Local News

ေက်ာင္း ေတြ ျပန္ ဖြင့္မယ့္ အခ်ိန္ ကို ပညာေရး ဝန္ႀကီး မွ ထုတ္ျပန္ ေၾကညာ ၿပီ (မ်ားမ်ားရွယ္ ထားေပး ပါအုံး ….)

Written by Ms Cele

ေက်ာင္း ေတြ ျပန္ ဖြင့္မယ့္ အခ်ိန္ ကို ပညာေရး ဝန္ႀကီး မွ ထုတ္ျပန္ ေၾကညာ ၿပီ (မ်ားမ်ားရွယ္ ထားေပး ပါအုံး)

ယခုႏွစ္ ဆယ္တန္းစာေမး ပြဲ နဲ႔ ပတ္ သက္ၿပီး ပညာေရး ဝန္ႀကီးဌာန တရား ဝင္ ထုတ္ျပန္ၿပီ

ပညာေရး ဝန္ႀကီးဌာနရဲ့ တရားဝင္ ထုတ္ျပန္ခ်က္ အရ ယခုႏွစ္ (၂၀၂၀ – ၂၀၂၁) ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္း ေျဖဆိုမည့္ ေက်ာင္းသား/သူမ်ားသည္ လက္ရွိစနစ္ေဟာင္းစာ(သင္ရိုးေဟာင္း)ကို ယခုႏွစ္ေနာက္ဆုံးထား၍ ေျဖဆိုရ မည္ျဖစ္သည္။ ယ ခုႏွစ္ေျဖၿပီး အကယ္၍ က်ရႈံးေသာ သူမ်ားကေတာ့ ေနာက္၂ ႏွစ္ထိ (၂၀၂၁ – ၂၀၂၂ ႏွင့္ ၂၀၂၂ – ၂၀၂၃ ထိ) လက္ရွိစနစ္ေဟာင္းစာ (သင္ရိုးေဟာင္း)ကိုေျဖဆိုခြင့္ ရွိသည္ဟု တရားဝင္ ထုတ္ျပန္ထားၿပီး ျဖစ္သည္။

၂၀၂၀ – ၂၀၂၁ သည္ Grade – 10 စနစ္သစ္ျဖစ္သည္။ ၂၀၂၁ – ၂၀၂၂ တြင္ Grade – 11 စနစ္သစ္ ျဖစ္သည္။ ၂၀၂၂ – ၂၀၂၃ တြင္ Grade – 12 စနစ္သစ္ ျဖစ္သည္။ ယခုအခါ ( KG + 12 ) ပညာေရး စနစ္သစ္ ကို အေကာင္အထည္ ေဖာ္ေနၿပီျဖစ္သည္။

မွတ္ခ်က္ – ေက်ာင္းမ်ား ကိုေတာ့ Covid ေလ်ာ့က်လၽွင္ အျမန္ဆုံးျပန္ဖြင့္နိုင္ေအာင္ ပညာေရးဝန္ႀကီး ဌာနမွ ႀကိဳးစားလၽွက္ ရွိသည္။ စာေမးပြဲ ကေတာ့ ေနာက္ဆုတ္နိုင္ေျခ ရွိသည္။ ယခုအခါ ပညာေရးဝန္ႀကီးဌာန မွေက်ာင္းသား/သူ မ်ား အတြက္ အခြင့္အေရး မဆုံးရႈံးေစရန္ စာေမးပြဲက်င္းပ နိုင္ရန္ ပညာေရး ႐ုပ္သံလိုင္း မ်ားမွ သင္ခန္းစာမ်ား ပို႔ခ်လၽွက္ ရွိ ပါသည္။

ပညာေရးဝန္ႀကီး ဌာနမွ ေက်ာင္းမ်ားကို ယာယီ ပိတ္ထားၿပီး ယခုအခါ ပညာေရး ေႏွာင့္မေႏွးေစရန္ အခြင့္ အေရး မဆုံးရႈံးေစရန္ နစ္နာမႈ မျဖစ္ေစရန္ (အထူးသျဖင့္ ယခင္ႏွစ္က က်ရႈံးခဲ့တဲ့ သုံးပုံ ႏွစ္ပုံေသာ သိန္းနဲ႔ခ်ီတဲ့ ေက်ာင္းသား/သူ မ်ား အတြက္ ထပ္မံ အခြင့္အေရး မဆုံးရႈံးေစရန္) စာေမးပြဲ က်င္းပနိုင္ေရး အတြက္ ပညာေရးဝန္ႀကီးဌာနမွ စီစဥ္၍ Myanmar Education Channel ( ပညာေရး ႐ုပ္သံ ) မွ တကၠသိုလ္ဝ င္တန္း ဘာသာရပ္ မ်ားကို ပို႔ခ် လၽွက္ ရွိပါသည္။

ပညာေရး ဝန္ႀကီးဌာန၏ အက်ိဳး အတြက္ အဓိက မဟုတ္ဘဲ ေက်ာင္းသား/သူမ်ားႏွင့္ ၎တို႔၏မိဘမ်ား အတြက္ အဓိက ထားစီစဥ္ေပးထားျခင္းျဖစ္သည္ကို နားလည္ ေစခ်င္ပါသည္။ ကိုဗစ္ ျဖစ္ေနတုံးႀကီးေတာ့ ဘယ္သူကမွ စာေမးပြဲေျဖခိုင္းမည္ မဟုတ္ပါ။ တစ္ေန႔ေတာ့ ေက်ာင္းဖြင့္၍ စာသင္ၿပီး စာေမးပြဲ စစ္မည္ဆိုတာကေတာ့ က်ိန္းေသတဲ့ အေျဖတစ္ခုပါ။

စာေမးပြဲက်င္းပနိုင္ရန္ ႐ုပ္ျမင္သံၾကား ပညာေရး ႐ုပ္သံလိုင္းမ်ားမွ ဘာသာရပ္ မ်ားကို ထုတ္လႊင့္သင္ၾကားေပး လၽွက္ ရွိပါသည္။ ကိုဗစ္ကပ္ေရာဂါ ေလ်ာ့ပါးလာသည္ႏွင့္ အမၽွ ပညာေရးဝန္ႀကီးဌာနဘက္မွလည္း ေက်ာင္း အျမန္ဖြင့္နိုင္ေအာင္ ႀကိဳးစားစီစဥ္ေပး မွာျဖစ္ၿပီး စာေမးပြဲအျမန္ဆုံး က်င္းပနိုင္ေအာင္ ႀကိဳးစားေပးၾကမည္ ျဖစ္သည္။

crd

ကျောင်း တွေ ပြန် ဖွင့်မယ့် အချိန် ကို ပညာရေး ဝန်ကြီး မှ ထုတ်ပြန် ကြေညာ ပြီ (များများရှယ် ထားပေး ပါအုံး)

ယခုနှစ် ဆယ်တန်းစာမေး ပွဲ နဲ့ ပတ် သက်ပြီး ပညာရေး ဝန်ကြီးဌာန တရား ဝင် ထုတ်ပြန်ပြီ

ပညာရေး ဝန်ကြီးဌာနရဲ့ တရားဝင် ထုတ်ပြန်ချက် အရ ယခုနှစ် (၂၀၂၀ – ၂၀၂၁) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား/သူများသည် လက်ရှိစနစ်ဟောင်းစာ(သင်ရိုးဟောင်း)ကို ယခုနှစ်နောက်ဆုံးထား၍ ဖြေဆိုရ မည်ဖြစ်သည်။ ယ ခုနှစ်ဖြေပြီး အကယ်၍ ကျရှုံးသော သူများကတော့ နောက်၂ နှစ်ထိ (၂၀၂၁ – ၂၀၂၂ နှင့် ၂၀၂၂ – ၂၀၂၃ ထိ) လက်ရှိစနစ်ဟောင်းစာ (သင်ရိုးဟောင်း)ကိုဖြေဆိုခွင့် ရှိသည်ဟု တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်သည်။

၂၀၂၀ – ၂၀၂၁ သည် Grade – 10 စနစ်သစ်ဖြစ်သည်။ ၂၀၂၁ – ၂၀၂၂ တွင် Grade – 11 စနစ်သစ် ဖြစ်သည်။ ၂၀၂၂ – ၂၀၂၃ တွင် Grade – 12 စနစ်သစ် ဖြစ်သည်။ ယခုအခါ ( KG + 12 ) ပညာရေး စနစ်သစ် ကို အကောင်အထည် ဖော်နေပြီဖြစ်သည်။

မှတ်ချက် – ကျောင်းများ ကိုတော့ Covid လျော့ကျလျှင် အမြန်ဆုံးပြန်ဖွင့်နိုင်အောင် ပညာရေးဝန်ကြီး ဌာနမှ ကြိုးစားလျှက် ရှိသည်။ စာမေးပွဲ ကတော့ နောက်ဆုတ်နိုင်ခြေ ရှိသည်။ ယခုအခါ ပညာရေးဝန်ကြီးဌာန မှကျောင်းသား/သူ များ အတွက် အခွင့်အရေး မဆုံးရှုံးစေရန် စာမေးပွဲကျင်းပ နိုင်ရန် ပညာရေး ရုပ်သံလိုင်း များမှ သင်ခန်းစာများ ပို့ချလျှက် ရှိ ပါသည်။

ပညာရေးဝန်ကြီး ဌာနမှ ကျောင်းများကို ယာယီ ပိတ်ထားပြီး ယခုအခါ ပညာရေး နှောင့်မနှေးစေရန် အခွင့် အရေး မဆုံးရှုံးစေရန် နစ်နာမှု မဖြစ်စေရန် (အထူးသဖြင့် ယခင်နှစ်က ကျရှုံးခဲ့တဲ့ သုံးပုံ နှစ်ပုံသော သိန်းနဲ့ချီတဲ့ ကျောင်းသား/သူ များ အတွက် ထပ်မံ အခွင့်အရေး မဆုံးရှုံးစေရန်) စာမေးပွဲ ကျင်းပနိုင်ရေး အတွက် ပညာရေးဝန်ကြီးဌာနမှ စီစဉ်၍ Myanmar Education Channel ( ပညာရေး ရုပ်သံ ) မှ တက္ကသိုလ်ဝ င်တန်း ဘာသာရပ် များကို ပို့ချ လျှက် ရှိပါသည်။

ပညာရေး ဝန်ကြီးဌာန၏ အကျိုး အတွက် အဓိက မဟုတ်ဘဲ ကျောင်းသား/သူများနှင့် ၎င်းတို့၏မိဘများ အတွက် အဓိက ထားစီစဉ်ပေးထားခြင်းဖြစ်သည်ကို နားလည် စေချင်ပါသည်။ ကိုဗစ် ဖြစ်နေတုံးကြီးတော့ ဘယ်သူကမှ စာမေးပွဲဖြေခိုင်းမည် မဟုတ်ပါ။ တစ်နေ့တော့ ကျောင်းဖွင့်၍ စာသင်ပြီး စာမေးပွဲ စစ်မည်ဆိုတာကတော့ ကျိန်းသေတဲ့ အဖြေတစ်ခုပါ။

စာမေးပွဲကျင်းပနိုင်ရန် ရုပ်မြင်သံကြား ပညာရေး ရုပ်သံလိုင်းများမှ ဘာသာရပ် များကို ထုတ်လွှင့်သင်ကြားပေး လျှက် ရှိပါသည်။ ကိုဗစ်ကပ်ရောဂါ လျော့ပါးလာသည်နှင့် အမျှ ပညာရေးဝန်ကြီးဌာနဘက်မှလည်း ကျောင်း အမြန်ဖွင့်နိုင်အောင် ကြိုးစားစီစဉ်ပေး မှာဖြစ်ပြီး စာမေးပွဲအမြန်ဆုံး ကျင်းပနိုင်အောင် ကြိုးစားပေးကြမည် ဖြစ်သည်။

crd

About the author

Ms Cele

Leave a Comment