Celebrity

ေက်ာ္ၾကားမႈကို အသံုးခ်ၿပီး ပရိသတ္ေတြ အထင္လြဲေအာင္ ျပဳလုပ္ခံရဖူးေၾကာင္း ေျပာျပလာတဲ့ မင္းေမာ္ကြန္း

Written by Ms Cele

ေက်ာ္ၾကားမႈကို အသံုးခ်ၿပီး ပရိသတ္ေတြ အထင္လြဲေအာင္ ျပဳလုပ္ခံရဖူးေၾကာင္း ေျပာျပလာတဲ့ မင္းေမာ္ကြန္း

ပရိသတ္ႀကီးေရ ႏိုင္ငံေက်ာ္မင္းသားေခ်ာ မင္းေမာ္ကြန္းဟာဆိုရင္ အႏုပညာေလာကမွာ ဒိတ္ဒိတ္ႀကဲေအာင္ျမင္မႈေတြကို ရရွိပိုင္ဆိုင္ထားတဲ့ မင္းသား တစ္လက္ပဲျဖစ္ပါတယ္ေနာ္။ခ်စ္စရာေကာင္းတဲ့ သားေတြသမီးေတြရယ္ ခ်စ္ဇနီးေလးရယ္နဲ႕ ဘ၀ကိုေပ်ာ္ရႊင္စြြာ ျဖတ္သန္းေနသူ တစ္ေယာက္ျဖစ္ပါတယ္။ မင္းေမာ္ကြန္းကေတာ့ အႏုပညာေလာကထဲကို ဆယ္ေက်ာ္သက္ အ႐ြယ္ကတည္းက ဝင္ေရာက္ခဲ့ၿပီး အကယ္ဒမီဆုၾကီးတစ္ဆုကို လက္ဝယ္ပိုင္ဆိုင္ထားကာ ယခုခ်ိန္အထိ ေအာင္ျမင္မႈ အရိွန္အဟုန္ရေနဆဲ မင္းသား တစ္ေယာက္ပဲ ျဖစ္ပါတယ္။

ဝါရင့္သရုပ္ေဆာင္ တစ္ေယာက္ျဖစ္တဲ့ မင္းေမာ္ကြန္းက ဒီတစ္ခါမွာေတာ့ ရုပ္ရွင္ေလာကထဲမွာ ပရိသတ္ေတြ အထင္အျမင္လြဲေစေလာက္တဲ့ အသံုးခ်မႈေတြခံ ခဲ့ရဖူးေၾကာင္း ေျပာျပလာခဲ့ပါတယ္။မင္းေမာ္ကြန္းက“ဧည့္သည္သ႐ုပ္ေဆာင္ဆိုတဲ့သေဘာသဘာဝကိုက ဇာတ္ကားၾကည့္တဲ့အခ်ိန္မွ ပရိတ္သတ္ကို surprise ျဖစ္ေစရန္ ရည္႐ြယ္တာပါခင္မ်ာ။ ဧည့္သည္အျဖစ္ ကူညီ႐ိုက္ကူးေပးေသာ အႏုပညာရွင္ရဲ႕နာမယ္ကိုအသုံးခ်ၿပီး ေဈးကြက္ခ်ဲ႕ထြင္ဖို႔ ေၾကာ္ျငာဖို႔ ဇာတ္ကားလူၾကည့္မ်ားေအာင္ အသုံးခ်ဖို႔မဟုတ္တဲ့အတြက္ နာမည္ေတြကို ႀကိဳတင္ မေၾကာ္ျငာျခင္းဟာ ႐ိုးသားျခင္းသာျဖစ္ၿပီး မေလးမစားျပဳျခင္း မဟုတ္ပါခင္မ်ာ။ ဇာတ္ကားထဲမွာေတာ့ ဧည့္သည္ဘယ္သူဘယ္ဝါ ေက်းဇူးတင္ေၾကာင္း အသိအမွတ္ျပဳ title ေတြထိုးရမွာပါ။ ဧည့္သည္ အျဖစ္သာပါဝင္တဲ့ အႏုပညာရွင္ရဲ႕ နာမည္နဲ႔ ေက်ာ္ၾကားမႈကို အသုံးခ်ေၾကာ္ျငာၿပီး ဇာတ္ကားထြက္လာမွ ဧည့္သည္သ႐ုပ္ေဆာင္မွန္း သိရတာမ်ိဳးကသာ ပရိတ္သတ္ကို ေရာ၊ ဧည့္သည္အျဖစ္ပါဝင္ကူညီတဲ့ အႏုပညာရွင္ကိုေရာ လိမ္လည္ေစာ္ကားျခင္းမ်ိဳးျဖစ္ပါတယ္။”

“PS . ဒီဇာတ္ကားက ကြၽန္ေတာ္ ထုတ္လုပ္တဲ့ ဇတ္ကားမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ကိုယ္တိုင္ ဧည့္သည္အေနနဲ႔ ကူညီေပးၿပီး တကယ့္ main casting လို မ်ိဳးေၾကာ္ျငာၿပီး အသုံးခ်ခံခဲ့ရတဲ့ ဇာတ္ကားေတြ ရွိခဲ့ဖူးပါတယ္။ မေျပာေပမယ့္လည္း စိတ္ေတာ့မေကာင္းလို႔ပါ။ တစ္ခ်ိဳ႕ပရိတ္သတ္ေတြက်ေတာ့ ကြၽန္ေတာ္တို႔ကတစ္ခန္းႏွစ္ခန္းပါၿပီး လုပ္စားသြားတယ္ ထင္ၾကတာပါ” ဆိုျပီး သူပါဝင္ သရုပ္ေဆာင္ထားတဲ့ “အရုပ္က်ရာေဆးစက္ထင္” ရုပ္ရွင္ဇာတ္ကားၾကီး အေၾကာင္းကို ေျပာလာပါတယ္ေနာ္။ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးကို အထူးပဲေက်းဇူးတင္ရွိပါတယ္။

Source: Kyaw Kyaw Htay Lwin ‘s fb
Credit:Cele Connections

ကျော်ကြားမှုကို အသုံးချပြီး ပရိသတ်တွေ အထင်လွဲအောင် ပြုလုပ်ခံရဖူးကြောင်း ပြောပြလာတဲ့ မင်းမော်ကွန်း

ပရိသတ်ကြီးရေ နိုင်ငံကျော်မင်းသားချော မင်းမော်ကွန်းဟာဆိုရင် အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းသား တစ်လက်ပဲဖြစ်ပါတယ်နော်။ချစ်စရာကောင်းတဲ့ သားတွေသမီးတွေရယ် ချစ်ဇနီးလေးရယ်နဲ့ ဘဝကိုပျော်ရွှင်စွွာ ဖြတ်သန်းနေသူ တစ်ယောက်ဖြစ်ပါတယ်။ မင်းမော်ကွန်းကတော့ အနုပညာလောကထဲကို ဆယ်ကျော်သက် အရွယ်ကတည်းက ဝင်ရောက်ခဲ့ပြီး အကယ်ဒမီဆုကြီးတစ်ဆုကို လက်ဝယ်ပိုင်ဆိုင်ထားကာ ယခုချိန်အထိ အောင်မြင်မှု အရှိန်အဟုန်ရနေဆဲ မင်းသား တစ်ယောက်ပဲ ဖြစ်ပါတယ်။

ဝါရင့်သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်းက ဒီတစ်ခါမှာတော့ ရုပ်ရှင်လောကထဲမှာ ပရိသတ်တွေ အထင်အမြင်လွဲစေလောက်တဲ့ အသုံးချမှုတွေခံ ခဲ့ရဖူးကြောင်း ပြောပြလာခဲ့ပါတယ်။မင်းမော်ကွန်းက“ဧည့်သည်သရုပ်ဆောင်ဆိုတဲ့သဘောသဘာဝကိုက ဇာတ်ကားကြည့်တဲ့အချိန်မှ ပရိတ်သတ်ကို surprise ဖြစ်စေရန် ရည်ရွယ်တာပါခင်မျာ။ ဧည့်သည်အဖြစ် ကူညီရိုက်ကူးပေးသော အနုပညာရှင်ရဲ့နာမယ်ကိုအသုံးချပြီး ဈေးကွက်ချဲ့ထွင်ဖို့ ကြော်ငြာဖို့ ဇာတ်ကားလူကြည့်များအောင် အသုံးချဖို့မဟုတ်တဲ့အတွက် နာမည်တွေကို ကြိုတင် မကြော်ငြာခြင်းဟာ ရိုးသားခြင်းသာဖြစ်ပြီး မလေးမစားပြုခြင်း မဟုတ်ပါခင်မျာ။ ဇာတ်ကားထဲမှာတော့ ဧည့်သည်ဘယ်သူဘယ်ဝါ ကျေးဇူးတင်ကြောင်း အသိအမှတ်ပြု title တွေထိုးရမှာပါ။ ဧည့်သည် အဖြစ်သာပါဝင်တဲ့ အနုပညာရှင်ရဲ့ နာမည်နဲ့ ကျော်ကြားမှုကို အသုံးချကြော်ငြာပြီး ဇာတ်ကားထွက်လာမှ ဧည့်သည်သရုပ်ဆောင်မှန်း သိရတာမျိုးကသာ ပရိတ်သတ်ကို ရော၊ ဧည့်သည်အဖြစ်ပါဝင်ကူညီတဲ့ အနုပညာရှင်ကိုရော လိမ်လည်စော်ကားခြင်းမျိုးဖြစ်ပါတယ်။”

“PS . ဒီဇာတ်ကားက ကျွန်တော် ထုတ်လုပ်တဲ့ ဇတ်ကားမဟုတ်ပါဘူး။ ကျွန်တော်တို့ကိုယ်တိုင် ဧည့်သည်အနေနဲ့ ကူညီပေးပြီး တကယ့် main casting လို မျိုးကြော်ငြာပြီး အသုံးချခံခဲ့ရတဲ့ ဇာတ်ကားတွေ ရှိခဲ့ဖူးပါတယ်။ မပြောပေမယ့်လည်း စိတ်တော့မကောင်းလို့ပါ။ တစ်ချို့ပရိတ်သတ်တွေကျတော့ ကျွန်တော်တို့ကတစ်ခန်းနှစ်ခန်းပါပြီး လုပ်စားသွားတယ် ထင်ကြတာပါ” ဆိုပြီး သူပါဝင် သရုပ်ဆောင်ထားတဲ့ “အရုပ်ကျရာဆေးစက်ထင်” ရုပ်ရှင်ဇာတ်ကားကြီး အကြောင်းကို ပြောလာပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source: Kyaw Kyaw Htay Lwin ‘s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment