Celebrity


Written by Ms Cele





Credit:Cele Zone

ဆေးခန်းလာပြတဲ့ လူနာတွေကို အားဆေးတွေအခမဲ့လှူဒါန်းပေးရင်း ကုသိုလ်ပြုခဲ့တဲ့ ပွင့်နဒီမောင်

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး ပွင့်နဒီမောင်ကတော့ ဒီနေ့မှာ ကာလဒါန အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ပွင့်နဒီမောင်ကတော့ လတ်တလောမှာ သူတတ်နိုင် သလောက် ပရဟိတအလုပ်တွေကို လိုက်လံ လုပ်ဆောင်နေခဲ့ပြီး တတ်နိုင်သလေယက် အလှူအတန်းတွေကိုလည်း လိုက်လံလှူဒါန်းနေခဲ့ပါတယ်။

ဒီနေ့မှာလည်း ပွင့်နဒီမောင်က ဆေးခန်းတစ်ခုမှာ ဆေးခန်းလာပြနေတဲ့လူနာတွေကို Supplements အားဆေးအခမဲ့ပေးနေတာတွေကို ရှေ့ရက်ကတည်းက တွေ့နေခဲ့တာကြောင့် သူကိုယ်တိုင်လည်း တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးချင်တဲ့ စိတ်လေးဖြစ်ခဲ့တာကြောင့် ဒီနေ့မှာတော့ လှူချင်တဲ့ စိတ်ကူးလေးကို အကောင်အထည်ဖော်လှူဒါန်းဖြစ်ခဲ့တာပါတဲ့။ ဆေးခန်းမှာလှူဒါန်းနေတဲ့ Supplements အားဆေးတွေဝယ်ယူဖို့အတွက် အလှူငွေ(၁)သိန်းကို လှူဒါန်းပေးခဲ့တာပါ။

ဒီတစ်ခေါက်မှာလှူဒါန်းခဲ့တဲ့ ပွင့်နဒီမောင်ရဲ့ ကာလဒါနအလှူလေးကတော့ တကယ်ကိုမှ မွန်မြတ်ပြီး အဖိုးတန်လှတဲ့ အလှူလေးလို့ဆိုရမှာတော့ အမှန်ပါပဲနော်။ ပရိသတ်တွေလည်း ပွင့်နဒီမောင်ရဲ့ ဖြူစင်ပြီး မွန်မြတ်လှတဲ့ ကာလဒါနအလှူလေးကို သာဓုခေါ်ဆိုနိုင်ဖို့ မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Pwint Nadi Maung
Credit:Cele Zone

About the author

Ms Cele

Leave a Comment