Celebrity


Written by Ms Cele





Credit:Swelsone News

ခွေးလေးတွေကို ကျွေးထားတဲ့ အစာတွေကို ငိုပြီးစားနေတဲ့ အဘိုးအိုရဲ့ အိမ်ကို သွားရောက်လှူဒါန်းခဲ့တဲ့ Sinon

ပရိသတ်ကြီးရေ မကြာသေးခင် ခွေးလေးတွေကို ကျွေးထားတဲ့ အစာတွေကို ငိုပြီးစားနေတဲ့ အဘိုးအို တစ်ယောက်ရဲ့ ဗီဒီယိုလေးဟာ လူမှုကွန်ယက်မှာ ပြန်နှံ့ခဲ့ပါတယ်။ ဖိလစ်ပိုင်းမော်ဒယ် တစ်ယောက်ဖြစ်ပြီ မြန်မာနိုင်ငံမှာ ပရဟိတအလုပ်တွေလုပ်ဆောင်နေတဲ့ Sinon က ဒီဗီဒီယိုလေးမြင်ပြီး ဗီဒီယိုထဲက အဘိုးအိုကိုရှာဖွေခဲ့ပြီး ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

Sinon က “ကျတော် ဒီ အဘိုးအို ခွေး ကလေးတွေ ကျွေးတဲ့ အစာကိုငိုပီးစားနေတဲ့Videoကိုကြည့်ပီး တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ် အရမ်းဝမ်းနည်းမိတယ်။ဘဝတွေ ကအချို့ လူတွေ အတွက် အရမ်းကြမ်းတမ်းတယ်။ဒါနဲ့ ကျဝောာ်သူ့ကိုသွားအကူအညီပေးဖို့သူ့အိမ်ကိုစုံစမ်းပီးသွားခဲ့ပါတယ်။ ဒါပေမဲ့သူနဲ့တော့ မတွေ့ခဲ့ရပါဘူး။သူအပြင်ထွက်ပီး အလှူ ခံနေလို့ လို့ ပြောကြပါတယ်။ သူ့ရဲ့ အဖေနဲ့ အမေပီးတော့ သူ့ အမျိုးတွေနဲ့တော့ တွေ့ခဲ့ရပါတယ်။

ဲဲပြီးတော့ ကျနော်သူတို့ကို ကျနော်တတ်နိုင် သလောက် ထောက်ပံ့မှုလေးတွေနဲ့ ကူညီခဲ့ပါတယ်။သူ့ အကို တစ်ယောက်က အရင် က ‌စစ်ပွဲကြောင့် ခြေထောက် တစ်ဖက်မရှိတော့ပါဘူး။ ကျတော်သူတို့နဲ့ တွေ့ပီး ကူညီ ခွင့်ရတာ အရမ်းပျော်တယ်။ ကျေးဇူး ပြုပီး ဒီလိုလူမျိုးတွေကို တတ်နိုင်သလောက်လေး ကူညီပေးကြပါ အချစ်တွေ ဝေမျှနိုင်ကြပါစေ” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီး အတွက် Sinon ရဲ့ အလှူလေးကိ​ု သာဓုခေါ်ရအောင်ဖော်ပြပေး လိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment