Celebrity


Written by Ms Cele






ဂေဟာကို ခေါ်ဆောင်လာတာ (၅) ရက်ပဲရှိသေးတဲ့ သားလေးကို နောက်ဆုံး အဆင့် ဖြစ်တဲ့ သွေးသွင်း ကုသနည်းနဲ့ အသက်လုကုသ နေရကြောင်း ပြောလာတဲ့ ခိုင်နှင်းဝေ

နိုင်ငံကျော်မင်းသမီး ခိုင်နှင်းဝေ ကတော့ သရုပ်ဆောင် ကောင်းရုံသာမက သူတစ်ပါး အပေါ်ကိုလည်း စာနာနားလည် စိတ်အပြည့်ရှိတဲ့ စိတ်ထားကောင်းသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ လက်ရှိမှာလည်း အများအကျိုးကို သယ်ပိုး ဆောင်ရွက်နေပြီး မိဘက စွန့်ပစ်သွားတဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ခိုင်နှင်းဝေက လွန်ခဲ့တဲ့ ဇန်နဝါရီလ (၁၅) ရက်နေ့ကမှ ဒလမြို့ကနေ ခေါ်ဆောင်လာတဲ့ သားလေးရဲ့ စိုးရိမ်စရာ ကျန်းမာရေး အခြေအနေကို အခုလိုပဲ ပြောပြလာပါတယ်။

ခိုင်နှင်းဝေက “ဒလ ဘက်မှ ခေါ်လာတဲ့ သားငယ်လေး (ပေါင်မပြည့် လ မစေ့ ပိုးဝင် အဆုတ်အားနဲ အသားဝါ ) တို့ကြောင့် ဆေးရုံမှာ အရေးပေါ် အသက်ရှုစက်ပေါ် တင်ထားရပြီး နောက်ဆုံး အဆင့်ဖြစ်တဲ့ သွေးသွင်း ကုသနည်းဖြင့် အသက်လု ကုသနေရပါတယ်ရှင်။ ကလေးအတွက် ဗေဒင်၊ယတြာများ ဆက်တိုက် ချေပေးပြီး အခြေအနေကောင်းအောင် ဆရာတော်တွေ ဆီ အပ်ကာ ဆုတောင်း မေတ္တာ ပို့ပေးနေရပါတယ်။ ကံကောင်း ပါစေလို့သာ ရင် တထိတ်ထိတ် နဲ့ ဆုတောင်းနေရပါတယ် သားလေးရေ..🙏🙏🙏” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးလာပါတယ်။

ခိုင်နှင်းဝေ ကတော့ သူမရဲ့ ဂေဟာကိုခေါ်ဆောင် လာတာ (၅) ရက်ပဲရှိသေးတဲ့ သားလေး အတွက် ဝမ်းနည်းစိတ်မကောင်းခြင်းများစွာဖြစ်နေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေရဲ့ သားလေးအတွက် ကျန်းမာရေး ကောင်းမွန်လာဖို့ ဆုတောင်း ပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်နော်။

Source: Khine Hnin Wai’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment