Celebrity

ေဆးကုသမႈ ခံယူေနတဲ့ ေဗလု၀ရဲ႕လက္ရိွ က်န္းမာေရး အေျခအေန ကို ေျပာျပလာတဲ့ ေအာင္ေသာ္

Written by Ms Cele

ေဆးကုသမႈ ခံယူေနတဲ့ ေဗလု၀ရဲ႕လက္ရိွ က်န္းမာေရး အေျခအေန ကို ေျပာျပလာတဲ့ ေအာင္ေသာ္

နိုင္ငံေက်ာ္ ရုပ္ရွင္နဲ့ ဗီဒီယို ဟာသသ ရုပ္ေဆာင္ တစ္ေယာက္ျဖစ္တဲ့ ေဗလုဝကေတာ့ အနုပညာ မွာ အင္မတန္ လက္ေစာင္း ထက္တဲ့ ဝါရင့္သမၻာရင့္ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေဗလုဝ ကေတာ့ ရုပ္ရွင္ ဇာတ္ကားေတြမွာ ပါဝင္ သရုပ္ေဆာင္ခဲ့ရံုသာမက ဝတၳဳနဲ့ ဇာတ္ညႊန္းေတြမ်ားစြာ ကိုလည္း ေရးသားခဲ့ျပီး ပရိသတ္ေတြကုိ ဘဝအေမာေျပေပ်ာက္ေစ ခဲ့သူ ျဖစ္ပါတယ္။ အကယ္ဒမီ ဆုၾကီးတစ္ဆုကို လက္ဝယ္ ပိုင္ဆိုင္ထားျပီျဖစ္တဲ့ ေဗလုဝကေတာ့ ေနာက္ပိုင္းမွာ သူ့ရဲ့ က်န္းမာေရး အေျခအေနေၾကာင့္ အရင္ကေလာက္ အနုပညာအလုပ္ေတြကို မလုပ္ကိုင္ နိုင္ေတာ့တာပဲ ျဖစ္ပါတယ္။

က်န္းမာေရး အေျခအေနေၾကာင့္ အနုပညာ အလုပ္နဲ့ ထမင္းဆိုင္စီးပြားေရး တို့ကို လွည့္မၾကည့္နိုင္ေတာ့တဲ့ ေဗလုဝက လက္ရိွ မွာလည္း ေဆးရံုမွာ ေဆးကုသမႈ ခံယူေနရတယ္လို့ သိရပါတယ္။ ေဗလုဝရဲ့ က်န္းမာေရး အေျခအေနနဲ့ ပက္သတ္ျပီး သရုပ္ေဆာင္တစ္ေယာက္ျဖစ္သူ ေအာင္သူက “႐ုပ္ရွင္ႏွင္ဗီဒီယိုဟာသ႐ုပ္ေဆာင္ ေဗလုဝ က်န္းမာေရးအေျခအေနေၾကာင့္ ပင္လုံေဆး႐ုံႀကီး အခန္း (၁၃၁၈ ) တြင္ ေဆးဝါးကုသေနရေၾကာင္း သတင္းရရွိပါသည္။ အျမန္ဆုံး ျပန္က်န္းမာပါေစဟု ဆုေတာင္း ပါသည္ဗ်ာ။” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေန အသိေပးလာခဲ့ပါတယ္။

ေဗလုဝကေတာ့ ျပီးခဲ့တဲ့ နွစ္ပိုင္းကလည္း ဦးေနွာက္ေသြးခဲ မႈေၾကာင့္ ပင္လံုေဆးရံုမွာပဲ ေဆးကုသမႈခံယူခဲ့ျပီး ျပန္္လည္သက္သာလာခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ကခ်စ္တဲ့ ဦးေဗတစ္ေယာက္ ဒီတစ္ခါမွာလည္း အျမန္ဆုံးေနေကာင္း သက္သာလာပါေစလို့ ဆုေတာင္းေပးလုိက္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Credit:Cele Connections

ဆေးကုသမှု ခံယူနေတဲ့ ဗေလုဝရဲ့လက်ရှိ ကျန်းမာရေး အခြေအနေ ကို ပြောပြလာတဲ့ အောင်သော်

နိုင်ငံကျော် ရုပ်ရှင်နဲ့ ဗီဒီယို ဟာသသ ရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ဗေလုဝကတော့ အနုပညာ မှာ အင်မတန် လက်စောင်း ထက်တဲ့ ဝါရင့်သမ္ဘာရင့် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဗေလုဝ ကတော့ ရုပ်ရှင် ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့ရုံသာမက ဝတ္ထုနဲ့ ဇာတ်ညွှန်းတွေများစွာ ကိုလည်း ရေးသားခဲ့ပြီး ပရိသတ်တွေကို ဘဝအမောပြေပျောက်စေ ခဲ့သူ ဖြစ်ပါတယ်။ အကယ်ဒမီ ဆုကြီးတစ်ဆုကို လက်ဝယ် ပိုင်ဆိုင်ထားပြီဖြစ်တဲ့ ဗေလုဝကတော့ နောက်ပိုင်းမှာ သူ့ရဲ့ ကျန်းမာရေး အခြေအနေကြောင့် အရင်ကလောက် အနုပညာအလုပ်တွေကို မလုပ်ကိုင် နိုင်တော့တာပဲ ဖြစ်ပါတယ်။

ကျန်းမာရေး အခြေအနေကြောင့် အနုပညာ အလုပ်နဲ့ ထမင်းဆိုင်စီးပွားရေး တို့ကို လှည့်မကြည့်နိုင်တော့တဲ့ ဗေလုဝက လက်ရှိ မှာလည်း ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ ဗေလုဝရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပက်သတ်ပြီး သရုပ်ဆောင်တစ်ယောက်ဖြစ်သူ အောင်သူက “ရုပ်ရှင်နှင်ဗီဒီယိုဟာသရုပ်ဆောင် ဗေလုဝ ကျန်းမာရေးအခြေအနေကြောင့် ပင်လုံဆေးရုံကြီး အခန်း (၁၃၁၈ ) တွင် ဆေးဝါးကုသနေရကြောင်း သတင်းရရှိပါသည်။ အမြန်ဆုံး ပြန်ကျန်းမာပါစေဟု ဆုတောင်း ပါသည်ဗျာ။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ အသိပေးလာခဲ့ပါတယ်။

ဗေလုဝကတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းကလည်း ဦးနှောက်သွေးခဲ မှုကြောင့် ပင်လုံဆေးရုံမှာပဲ ဆေးကုသမှုခံယူခဲ့ပြီး ပြန််လည်သက်သာလာခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကချစ်တဲ့ ဦးဗေတစ်ယောက် ဒီတစ်ခါမှာလည်း အမြန်ဆုံးနေကောင်း သက်သာလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment