Celebrity


Written by Ms Cele





Credit:Cele Zone

ကျော်ထက်အောင်ရဲ့ ခွေးလေးတွေကို သတိရလို့ အိမ်အထိလိုက်ပြီး အလွမ်းဖြေခဲ့ရတဲ့ ဖြူဖြူကျော်သိန်း

လတ်တလော မှာတော့ ပရိသတ်တွေက ဖြူဖြူနဲ့ ကျော်ထက်အောင်တို့ ချစ်သူတွေဖြစ်နေပြီလား ဆိုပြီး သို့လော သို့လော ထင်ကြေးပေးနေကြပါတယ်။ နှစ်ယောက်အတူ ဖြူဖြူ့ရဲ့သီချင်း MTV ကို ရိုက်ကူးရင်း ရိုဆန်တဲ့ ပုံလေးတွေကြောင့် ပရိသတ်တွေက အသည်း တယားယားဖြစ်နေခဲ့တာ ပါ။ ဒီနောက်မှာလည်း မကြာခဏဆိုသလို နှစ်ယောက်တွဲ ပုံလေးတွေ တင်တတ်ပါသေးတယ်။

နှစ်သစ်လက်ဆောင် အဖြစ်နဲ့ စန္ဒယားကြီးရခဲ့တုန်းက ပျော်ပျော်ရွှင်ရွှင်တီး ခတ်နေတဲ့ဖြူဖြူ့ကို အမိအရ မှတ်တမ်းတင် ပေးခဲ့ပါသေး တယ်။ ဒီနေ့မှာလည်း ကျော်ထက်အောင်ရဲ့အိမ်ကို အလည်သွားပြီး ကျော်ထက်အောင်ရဲ့အချစ်တော်ခွေးလေးတွေနဲ့ ဓာတ်ဖမ်းခဲ့ပါတယ်။ အားလုံးကိုအသည်းယားအောင်ပဲလုပ်နေသလား တကယ်ပဲချစ်သူဖြစ်နေသလားဆိုတာတော့ ကာယကံရှင်တွေပဲ သိနိုင်မှာပါ။

ကလေးတွေနဲ့ အမှတ်တရ ပုံလေးကို ” သူငယ်ချင်းတွေဆီ သွားလည်တာ လွမ်းလို့ ဓါတ်ပုံ by သူငယ်ချင်းတွေရဲ့အဖေ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ကျော်ထက်အောင်ရဲ့ ခွေးလေးတွေ မှန်းသိလို့ ချစ်စရာ မှတ်ချက်လေးတွေ ပေးခဲ့ကြပါတယ်။

Credit:Cele Zone
Photo – Phyu Phyu Kyaw Thein

About the author

Ms Cele

Leave a Comment