျဖစ္တယ္။ ေက်ာင္းဖြင့္ဖို႔ ကိစၥလည္း ကိုဗစ္ ဗဟိုေကာ္မတီရဲ့ ဆုံးျဖတ္ခ်က္ပဲ လိုက္နာ ရတယ္။ ေရာဂါထိန္းခ်ဳပ္နိုင္ၿပီ ေက်ာင္းသား ေတြကို ကာကြယ္ေဆး ထိုးႏွံနိုင္ၿပီ ဖြင့္ရၿပီဆို ဖြင့္မယ္ “လို႔ အေျခခံပညာ ဦးစီးဌာနမွ ဒုတိယညႊန္ၾကား ေရးမႉးခ်ဳပ္ ေဒါက္တာ တင္ေမာင္ဝင္း က ေျပာပါတယ္ ။လတ္တ ေလာ မွာေတာ့ အေျခခံပညာ ေက်ာင္းအားလုံးကို ပိတ္ထားေၾကာင္းနဲ႔ျပန္လည္ဖြင့္လွစ္ဖို႔ ညႊန္ၾကားခ်က္ ရၿပီဆိုတာနဲ႔ တရားဝင္အသိေပး ထုတ္ျပန္မွာျဖစ္တယ္လို႔ သိရပါတယ္။“ေက်ာင္းေတြျပန္ဖြင့္မယ္ဆိုလို႔ ကေလးေတြကိုေတာင္ က်ဴရွင္ ထားခဲ့တယ္။ ေနာက္ေတာ့ ဆရာမကေက်ာင္း မဖြင့္ေသးဘူးဆိုၿပီး က်ဴရွင္သင္တာကို နားလိုက္တယ္။ ကိုဗစ္ေရာဂါ ျဖစ္ေနေတာ့ ေက်ာင္းမဖြင့္တာ ေကာင္းေပမယ့္ ၊ကေလးေတြက စာသင္ႏွစ္ ေနာက္က်တယ္။ ကေလးေတြ တစ္ေနကုန္ Mask တပ္ စာသင္ဖို႔ကလည္း ထင္သေလာက္ မလြယ္ပါဘူး။ ခုထိေတာ့ ေက်ာင္း ဖြင့္မယ္ မဖြင့္ဘူး ဘာမွ မသိရေသးဘူး”လို႔ ေက်ာင္းသား မိဘျဖစ္သူ ေဒၚခင္စိုးဝင္းက ေျပာပါတယ္။

စာသင္ေက်ာင္းေတြကို ကိုဗစ္ ကူးစက္မႈႏႈန္း က်ဆင္း ခဲ့တဲ့ ဇူလိုင္လမွာ ေခတၱျပန္လည္ ဖြင့္လွစ္ခဲ့ေပမယ့္ ဒုတိယလွိုင္း ကူးစက္မႈ စတင္ခ်ိန္ ၾသဂုတ္လ ၂၇ ရက္မွာေတာ့ တစ္နိုင္ငံလုံး က စာသင္ေက်ာင္း ေတြကို ျပန္လည္ ပိတ္ခဲ့တာ လက္ရွိ အခ်ိန္အထိ လည္း ျဖစ္ပါတယ္။

crd

ကျောင်း သား ကျောင်း သူ အားလုံး ကာကွယ် ဆေးထိုး ပြီး မှသာ ကျောင်းဖွင့် နိုင်မည် ဟု ဆို

သြဂုတ်လ ၂၇ ရက် မှာ တစ်နိုင်ငံ လုံးရှိ စာသင်ကျောင်းတွေ ကို ပြန်ပိတ် ခဲ့တာ ဖြစ်ပါတယ်။ အခြေခံပညာ စာသင်ကျောင်း aတွကို ကိုဗစ်ရောဂါ ထိန်းချုပ် နိုင်ချိန်ရောက် မှသာ ပြန်ဖွင့်နိုင်မှာဖြစ်ပြီး ပြန်ဖွင့်ချိန်မှာ ပိတ်ရက်တွေမှာပါ သင်ကြားမှုတွေပြုလုပ်သွားရမယ့် အခြေအနေရှိ တယ်လို့ အခြေခံပညာ ဦးစီးဌာနမှ သိရပါ တယ်။စာသင် ကျောင်းတွေဟာပုံမှန် ဆိုရင်အချိန် ကာလ ကိုးလ (ရက်သတ္တပတ် ၃၆ ပတ်) တက်ရောက် စာသင်ကြားရ တာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ က တော့ ကိုဗစ် ကပ်ရောဂါကြောင့် ကျောင်းတွေပိတ်ထားရတဲ့ အတွက် ကျောင်းပြန်ဖွင့် တဲ့အခါ ကျောင်းသူ ကျောင်းသား တွေ နောက်ကျမှုမရှိစေရန် စနေ၊တနင်္ဂနွေ ပိတ်ရက်မှာပါ စာသင်ကြား နိုင်ဖို့ ရည်ရွယ်ထားတယ် လို့ သိရပါတယ်။

“ဒီကာလက ကိုဗစ် ကူးစက်မှု အရမ်းမြင့်နေ တာဆိုတော့ ကိုဗစ် ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက် အတိုင်းဖြစ်တယ်။ ကျောင်းဖွင့်ဖို့ ကိစ္စလည်း ကိုဗစ် ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်ပဲ လိုက်နာ ရတယ်။ ရောဂါထိန်းချုပ်နိုင်ပြီ ကျောင်းသား တွေကို ကာကွယ်ဆေး ထိုးနှံနိုင်ပြီ ဖွင့်ရပြီဆို ဖွင့်မယ် “လို့ အခြေခံပညာ ဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်း က ပြောပါတယ် ။လတ်တ လော မှာတော့ အခြေခံပညာ ကျောင်းအားလုံးကို ပိတ်ထားကြောင်းနဲ့ပြန်လည်ဖွင့်လှစ်ဖို့ ညွှန်ကြားချက် ရပြီဆိုတာနဲ့ တရားဝင်အသိပေး ထုတ်ပြန်မှာဖြစ်တယ်လို့ သိရပါတယ်။“ကျောင်းတွေပြန်ဖွင့်မယ်ဆိုလို့ ကလေးတွေကိုတောင် ကျူရှင် ထားခဲ့တယ်။ နောက်တော့ ဆရာမကကျောင်း မဖွင့်သေးဘူးဆိုပြီး ကျူရှင်သင်တာကို နားလိုက်တယ်။ ကိုဗစ်ရောဂါ ဖြစ်နေတော့ ကျောင်းမဖွင့်တာ ကောင်းပေမယ့် ၊ကလေးတွေက စာသင်နှစ် နောက်ကျတယ်။ ကလေးတွေ တစ်နေကုန် Mask တပ် စာသင်ဖို့ကလည်း ထင်သလောက် မလွယ်ပါဘူး။ ခုထိတော့ ကျောင်း ဖွင့်မယ် မဖွင့်ဘူး ဘာမှ မသိရသေးဘူး”လို့ ကျောင်းသား မိဘဖြစ်သူ ဒေါ်ခင်စိုးဝင်းက ပြောပါတယ်။

စာသင်ကျောင်းတွေကို ကိုဗစ် ကူးစက်မှုနှုန်း ကျဆင်း ခဲ့တဲ့ ဇူလိုင်လမှာ ခေတ္တပြန်လည် ဖွင့်လှစ်ခဲ့ပေမယ့် ဒုတိယလှိုင်း ကူးစက်မှု စတင်ချိန် သြဂုတ်လ ၂၇ ရက်မှာတော့ တစ်နိုင်ငံလုံး က စာသင်ကျောင်း တွေကို ပြန်လည် ပိတ်ခဲ့တာ လက်ရှိ အချိန်အထိ လည်း ဖြစ်ပါတယ်။

crd

About the author

Ms Cele

Leave a Comment