Celebrity


Written by Ms Cele





Source: Nay Yan’s fb

ကျေးဇူးရှင် ဖခင်ကြီး ကွယ်လွန်သွားလို့ ဝမ်းနည်းကြေကွဲနေရတဲ့ သရုပ်ဆောင် နေယံ

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ နေယံကတော့ သရုပ်ဆောင် ကောင်းပြီး ဟန်ပန်အမူအယာ လည်းကောင်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ နေယံကတော့ နောက်ပိုင်းမှာ သရုပ်ဆောင်အလုပ်တွေနဲ့ အတူတူ စီးပွားရေးလုပ်ငန်းတွေ ကိုလည်း တွဲဖက်လုပ်ကိုင်နေပြီး သူ့ရဲ့ ကိုယ်ပိုင် အဝတ်အထည်ဆိုင်ကြီး ကိုလည်း အောင်အောင်မြင်မြင် ဦးစီးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ နေယံ ကတော့ အလုပ်တွေကြိုးစားရင်းနဲ့ တစ်ကိုယ်တည်း လူပျိုကြီးအဖြစ် ဘဝကို အပူအပင် ကင်းကင်းဖြတ်သန်းနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့ မှာတော့ နေယံက သူ့ရဲ့ ဆုံးရှုံးမှုကြီးတစ်ခုကို ပရိသတ်တွေဆီ စိတ်မကောင်းစွာနဲ့ အသိပေး လာခဲ့ပါတယ်။ နေယံကတော့ သူ့ရဲ့ ကျေးဇူးရှင် ဖခင်ကြီးကို မမျှော်လင့်ပဲ ရုတ်တရက် ဆုံးရှုံးလိုက်ရတာကြောင့် “ကျွန်တော့ အဖေဆုံးပြီးဗျာ 😭😭😭😭😭😭😭😭 ဘာစာမှမဖြေနိုင်တော့ပါ😭😭” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေ ဝမ်းနည်းကြေကွဲစွာနဲ့ အသိပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

နေယံ ကတော့ မနက်ပိုင်းမှာ သူ့ရဲ့အလုပ်ကိစ္စပို့စ်တွေကို အေးအေးဆေးဆေး တင်နေခဲ့တာဖြစ်ပြီး ညနေမှာတော့ သူ့ရဲ့ဖခင်ကွယ်လွန် သွားပြီဆိုပြီး ပြောလာတာကြောင့် ပရိသတ်တွေက အံ့သြစိတ်မကောင်းဖြစ်နေ တာပဲ ဖြစ်ပါတယ်။ နေယံရဲ့ ဖခင်ကြီးလည်း ကောင်းရာသုဂတိလား ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Yan’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment