Celebrity

ေဆးရံုကုတင္ေပၚမွာ မလႈပ္နိုင္ေပမယ့္ ပရဟိတ လုပ္ငန္းအတြက္ အေဝးကေန စီမံခန့္ခြဲ ေပးေနတဲ့ ခ်စ္သုေဝ

Written by Ms Cele

ေဆးရံုကုတင္ေပၚမွာ မလႈပ္နိုင္ေပမယ့္ ပရဟိတ လုပ္ငန္းအတြက္ အေဝးကေန စီမံခန့္ခြဲ ေပးေနတဲ့ ခ်စ္သုေဝ

ငယ္ငယ္ ကတည္းက ခ်စ္စရာေကာင္းျပီး သြက္လက္ခ်က္ခ်ာ သူေလးတစ္ေယာက္မို့ ပရိသတ္ေတြ ခ်စ္ခဲ့ရတဲ့ သရုပ္ေဆာင္ အဆိုေတာ္ ခ်စ္သုေဝ ကေတာ့ အခုဆိုရင္ အိမ္ေထာင္က်ျပီး အိမ္ေထာင္ရွင္မၾကီး တစ္ေယာက္ျဖစ္သြားျပီ ဆိုေပမယ့္ သူမရဲ့ ခ်စ္စရာေကာင္းတဲ့ အမူအယာေလးနဲ့ ၾကင္နာတတ္တဲ့ ပံုစံေလးေၾကာင့္ ပရိသတ္ေတြ ရဲ့ အခ်စ္ေတြကို ရရိွပိုင္ဆိုင္ေနဆဲ ျဖစ္ပါတယ္။ ခ်စ္သုေဝက အခုဆိုရင္ ရုပ္ရွင္ဇာတ္ကားေတြ မရိုက္ျဖစ္ေတာ့ေပမယ့္ သူမခ်စ္တဲ့ ဂီတလမ္း ေၾကာင္းေပၚမွာ ဆက္လက္ရပ္တည္ေနျပီး သမီးေလးနွစ္ေယာက္နဲ့ အတူတူ ေခတ္သစ္ေဖာင္ေဒးရွင္း ကိုလည္း ဦးစီးေနသူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။

လက္ရိွမွာေတာ့ ခါးရိုး က်ိဳးအက္ဒဏ္ရာေၾကာင့္ ေဆးရံုမွာ ေဆးကုသမႈ ခံယူေနရတဲ့ ခ်စ္သုေဝက သူမရဲ့ ဒဏ္ရာေၾကာင့္ ေဆးရံုေပၚက ကုတင္ေပၚမွာ မလႈပ္နိုင္ေပမယ့္ ေခတ္သစ္ေဖာင္ေဒးရွင္း အတြက္ လိုအပ္တဲ့အလွဴကိစၥေတြကို ျပဳလုပ္ေနေသးေၾကာင္း “လူကေတာ့ ေဆး႐ုံကုတင္ေပၚမွာေပမယ့္ arrangement ေတြလုပ္ႏိုင္ပါေသးတယ္ေလ🙏ေခတ္သစ္ ေဖာင္ေဒးရွင္း ရဲ႕ အလႉရွင္ေတြ ရယ္ စီစဥ္ကူညီၾကတဲ့ ေခတ္သစ္teamရယ္ Htoo MyatAung ThinzarAye ThinnuSwe ZayYarTun.ဘာလိုေသးလဲေလေနာ္။ ကိုယ္ဆႏၵရွိတဲ့ အလႉေတြကိုလုပ္ခြင့္ရေနဆဲပဲ😇” ဆိုျပီး ေျပာလာတာပဲ ျဖစ္ပါတယ္။

ခ်စ္သုေဝ ကေတာ့ သူမကိုယ္တိုင္ က်န္းမာေရးအေျခအေနေၾကာင့္ စိတ္သြားတုိင္း ကိုယ္မပါနိုင္ေတာ့ေပမယ့္ သူမ ျမတ္နိုးတဲ့ ပရဟိတ အလုပ္ေတြကို အေဝးကေန စီမံခန့္ခြဲေပးေနဆဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း ခ်စ္သုေဝ တစ္ေယာက္ အျမန္ဆံုးေနေကာင္းက်န္းမာေစဖို့ ဆုေတာင္းေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

ဆေးရုံကုတင်ပေါ်မှာ မလှုပ်နိုင်ပေမယ့် ပရဟိတ လုပ်ငန်းအတွက် အဝေးကနေ စီမံခန့်ခွဲ ပေးနေတဲ့ ချစ်သုဝေ

ငယ်ငယ် ကတည်းက ချစ်စရာကောင်းပြီး သွက်လက်ချက်ချာ သူလေးတစ်ယောက်မို့ ပရိသတ်တွေ ချစ်ခဲ့ရတဲ့ သရုပ်ဆောင် အဆိုတော် ချစ်သုဝေ ကတော့ အခုဆိုရင် အိမ်ထောင်ကျပြီး အိမ်ထောင်ရှင်မကြီး တစ်ယောက်ဖြစ်သွားပြီ ဆိုပေမယ့် သူမရဲ့ ချစ်စရာကောင်းတဲ့ အမူအယာလေးနဲ့ ကြင်နာတတ်တဲ့ ပုံစံလေးကြောင့် ပရိသတ်တွေ ရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်နေဆဲ ဖြစ်ပါတယ်။ ချစ်သုဝေက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားတွေ မရိုက်ဖြစ်တော့ပေမယ့် သူမချစ်တဲ့ ဂီတလမ်း ကြောင်းပေါ်မှာ ဆက်လက်ရပ်တည်နေပြီး သမီးလေးနှစ်ယောက်နဲ့ အတူတူ ခေတ်သစ်ဖောင်ဒေးရှင်း ကိုလည်း ဦးစီးနေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ခါးရိုး ကျိုးအက်ဒဏ်ရာကြောင့် ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတဲ့ ချစ်သုဝေက သူမရဲ့ ဒဏ်ရာကြောင့် ဆေးရုံပေါ်က ကုတင်ပေါ်မှာ မလှုပ်နိုင်ပေမယ့် ခေတ်သစ်ဖောင်ဒေးရှင်း အတွက် လိုအပ်တဲ့အလှူကိစ္စတွေကို ပြုလုပ်နေသေးကြောင်း “လူကတော့ ဆေးရုံကုတင်ပေါ်မှာပေမယ့် arrangement တွေလုပ်နိုင်ပါသေးတယ်လေ🙏ခေတ်သစ် ဖောင်ဒေးရှင်း ရဲ့ အလှူရှင်တွေ ရယ် စီစဉ်ကူညီကြတဲ့ ခေတ်သစ်teamရယ် Htoo MyatAung ThinzarAye ThinnuSwe ZayYarTun.ဘာလိုသေးလဲလေနော်။ ကိုယ်ဆန္ဒရှိတဲ့ အလှူတွေကိုလုပ်ခွင့်ရနေဆဲပဲ😇” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

ချစ်သုဝေ ကတော့ သူမကိုယ်တိုင် ကျန်းမာရေးအခြေအနေကြောင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ပေမယ့် သူမ မြတ်နိုးတဲ့ ပရဟိတ အလုပ်တွေကို အဝေးကနေ စီမံခန့်ခွဲပေးနေဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ချစ်သုဝေ တစ်ယောက် အမြန်ဆုံးနေကောင်းကျန်းမာစေဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment