Celebrity

ေစ်းႀကီး တဲ့ Branded ေတြကို ၀ယ္မသံုး ျဖစ္ေၾကာင္း ေျပာျပ လာတဲ့ ေရႊသမီး

Written by Ms Cele

ေစ်းႀကီး တဲ့ Branded ေတြကို ၀ယ္မသံုး ျဖစ္ေၾကာင္း ေျပာျပ လာတဲ့ ေရႊသမီး

ျဖဴစင္တဲ့အျပဳံးေလးနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနတတ္တဲ့ ေမာ္ဒယ္ သ႐ုပ္ေဆာင္ ေရႊသမီးကေတာ့ နာမည္ရေနတဲ့ အႏုပညာရွင္ တစ္ဦးျဖစ္ေပမယ့္ လုပ္အားခ အကုန္မိခင္ကိုပဲ ျပန္အပ္ၿပီးေဈးႀကီးတာေတြ ဝယ္သုံးေလ့မရွိဘူး လို႔ဆိုပါတယ္။

ေရႊသမီးကေတာ့ ” ေဈးႀကီးတဲ့ ပစၥည္းေတြ မႀကိဳက္ဘူးလား ေမးရင္ေတာ့ ႀကိဳက္တာပဲေလ ေနာ့္ ႀကိဳက္တဲ့မိန္းကေလး ထဲမွာ ပါတယ္ ဒါေပမယ့္ ကိုယ့္အေနထားနဲ႔ အေျခအေနကိုၾကည့္ၿပီးမွ သုံးစြဲတယ္ ေနာင္က်လို႔ နာမည္ႀကီးလာၿပီး စီးပြားေရး အဆင္ေျပလာလို႔ ေငြပိုလၽွံလာရင္လည္း ဝယ္ျဖစ္သုံးျဖစ္မွာေပါ့ေနာ္ ေတာ္ေတာ္မ်ားမ်ား brand မဟုတ္တာေတြပဲ ကိုင္ျဖစ္တာမ်ားပါတယ္ ” လို႔ဆိုထားပါတယ္။

လုပ္အားခကို အေမ့ကိုအကုန္အပ္တယ္ဆိုတဲ့ ေရႊသမီးကေတာ့ “ကိုယ္အလုပ္လုပ္တဲ့ ပိုက္ဆံကို ေမေမ့ကိုပဲ အကုန္အပ္တယ္ ေရႊ တျပားတခ်ပ္မွမသုံးဘူး ကိုင္လည္း မကိုင္ဘူး စာခ်ဳပ္ေတြဘာေတြခ်ဳပ္ကတည္းက ေရႊလက္မွတ္ပဲထိုးတယ္ ပိုက္ဆံေတြေမေမ့ကိုပဲ ေပးပါလို႔ေျပာထားတယ္ ေမေမပဲကိုင္တယ္ ေမေမပဲ ေစ့ေစ့စပ္စပ္ေလးလုပ္ေပးတယ္ ”

“ေရႊသုံးစရာရွိရင္ လက္ျဖန္႔ၿပီးျပန္ေတာင္း ရတယ္ မန္းေလးျပန္ရင္လည္း သူငယ္ခ်င္းေတြနဲ႔ သိပ္မထြက္ျဖစ္ဘူး ထြက္ရင္လည္း မုန္႔ဝယ္စားတာ ဆိုေတာ့ ပိုက္ဆံေတာင္းရၿပီ ပထမတစ္ရက္ကေတာင္းထားတယ္ ဒုတိယရက္က်ေတာ့ သိပ္မရွိေတာ့ဘူး ထပ္ေတာင္းရင္ မေန႔ကယူသြား တယ္ေလ မေန႔ကပဲအမ်ားႀကီးယူသြားတယ္ေလ ဆိုေတာ့ တစ္ခါတည္းမ်ားမ်ားယူသြားလိုက္တယ္ ”

“ယူသြားတဲ့ ပိုက္ဆံကလည္း မုန္႔စားဖို႔အတြက္ပဲ ဘာအဆာပလာသုံးဖို႔ဝယ္ဖို႔လည္း မဟုတ္ဘူး ရန္ကုန္မွာဆိုလည္း အဲ့လိုပဲ မုန္႔ဝယ္စားဖို႔အတြက္ပဲ ပိုက္ဆံ မကိုင္ဘူး ေမေမ့ကိုပဲေပးထားတယ္” လို႔ဆိုပါတယ္။

မိခင္ဆီက ေငြထုတ္ပုံနဲ႔ စာရင္းျပန္တင္ရတဲ့ အေၾကာင္းေလးကိုလည္း
“တစ္ခါတစ္ေလ ႀကိဳႏွိုက္ထားတာမ်ိဳးေတြ ရွိတယ္ ၅ေသာင္းေလာက္ႏွိုက္ထား လိုက္တယ္ ေမေမက အျပင္သြားဖို႔ ၈ေသာင္းေလာက္ေပး တယ္ဆိုရင္ ခိုင္သြားၿပီေလ ေနာက္တစ္ခါျပန္ေတာင္းဖို႔မလိုေတာ့ဘူး အမ်ားႀကီးျပန္ ေတာင္းၿပီးရင္ ပိုရင္လည္း အေမ့ကိုျပန္အပ္တယ္ အမ်ားႀကီးစားမိလို႔ကုန္ရင္ ေမေမကစစ္တယ္ နင္ဘာေတြစားထား တာလဲတို႔ ဘာတို႔ေပါ့” လို႔ သူ႔အျဖစ္အပ်က္ေလးကို ေျပာျပထား ပါေသးတယ္။

ရတဲ့ေငြေၾကးနဲ႔ ေလာက္ေအာင္ မၽွမၽွတတသုံးတယ္ဆိုတဲ့ ေရႊသမီးကေတာ့
“ပထမဦးဆုံးရတဲ့ အႏုပညာေၾကးက သုံးသိန္း အဲ့တာဘာလဲဆိုေတာ့ စလုပ္တဲ့အခ်ိန္ေပါ့ ၁၀တန္းေျဖၿပီးတဲ့အခ်ိန္ ရွန္ပူ Product တစ္ခုမွာ ရွိုးပြဲဝင္ၿပိဳင္ေတည့ သုံးသိန္းရတယ္ အဲ့တာ ပထမဆုံးရတဲ့လစာေပါ့”

“ပိုက္ဆံအမ်ားႀကီးသုံးတဲ့ေနရာကေတာ့ မုန္႔စားတာပဲ ေဈးႀကီးတဲ့ ပစၥည္းေတြ မႀကိဳက္ဘူးလားေမးရင္ေတာ့ ႀကိဳက္တာပဲေလ ေနာ့္ ႀကိဳက္တဲ့မိန္းကေလး ထဲမွာပါတယ္ ဒါေပမယ့္ ကိုယ့္အေနထားနဲ႔ အေျခအေနကိုၾကည့္ၿပီးမွ သုံးစြဲတယ္ ကိုယ္ေတြအတြက္ အရမ္းခက္ခဲခဲ့တဲ့ အခ်ိန္ဆိုတာရွိတယ္ေပါ့ေနာ္ ေငြရဲ့တန္ဖိုး အခုအခ်ိန္ ကိုယ္တိုင္အလုပ္လုပ္တဲ့အခ်ိန္မွာပိုသိလာတယ္ အဲ့တာေၾကာင့္လိုအပ္တဲ့အရာေတြပဲေရႊဝယ္တယ္ ေနာင္က်လို႔ နာမည္ႀကီးလာၿပီး စီးပြားေရးအဆင္ေျပလာလို႔ ေငြပိုလၽွံလာရင္လည္း ဝယ္ျဖစ္သုံးျဖစ္မွာေပါ့ေနာ္ ကိုယ္လည္းေဈးႀကီးတာေတြႀကိဳက္တဲ့ထဲမွာ ပါတယ္ေလေနာ္ ေတာ္ေတာ္မ်ားမ်ား brand မဟုတ္တာေတြပဲ ကိုင္ျဖစ္တာမ်ားပါတယ္ ”

“အဓိကစိတ္ေပါ့ ကိုယ့္ကိုကိုယ္လည္းဆုံးမတယ္ ကိုယ့္ရဲ့အေျခအေနနဲ႔ေရာင့္ရဲတင္းတိမ္ရမယ္ ကိုယ္ရွိတာနဲ႔လွေအာင္သုံးတတ္ရမယ္ ေလာက္ေအာင္သုံးတတ္ရမယ္ေပါ့ မိသားစုအတြက္လည္း လိုအပ္တဲ့ေနရာေတြရွိေနေသးတာျဖစ္တဲ့အတြက္ မိသားစုအတြက္အမ်ားဆုံးသုံးျဖစ္တာေပါ့” လို႔ Myanmar Celebrity နဲ႔ အင္တာဗ်ဴးမွာေျဖဆိုထားတာပါ။

ခရက္ဒစ္-ေရႊေရာင္ျမန္မာ

စျေးကြီး တဲ့ Branded တွေကို ဝယ်မသုံး ဖြစ်ကြောင်း ပြောပြ လာတဲ့ ရွှေသမီး

ဖြူစင်တဲ့အပြုံးလေးနဲ့ ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ မော်ဒယ် သရုပ်ဆောင် ရွှေသမီးကတော့ နာမည်ရနေတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပေမယ့် လုပ်အားခ အကုန်မိခင်ကိုပဲ ပြန်အပ်ပြီးဈေးကြီးတာတွေ ဝယ်သုံးလေ့မရှိဘူး လို့ဆိုပါတယ်။

ရွှေသမီးကတော့ ” ဈေးကြီးတဲ့ ပစ္စည်းတွေ မကြိုက်ဘူးလား မေးရင်တော့ ကြိုက်တာပဲလေ နော့် ကြိုက်တဲ့မိန်းကလေး ထဲမှာ ပါတယ် ဒါပေမယ့် ကိုယ့်အနေထားနဲ့ အခြေအနေကိုကြည့်ပြီးမှ သုံးစွဲတယ် နောင်ကျလို့ နာမည်ကြီးလာပြီး စီးပွားရေး အဆင်ပြေလာလို့ ငွေပိုလျှံလာရင်လည်း ဝယ်ဖြစ်သုံးဖြစ်မှာပေါ့နော် တော်တော်များများ brand မဟုတ်တာတွေပဲ ကိုင်ဖြစ်တာများပါတယ် ” လို့ဆိုထားပါတယ်။

လုပ်အားခကို အမေ့ကိုအကုန်အပ်တယ်ဆိုတဲ့ ရွှေသမီးကတော့ “ကိုယ်အလုပ်လုပ်တဲ့ ပိုက်ဆံကို မေမေ့ကိုပဲ အကုန်အပ်တယ် ရွှေ တပြားတချပ်မှမသုံးဘူး ကိုင်လည်း မကိုင်ဘူး စာချုပ်တွေဘာတွေချုပ်ကတည်းက ရွှေလက်မှတ်ပဲထိုးတယ် ပိုက်ဆံတွေမေမေ့ကိုပဲ ပေးပါလို့ပြောထားတယ် မေမေပဲကိုင်တယ် မေမေပဲ စေ့စေ့စပ်စပ်လေးလုပ်ပေးတယ် ”

“ရွှေသုံးစရာရှိရင် လက်ဖြန့်ပြီးပြန်တောင်း ရတယ် မန်းလေးပြန်ရင်လည်း သူငယ်ချင်းတွေနဲ့ သိပ်မထွက်ဖြစ်ဘူး ထွက်ရင်လည်း မုန့်ဝယ်စားတာ ဆိုတော့ ပိုက်ဆံတောင်းရပြီ ပထမတစ်ရက်ကတောင်းထားတယ် ဒုတိယရက်ကျတော့ သိပ်မရှိတော့ဘူး ထပ်တောင်းရင် မနေ့ကယူသွား တယ်လေ မနေ့ကပဲအများကြီးယူသွားတယ်လေ ဆိုတော့ တစ်ခါတည်းများများယူသွားလိုက်တယ် ”

“ယူသွားတဲ့ ပိုက်ဆံကလည်း မုန့်စားဖို့အတွက်ပဲ ဘာအဆာပလာသုံးဖို့ဝယ်ဖို့လည်း မဟုတ်ဘူး ရန်ကုန်မှာဆိုလည်း အဲ့လိုပဲ မုန့်ဝယ်စားဖို့အတွက်ပဲ ပိုက်ဆံ မကိုင်ဘူး မေမေ့ကိုပဲပေးထားတယ်” လို့ဆိုပါတယ်။

မိခင်ဆီက ငွေထုတ်ပုံနဲ့ စာရင်းပြန်တင်ရတဲ့ အကြောင်းလေးကိုလည်း
“တစ်ခါတစ်လေ ကြိုနှိုက်ထားတာမျိုးတွေ ရှိတယ် ၅သောင်းလောက်နှိုက်ထား လိုက်တယ် မေမေက အပြင်သွားဖို့ ၈သောင်းလောက်ပေး တယ်ဆိုရင် ခိုင်သွားပြီလေ နောက်တစ်ခါပြန်တောင်းဖို့မလိုတော့ဘူး အများကြီးပြန် တောင်းပြီးရင် ပိုရင်လည်း အမေ့ကိုပြန်အပ်တယ် အများကြီးစားမိလို့ကုန်ရင် မေမေကစစ်တယ် နင်ဘာတွေစားထား တာလဲတို့ ဘာတို့ပေါ့” လို့ သူ့အဖြစ်အပျက်လေးကို ပြောပြထား ပါသေးတယ်။

ရတဲ့ငွေကြေးနဲ့ လောက်အောင် မျှမျှတတသုံးတယ်ဆိုတဲ့ ရွှေသမီးကတော့
“ပထမဦးဆုံးရတဲ့ အနုပညာကြေးက သုံးသိန်း အဲ့တာဘာလဲဆိုတော့ စလုပ်တဲ့အချိန်ပေါ့ ၁ဝတန်းဖြေပြီးတဲ့အချိန် ရှန်ပူ Product တစ်ခုမှာ ရှိုးပွဲဝင်ပြိုင်တေည့ သုံးသိန်းရတယ် အဲ့တာ ပထမဆုံးရတဲ့လစာပေါ့”

“ပိုက်ဆံအများကြီးသုံးတဲ့နေရာကတော့ မုန့်စားတာပဲ ဈေးကြီးတဲ့ ပစ္စည်းတွေ မကြိုက်ဘူးလားမေးရင်တော့ ကြိုက်တာပဲလေ နော့် ကြိုက်တဲ့မိန်းကလေး ထဲမှာပါတယ် ဒါပေမယ့် ကိုယ့်အနေထားနဲ့ အခြေအနေကိုကြည့်ပြီးမှ သုံးစွဲတယ် ကိုယ်တွေအတွက် အရမ်းခက်ခဲခဲ့တဲ့ အချိန်ဆိုတာရှိတယ်ပေါ့နော် ငွေရဲ့တန်ဖိုး အခုအချိန် ကိုယ်တိုင်အလုပ်လုပ်တဲ့အချိန်မှာပိုသိလာတယ် အဲ့တာကြောင့်လိုအပ်တဲ့အရာတွေပဲရွှေဝယ်တယ် နောင်ကျလို့ နာမည်ကြီးလာပြီး စီးပွားရေးအဆင်ပြေလာလို့ ငွေပိုလျှံလာရင်လည်း ဝယ်ဖြစ်သုံးဖြစ်မှာပေါ့နော် ကိုယ်လည်းဈေးကြီးတာတွေကြိုက်တဲ့ထဲမှာ ပါတယ်လေနော် တော်တော်များများ brand မဟုတ်တာတွေပဲ ကိုင်ဖြစ်တာများပါတယ် ”

“အဓိကစိတ်ပေါ့ ကိုယ့်ကိုကိုယ်လည်းဆုံးမတယ် ကိုယ့်ရဲ့အခြေအနေနဲ့ရောင့်ရဲတင်းတိမ်ရမယ် ကိုယ်ရှိတာနဲ့လှအောင်သုံးတတ်ရမယ် လောက်အောင်သုံးတတ်ရမယ်ပေါ့ မိသားစုအတွက်လည်း လိုအပ်တဲ့နေရာတွေရှိနေသေးတာဖြစ်တဲ့အတွက် မိသားစုအတွက်အများဆုံးသုံးဖြစ်တာပေါ့” လို့ Myanmar Celebrity နဲ့ အင်တာဗျူးမှာဖြေဆိုထားတာပါ။

ခရက်ဒစ်-ရွှေရောင်မြန်မာ

About the author

Ms Cele

Leave a Comment