Celebrity


Written by Ms Cele





Credit:Cele Gabar

ခေတ်ဟောင်း ဖက်ရှင်တွေကို ဝတ်ဆင်ကာ မြန်မာဆန်ဆန်နဲ့ ကျက်သရေ ရှိရှိလှနေတဲ့ ခင်ဝင့်ဝါ

ပရိသတ်တွေ ကခေးလေးလို့ချစ်စနိုးခေါ်တဲ့ခင်ဝင့်ဝါ ကတော့ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်တဲ့ အရုပ်မလေးလို လှရက်လွန်းသူပါ။ တစ်ချိန်ကမြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်ဖြစ်ခဲ့သလို နိုင်ငံတကာကနေပြီးလည်း သူ့ရဲ့အလှကို အသိအမှတ်ပြုကာ Most Beauty Girl in the World Award (Miss Supranational 2013) ကိုလည်း ရရှိခဲ့ ပါသေးတယ်။

ခင်ဝင့်ဝါ ကတော့ မော်ဒယ်လ်၊မင်းသမီး တစ်လက်အနေနဲ့ အနုပညာလောကမှာ လျှောက်လှမ်းကာ ပရိသတ်အားပေးမှုကို အခိုင်အမာ ရရှိနေခဲ့ပါပြီ။ ဒီနေ့မှာတော့ ပရိသတ်တွေကြွေသွားစေမယ့် ပုံရိပ်လေးတွေကိုလည်း မျှဝေပေး ခဲ့တာဖြစ်ပါတယ်။ ခင်ဝင့်ဝါကတော့ လိုက်ဖက်တဲ့ မိတ်ကပ်အပြင်အဆင်တွေနဲ့အတူ ခေတ်ဟောင်းဖက်ရှင်တွေကို ဝတ်ဆင် ထားတာကြောင့် မြန်မာဆန်ဆန်နဲ့ ကျက်သရေ ရှိရှိလှလွန်းနေတာလည်း ဖြစ်ပါတယ်။

ပရိသတ်တွေ ကတော့ မြန်မာဆန်တဲ့အလှကို ချီးကျူးပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။ ခင်ဝင့်ဝါ ကတော့ ခေတ်ဆန်ဆန်ပုံစံတွေနဲ့လည်း လိုက်ဖက်သလို အခုလိုခေတ်ဟောင်း စတိုင်နဲ့လည်း လှရက်လွန်းသူပါပဲနော်….

Credit:Cele Gabar

About the author

Ms Cele

Leave a Comment