Celebrity

ေဆးရံုေရာက္ျပီး (၄) ရက္အၾကာမွာ အနံ႕ျပန္ရ ခဲ့ေၾကာင္း ရယ္စရာ အမွတ္တရေလး ေတြနဲ့ ေျပာျပ လာခဲ့တဲ့ ေနလင္း

Written by Ms Cele

ေဆးရံုေရာက္ျပီး (၄) ရက္အၾကာမွာ အနံ႕ျပန္ရ ခဲ့ေၾကာင္း ရယ္စရာ အမွတ္တရေလး ေတြနဲ့ ေျပာျပ လာခဲ့တဲ့ ေနလင္း

ပည္သူခ်စ္ ဇာတ္ပို့၊ ဇာတ္ရံ သရုပ္ေဆာင္ တစ္ေယာက္ျဖစ္တဲ့ ေနလင္းကေတာ့ ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကား ေတြမွာ ဇာတ္လမ္းဇာတ္အိမ္ကို အရိွန္အဟုန္ျမင့္ ေစေအာင္ ကူညီပံ့ပိုးေပးရတဲ့ အေရးပါတဲ့ သရုပ္ေဆာင္ တစ္ေယာက္ ျဖစ္ပါတယ္။ လက္ရိွမွာေတာ့ ေနလင္းက Covid-19 ေရာဂါပိုးကူးစက္ခံခဲ့ရလို့ ဧရာဝတီကိုဗစ္စင္တာမွာ ေဆးကုသမႈခံယူေနရတာပဲ ျဖစ္ပါတယ္။ ကိုဗစ္လူနာျဖစ္ေပမယ့္ ဆရာဝန္ၾကီးေတြနဲ့ က်န္းမာေရး ဝန္ထမ္းေတြေၾကာင့္ တစ္ေန့ထက္တစ္ေန့ ေနေကာင္း သက္သာလာတဲ့ ေနလင္းက ဒီကေန့မွာေတာ့ ေဆးရံုေရာက္တဲ့ (၄) ရက္အတြင္းမွာ အနံ့ျပန္ရခဲ့တဲ့အေၾကာင္း ရယ္စရာအမွတ္တရေလးေတြနဲ့ အခုလိုပဲ ေျပာျပလာပါတယ္။

“မဂၤလာပါ။ ဒီေန ့မနက္အစကေတာ့ တကယ့္ကို မဂၤလာပါပဲ အိပ္ယာႏိုးလို ့ထျပီး Maskေလးတပ္ မ်က္ႏွာသစ္ဖို ့ေရခ်ိဳးခန္းကို ေရာက္သြားခ်ိန္မွာအရမ္းကို ေပ်ာ္သြားပါတယ္။ ဆပ္ျပာအနံ႔ေပါင္းစံုဟာ ကြ်န္ေတာ္လိုအနံ ့ေပ်ာက္သတၲဝါေလးရဲ ့ႏွာ‌ေခါင္းကို Maskရဲ ့အကာအကြယ္ကို ေက်ာ္ျဖတ္လို ့ေရာက္ရိွလာပါေတာ့တယ္။ ကြ်န္ေတာ္ရဲ ့အာရံုခံစနစ္မ်ားဟာ ေမာင္ငဗစ္ကိုစတင္ တိုက္ခိုက္အႏိုင္ယူေနျပီဆိုတာကိုသိလိုက္ရလို့ပါပဲ။ ဒါတင္ပဲလားဆိုေတာ့မကေသးပါဘူး။ အိမ္သာထဲဝင္ကမုတ္ကိုဖြင့္ထိုင္လိုက္ခ်ိန္မွာလည္း အင္မတန္မွတန္ဖိုးရိွေသာအနံ ့ကေလးကလည္း ကြ်န္ေတာ့္ကိုထပ္ဆင့္ေပ်ာ္ေစရပါတယ္”

“လူတစ္ေယာက္အတြက္ ဘာအေရးႀကီးဆံုးလဲ ဆိုတာကိုအယ့္မွာ ပိုသိသြားခဲ့ရပါတယ္။ ဆာေလာင္ေနသူအတြက္ ကဝမ္းျပၫ့္ဖို ့ဟာအဓိကပါ။ ပူေလာင္သူအတြက္ ေအးခ်မ္းဖို႔ကလည္းအေရးႀကီးဆံုးပါပဲ။ အဲ့ဒါေၾကာင့္ အနံ့ေပ်ာက္သူ အတြက္ဟာ အနံ့တိုင္းဟာ တန္ဖိုးရိွေနေတာ့ တာပါပဲ။ ဒါေပမယ့္ တိုက္တိုက္ဆိုင္ဆိုင္ ကြ်န္ေတာ္အနံ့ျပန္ရတဲ့ေန ့မွာပဲ ကြ်န္ေတာ့္ကို ခြန္အားျဖစ္ေစခဲ့တဲ့ PPE ေအာက္ကမ်က္ဝန္း တစံုေလးဟာဘယ္ကို ေပ်ာက္သြားမွန္းမသိ ရွာေဖြလို ့မရေတာ့ပါဘူးခင္ဗ်ာ။ ေအာ္ ကံဆိုး ကံေကာင္းပါလားေနာ္ အနံ့ေလးေတာင္ မရႉလိုက္ရပါလား 😁😁😁😂😂😂💪” ဆိုျပီး ရယ္စရာေျပာလာပါတယ္။

ေနလင္းကေတာ့ ကိုဗစ္ေရာဂါပိုးကို ကူးစက္ခံထားရတယ္ဆိုေပမယ့္ စိတ္ဓာတ္လံုးဝ မက်ပဲ မွန္ကန္တဲ့ ေဆးကုသမႈေတြ ခံယူရင္း ေပ့ါေပါ့ပါးပါးသာ ျဖတ္သန္းေန တာပဲ ျဖစ္ပါတယ္။ ေနလင္း တစ္ေယာက္ အျမန္ဆံုး ေရာဂါေပ်ာက္ကင္းျပီး ေဆးရံုေပၚက ဆင္းရပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾက ပါေစလို႔ ဆုေတာင္းေပးလိုက္ ပါတယ္။

Credit:Cele Connections

ဆေးရုံရောက်ပြီး (၄) ရက်အကြာမှာ အနံ့ပြန်ရ ခဲ့ကြောင်း ရယ်စရာ အမှတ်တရလေး တွေနဲ့ ပြောပြ လာခဲ့တဲ့ နေလင်း

ပည်သူချစ် ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ နေလင်းကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကား တွေမှာ ဇာတ်လမ်းဇာတ်အိမ်ကို အရှိန်အဟုန်မြင့် စေအောင် ကူညီပံ့ပိုးပေးရတဲ့ အရေးပါတဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်ပါတယ်။ လက်ရှိမှာတော့ နေလင်းက Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရလို့ ဧရာဝတီကိုဗစ်စင်တာမှာ ဆေးကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်။ ကိုဗစ်လူနာဖြစ်ပေမယ့် ဆရာဝန်ကြီးတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကြောင့် တစ်နေ့ထက်တစ်နေ့ နေကောင်း သက်သာလာတဲ့ နေလင်းက ဒီကနေ့မှာတော့ ဆေးရုံရောက်တဲ့ (၄) ရက်အတွင်းမှာ အနံ့ပြန်ရခဲ့တဲ့အကြောင်း ရယ်စရာအမှတ်တရလေးတွေနဲ့ အခုလိုပဲ ပြောပြလာပါတယ်။

“မင်္ဂလာပါ။ ဒီနေ ့မနက်အစကတော့ တကယ့်ကို မင်္ဂလာပါပဲ အိပ်ယာနိုးလို ့ထပြီး Maskလေးတပ် မျက်နှာသစ်ဖို ့ရေချိုးခန်းကို ရောက်သွားချိန်မှာအရမ်းကို ပျော်သွားပါတယ်။ ဆပ်ပြာအနံ့ပေါင်းစုံဟာ ကျွန်တော်လိုအနံ ့ပျောက်သတ္တဝါလေးရဲ ့နှာ‌ခေါင်းကို Maskရဲ ့အကာအကွယ်ကို ကျော်ဖြတ်လို ့ရောက်ရှိလာပါတော့တယ်။ ကျွန်တော်ရဲ ့အာရုံခံစနစ်များဟာ မောင်ငဗစ်ကိုစတင် တိုက်ခိုက်အနိုင်ယူနေပြီဆိုတာကိုသိလိုက်ရလို့ပါပဲ။ ဒါတင်ပဲလားဆိုတော့မကသေးပါဘူး။ အိမ်သာထဲဝင်ကမုတ်ကိုဖွင့်ထိုင်လိုက်ချိန်မှာလည်း အင်မတန်မှတန်ဖိုးရှိသောအနံ ့ကလေးကလည်း ကျွန်တော့်ကိုထပ်ဆင့်ပျော်စေရပါတယ်”

“လူတစ်ယောက်အတွက် ဘာအရေးကြီးဆုံးလဲ ဆိုတာကိုအယ့်မှာ ပိုသိသွားခဲ့ရပါတယ်။ ဆာလောင်နေသူအတွက် ကဝမ်းပြည့်ဖို ့ဟာအဓိကပါ။ ပူလောင်သူအတွက် အေးချမ်းဖို့ကလည်းအရေးကြီးဆုံးပါပဲ။ အဲ့ဒါကြောင့် အနံ့ပျောက်သူ အတွက်ဟာ အနံ့တိုင်းဟာ တန်ဖိုးရှိနေတော့ တာပါပဲ။ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်အနံ့ပြန်ရတဲ့နေ ့မှာပဲ ကျွန်တော့်ကို ခွန်အားဖြစ်စေခဲ့တဲ့ PPE အောက်ကမျက်ဝန်း တစုံလေးဟာဘယ်ကို ပျောက်သွားမှန်းမသိ ရှာဖွေလို ့မရတော့ပါဘူးခင်ဗျာ။ အော် ကံဆိုး ကံကောင်းပါလားနော် အနံ့လေးတောင် မရှူလိုက်ရပါလား 😁😁😁😂😂😂💪” ဆိုပြီး ရယ်စရာပြောလာပါတယ်။

နေလင်းကတော့ ကိုဗစ်ရောဂါပိုးကို ကူးစက်ခံထားရတယ်ဆိုပေမယ့် စိတ်ဓာတ်လုံးဝ မကျပဲ မှန်ကန်တဲ့ ဆေးကုသမှုတွေ ခံယူရင်း ပေ့ါပေါ့ပါးပါးသာ ဖြတ်သန်းနေ တာပဲ ဖြစ်ပါတယ်။ နေလင်း တစ်ယောက် အမြန်ဆုံး ရောဂါပျောက်ကင်းပြီး ဆေးရုံပေါ်က ဆင်းရပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment