Celebrity


Written by Ms Cele






ငွေမှုံရတီနဲ့အတူ ပထမဦးဆုံး အကြိမ် တွဲဖက် သီဆိုထားတဲ့ “ဖြေ” သီချင်းလေး ကို MV နဲ့တကွ ချပြလာတဲ့ ရွှေထူး

အချစ်၊ အလွမ်း၊ အဆွေး သီချင်းတွေနဲ့ ပက်သတ် ရင် ဆရာကျသူ တစ်ယောက်ဖြစ်တဲ့ အဆိုတော် ရွှေထူး ကတော့ တစ်နိုင်ငံလုံးက ကြီးကြီး ငယ်ငယ် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားသူ တစ်ယောက် ဆိုလည်း မမှားပါဘူး။ ရွှေထူးကတော့ အဆိုတော် တစ်ယောက်အဖြစ် အောင်မြင်အောင် ကြိုးစားခဲ့ပြီး အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း ပရိသတ်တွေ အတွက် အသစ်အသစ်သော သီချင်းတွေနဲ့ အဆက်အသွယ်မပြတ်ရှိနေဆဲ ဖြစ်ပါတယ်။ ရွှေထူးကတော့ ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာလည်း သီချင်းသစ်လေးတစ်ပုဒ်ကို MV နဲ့တကွ ချပြလာပါတယ်။

ရွှေထူးက သူ့ရဲ့ ခယ်မချောလေး ဖြစ်တဲ့ ငွေမှုံရတီနဲ့အတူတူ “ဖြေ” ဆိုတဲ့ သီချင်းလေး တစ်ပုဒ်ကို အတူတူ ဖန်တီးသီဆိုခဲ့တာပဲ ဖြစ်ပါတယ်။ ငွေမှုံရတီ ကလည်း သူမရဲ့ ပထမဦးဆုံး သီချင်းလေးမှာ အသစ်တစ်ယောက်နဲ့ မတူအောင် သေသေချာချာ ကြိုးစားထား တာမို့ ပရိသတ်ကြီး နားဆင် နိုင်ဖို့ အခုလိုပဲ မျှဝေတင်ဆက်ပေး လိုက်ရပါတယ်နော်။

ရွှေထူးနဲ့ ငွေမှုံရတီတို့ နှစ်ယောက် ကတော့ “ဖြေ” ဆိုတဲ့ သီချင်းလေးအတွက် သာမကပဲ MV ကိုလည်း ပရိသတ်ရင်ထဲ ရောက်အောင် ဖန်တီးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေထူးနဲ့ ငွေမှုံရတီရဲ့ သီချင်းသစ်လေးကို ကြိုက်နှစ်သက် သဘောကျမယ်လို့ မျှော်လင့်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment