Celebrity
Written by Ms Cele
ခေတ်ကာလအခြေအနေတွေ မကောင်းပေမယ့် တစ်ခြားစီးပွားရေးဘာမှမရှိတဲ့အတွက် live saleပြန်လုပ်မယ်လို့ ပရိသတ်တွေကို အသိပေးလိုက်တဲ့ ခင်ရတနာစိုး
ပရိတ်သတ်ကြီးရေ…တစ်နိုင်ငံလုံးက ပရိသတ်တွေ ရင်ခုန်စွာနဲ့ အားပေးခဲ့ကြရတဲ့ The Voice Myanmar Season (3) ရဲ့ပြိုင်ပွဲဝင် တစ်ယောက်ဖြစ်တဲ့ ခင်ရတနာစိုးဟာဆိုရင် သူမကျွမ်းကျင်တဲ့ အဆိုပညာနဲ့ဆိုင်းပညာကို ကောင်းကောင်းအသုံးချပြီး ပရိတ်သတ်တွေအံ့သြမှင်သက်စေအောင် သီဆိုဖျော်ဖြေနိုင်ခဲ့တဲ့ ထူးခြားတဲ့ပါရမီရှင် တစ်ဦးပဲဖြစ်ပါတယ်။ ခင်ရတနာစိုး ကတော့ ကံမကောင်းစွာနဲ့ Winner ဆုကြီးကို လွဲချော်ခဲ့ရပေမယ့်လည်း တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးမှုကို သိမ်းကြုံးရရှိ သွားခဲ့တာတဲ့သူလည်းဖြစ်ပါတယ်နော်..။
ပြိုင်ပွဲပြီးဆုံးသွားပြီးနောက်ပိုင်းမှာ ဆိုရင်လည်း Onlineကနေတစ်ဆင့်ရတနာပစ္စည်းတွေကို Liveလွှင့်ရောင်းချပြီး သူမအရမ်းချစ်ရတဲ့ မိခင်ကြီးကို ရိုးသားစွာနဲ့ရှာကျွေးနေတာပဲဖြစ် ပါတယ်နော်။ခင်ရတနာစိုးက လတ်တလောဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေမှာဆိုရင်လည်း သူမတတ်နိုင်တဲ့ ဘက်ကနေပါဝင်ပြီး သူမရဲ့ ဖေ့စ်ဘုတ်အကောင့်မှတစ်ဆင့် Speak Out လုပ်ပေးနေတာကိုလည်းတွေ့မြင့်ရပါသေးတယ်နော်.။နိုင်ငံရေးအခြေအနေတွေကြောင့်ရယ် ကိုဗစ် 19 ရောဂါတွေဖြစ်ပေါ်နေတဲ့အတွက်ရယ်ကြောင့် သူမရဲ့အလုပ်တွေကိုရပ်နားထားရတာပဲဖြစ်ပါတယ်နော်။အခြားသောစီးပွားရေးလုပ်ငန်းမရှိတဲ့ခင်ရတနာစိုးက သူမတို့ရဲ့စားဝတ်နေရေးအတွက် Online ကတစ်ဆင့် Live လွှင့်စျေးရောင်းတဲ့အလုပ်ကို ပြန်လည်လုပ်ကိုင်ချင်တဲ့အတွက် ပရိတ်သတ်တွေသူမရဲ့အလုပ်ကို နားလည်ပေးဖို့ခွင့်ပန်လာခဲ့တာပဲဖြစ်ပါတယ်နော်..။
ခင်ရတနာစိုးက “နိုင်ငံရေးအခြေအနေမကောင်းသေးတာညီမ သိပါတယ်ရှင့်သို့ပေမယ့် ညီမပရိတ်သတ်ကိုခွင့်တောင်းစရာလေးရှိပါတယ်ရှင့် တော်တော်များများLive saleလေးတွေပြန်လုပ်နေကြပါပြီညီမလည်းနိုင်ငံရေးအခြအနေမဖြစ်ခင်ကထဲငွေကြိုယူထားတဲ့Live saleလေးတွေကော စရံယူထားတဲ့Live saleလေးတွေကော အနည်းငယ်ရှိပါတယ်ရှင့်အလုပ်ရှင်များကလည်းlive saleလုပ်ဖို့ပြန်ကမ်းလှမ်းလာတဲ့ အတွက် live saleလေးတွေပြန်လုပ်ခွင့်ပေးပါရှင် ညီမလည်းCovidနဲ့ နိုင်ငံရေးကြား စီးပွါးရေးကလည်းတစ်ခြားဘာမှမရှိတဲ့အတွက် ခွင့်ပန်ပါရစေရှင့်အားလုံး နားလည်ပေးကြပါအခက်အခဲအားလုံးမှာ ရှိတာသိပေမယ့် ညီမအတွက် ဒီအလုပ်လေးတွေရှိလက်စမို့ လုပ်ခွင့်ပြုပါလို့ရိုသေစွာခွင့်ပန်ပါရစေရှင့် ပရိတ်သတ်အမြင်မကြည်မဖြစ်ရအောင်လည်းညီမရက်ဆက်တိုက်Live saleမလုပ်ပါဘူးရှင့်တတ်နိုင်သလောက်ခပ်ခွါခွါလုပ်ပါ့မယ်အားလုံကျန်းမာချမ်းသာ ဘေးကင်းကြပါစေ🙏” ဆိုပြီးခွင့်ပန်လာခဲ့တာပဲဖြစ်ပါတယ်နော်။ချစ်ပရိတ်သတ်ကြီးကလည်း ခင်ရတနာစိုးရဲ့အခက်အခဲကိုနားလည်ပေးလိမ့်မယ်လို ့မျှော်လင့်ပါတယ်နော်..။ဖတ်ရှုပေးတဲ့ Celebrity Platforms ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်…။
Source ; Khin Yadanar Soe Facebook Page
Credit ; Celebrity Platforms
About the author
Ms Cele
Leave a Comment