Celebrity


Written by Ms Cele





Swelsone News

ချောမောခန့်ထည်တဲ့ သူနဲ့ ချစ်သူဖြစ်ခွင့်ရတာ ကံကောင်းတယ်လို့ ချစ်သူကောင်မလေးကို အရွှန်းဖောက် စနောက်လိုက်တဲ့ ရဲနောင်

အဆိုတော်ရဲနောင် ကတော့ Myanmar Idolသီချင်းဆိုပြိုင်ပွဲကြီးကနေ ထွက်ပေါ်လာတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေ ရဲ့ ရင်ထဲမှာ နေရာတစ်ခုကို ရယူထားနိုင်ခဲ့သူတစ်ယောက် ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ပြီး သီချင်း အသစ်လေးတွေထွက်ရှိဖို့ ကြိုးစားလျက်ရှိနေတဲ့ ရဲနောင် ကတော့ ပျော်ပျော်ရွှင်ရွှင် နေထိုင်တက်သူ တစ်ယောက်ဖြစ်ပါတယ်။

သူကတော့ အရမ်း ချစ်စရာကောင်းပြီး အရုပ်မလေးလို လှတဲ့ ချစ်သူကောင်မလေးနဲ့ အတူ အေးချမ်းသာယာ တဲ့ ချစ်သူဘဝလေးကို တည်ဆောက် ထားနိုင်ခဲ့ပါတယ်။ရဲနောင် ကတော့ ကြည်နူးစရာကောင်းတဲ့ စုံတွဲပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်တင်ပေးလေ့ရှိပါတယ်။ ရဲနောင်ကတော့ ယခုမှာ ရှေးဘဝကကုသိုလ်ကံကြောင့် အရုပ်မလေးလိုချစ်စရာကောင်းပြီး အရမ်းလှတဲ့ ကောင်မလေးနဲ့ချစ်သူ ဖြစ်ခွင့်ရတဲ့အကြောင်းပြောပြလာခဲ့ပါတယ်။

ရဲနောင်ကတော့ ” ချောမောလှပခန့်ထည်တဲ့ သူနဲ့ ချစ်သူဖြစ်ရတဲ့သူက ရှေးဘဝ ကုသိုလ်ကံ ကောင်းလို့တဲ့ . . ဥပမာ . . ဘေးက ကောင်မလေးလဲ ကံကောင်းပါတယ် “ဆိုပြီးစနောက်ကာ ရေးသားထား ခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ရဲနောင်တို့ ချစ်သူစုံတွဲရဲ့ ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါ ပုံလေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Swelsone News

About the author

Ms Cele

Leave a Comment