Celebrity
Written by Ms Cele
ကျောထောက် နောက်ခံ မရှိတဲ့ အဘိုးအဘွား တွေကို ကူညီဖေးမ လှူဒါန်းမှု တွေပြုလုပ် နေတဲ့ မင်းသား ချောလေး နေဒွေး
ပရိသတ်ကြီးရေ မင်းသားချောလေး နေဒွေး ကတော့ သူ့ရဲ့ ချစ်ရတဲ့ Fans(Naymily)လေးတွေနဲ့ အတူ လစဉ်လတိုင်း ဘိုးဘွား များကို စောင့်ရှောက်ကြပါစို့အစီအစဉ် အတွက် သက်ကြီးဘိုးဘွားတွေကို လိုက်လံလှူဒါန်းမှု တွေပြုလုပ်ချက်ရှိတာပါ ။ ဒီလ ၁၈ရက်နေ ့ဆို နေဒွေးနဲ့ အတူတူ (၁၈)ရက်နေ့တိုင်း လှူနေတဲ့”ဘိုးဘွားများကို စောင့်ရှောက်ကြပါစို့/မျှဝေကြပါစို့”ဆိုတဲ့ အလှူလေး က စတုတ္တအကြိမ်မြောက် ဖြစ်လာခဲ့ပြီ ဖြစ်တဲ့အတွက် ထပ်မံလှူဒါန်းမှုတွေပြုလုပ်သွားမှာ ပဲဖြစ်ပါတယ် ။မရှိ ဆင်းရဲ ကျောထောက်နောက်ခံ မရှိတဲ့ အဘိုးအဘွားတွေကို
ကူညီဖေးမ လှူဒါန်း ရတဲ့ အကျိုးကို ကိုယ်လည်းနောင်တစ်ချိန် ဒီလို အရွယ် ရောက်လာ တဲ့ အချိန် မှာ ငယ်စဉ်အချိန်က လှူဒါန်းထားတဲ့ အတွက် တူသော အကျိုးကျေးဇူး ကို ထပ်တူခံစားရမှာဖြစ်ပြီး နည်းတာများတာ ပဓာန မထားပဲ ကိုယ်တတ်နိုင် သလောက်လေးး လှူရင်လည်းး တန်ဖိုးရှိပါတယ်လို့နေဒွေးက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့ပါတယ် ။
ခုလို COVIDကာလမှာ သားသမီးလည်း မရှိ ဆွေမျိုးလည်းမရှိ /ရှိပြန်တော့လည်း အလုပ်တွေက ပိတ်ပြီးဝင်ငွေ မရှိကြတဲ့ အတွက် မှီခို စားသောက်ရတဲ့ အသက်ကြီး အဘိုးအဘွားတွေ ဆိုတာအရမ်းသနားဖို့ကောင်းလို့ နည်းတယ် များတယ် သဘောမထားပဲ တတ်နိုင်သလောက်လေးး လှူပေးကြဖို့အတွက်လည်း ရေးသားထား ပါသေးတယ် ။စတုတ္ထအကြိမ်မြောက် ဘိုးဘွားများကို စောင့်ရှောက်ကြပါစို့ မျှဝေကြပါစို့
အစီအစဉ်အတွက် အခုလာမယ့် ၁၈ရက်နေ့ လှူရမယ့် အဘိုးအဘွား မတွေ့သေးတဲ့ အတွက် တကယ်ခက်ခဲပြီးသားသမီးကျော ထောက်နောက်ခံမရှိသော အဘိုးအဘွားများတွေ့ရှိပါကဆက်သွယ်ပေးကြပါလို့လည်း ပရိသတ်တွေကို အကူညီတောင်းထားပါသေးတယ် ။ ဆယ်လီကမ္ဘာပရိသတ်ကြီးကလည်း ခိုကိုးရာမဲ့ ဘိုးဘွားတွေ တွေ့ခဲ့ရင် နေဒွေးရဲ့ ပေ့ချ်ကနေတဆင့် သတင်းပေးလို့ရပါတယ်နော် ။
About the author
Ms Cele
Leave a Comment