Local News

ေဆး ကုသေဆာင္ က ခိုးထြက္ ၿပီး ေဈးဝယ္ ခဲ့သူ ကိုဗစ္-၁၉ လူနာ ရဲ တပ္သား (၂)ဦး ကို အေရး ယူမည္

Written by Ms Cele

ေဆး ကုသေဆာင္ က ခိုးထြက္ ၿပီး ေဈးဝယ္ ခဲ့သူ ကိုဗစ္-၁၉ လူနာ ရဲ တပ္သား (၂)ဦး ကို အေရး ယူမည္

ယင္းမာပင္ၿမိဳ႕နယ္ သီးသန႔္ေဆး ကုသေဆာင္ ကေန အျပင္ ခိုးထြက္ၿပီး ေဈး၀ယ္ယူ ခဲ့တဲ့ ကိုဗစ္-၁၉ လူနာျဖစ္တဲ့ ရဲတပ္သား(၂)ေယာက္ကို သဘာ၀ေဘး အႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒနဲ႔ အေရးယူသြားမယ္လို႔ ၿမိဳ႕နယ္ ဒုအုပ္ခ်ဳပ္ေရးမႉး ဦးစိုးၿငိမ္းထက္ ကေျပာပါတယ္။ အဲဒီပိုးေတြ႕လူနာႏွစ္ေယာက္ ဟာ ေအာက္တိုဘာ(၁၃)ရက္ ညပိုင္းက သီးသန႔္ေဆးကုသေဆာင္ကေန အုတ္တံတိုင္းေက်ာ္ၿပီး အျပင္ကိုခိုးထြက္ကာ ေဈး၀ယ္ခဲ့တာကို အနီး ပတ္၀န္းက်င္မွာ ေနထိုင္သူကစတင္ေတြ႕ရွိခဲ့ၿပီး သက္ဆိုင္ရာ တာ၀န္ရွိသူေတြကို အေၾကာင္းၾကားခဲ့တာ ျဖစ္ပါတယ္။

“ဒီကိစၥနဲ႔ပတ္သက္ၿပီး လူနာေတြေဆး ကုသမႈေပးၿပီးရင္ အေရးယူဖို႔ ေဆာင္ရြက္သြားမွာပါ။ သူတို႔က ေဆး႐ုံမွာ (၁၁)ရက္ေနရမွာဆိုေတာ့ ဒီကာလၿပီးသြားရင္ ေဘး/စီမံ ဥပေဒနဲ႔ အေရးယူ အထက္ အဆင့္ဆင့္ကို တင္ျပသြားမွာ ပါ”လို႔ ဦးစိုးၿငိမ္းထက္က ဆိုပါတယ္။

သီးသန႔္ေဆးကုသေဆာင္ ကေန အျပင္ခိုးထြက္ၿပီး ေဈး၀ယ္ခဲ့တဲ့ လူနာႏွစ္ ေယာက္ဟာ အခုလ(၁၁)ရက္ ညပိုင္းကေရာဂါပိုး စစ္ေဆးေတြ႕ရွိခဲ့ တာျဖစ္ၿပီး ရဲတပ္ရင္း(၂၈)က တပ္ဖြဲ႕၀င္ေတြ ျဖစ္ပါတယ္။ တာ၀န္က် ရဲတပ္ရင္းကိုလည္း အေၾကာင္းၾကား ထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိမွာေတာ့ ပိုးေတြ႕လူနာႏွစ္ေယာက္ ေဈး၀ယ္ ခဲ့တဲ့ ေဈးဆိုင္ကိုလည္း ပိတ္ထားၿပီး ဆိုင္ရွင္၊၀န္ထမ္းနဲ႔ တျခား ပါဆယ္လာ ေရာက္၀ယ္ယူသူေတြကိုလည္း ေနအိမ္မွာ အသြားအလာ ကန႔္သတ္ထားတယ္လို႔ဆိုပါတယ္။ အဲဒီထိစပ္သူအားလုံးကို ေအာက္တိုဘာ(၁၆)ရက္မွာ ဓာတ္ခြဲနမူနာရယူ စစ္ေဆးသြားမယ္ လို႔ ဦးစိုးၿငိမ္းထက္က ေျပာပါတယ္။ ဒီကေန႔ အထိ ယင္းမာပင္ၿမိဳ႕နယ္အတြင္းမွာ ကိုဗစ္-၁၉ လူနာ အေယာက္(၂၀)ရွိခဲ့ၿပီး (၇)ေယာက္ ကေတာ့ ေဆး႐ုံဆင္းခြင့္ ရထားၿပီးျဖစ္ပါတယ္။

One News Myanmar
Swelsone News

ဆေး ကုသဆောင် က ခိုးထွက် ပြီး ဈေးဝယ် ခဲ့သူ ကိုဗစ်-၁၉ လူနာ ရဲ တပ်သား (၂)ဦး ကို အရေး ယူမည်

ယင်းမာပင်မြို့နယ် သီးသန့်ဆေး ကုသဆောင် ကနေ အပြင် ခိုးထွက်ပြီး ဈေးဝယ်ယူ ခဲ့တဲ့ ကိုဗစ်-၁၉ လူနာဖြစ်တဲ့ ရဲတပ်သား(၂)ယောက်ကို သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူသွားမယ်လို့ မြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းထက် ကပြောပါတယ်။ အဲဒီပိုးတွေ့လူနာနှစ်ယောက် ဟာ အောက်တိုဘာ(၁၃)ရက် ညပိုင်းက သီးသန့်ဆေးကုသဆောင်ကနေ အုတ်တံတိုင်းကျော်ပြီး အပြင်ကိုခိုးထွက်ကာ ဈေးဝယ်ခဲ့တာကို အနီး ပတ်ဝန်းကျင်မှာ နေထိုင်သူကစတင်တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး လူနာတွေဆေး ကုသမှုပေးပြီးရင် အရေးယူဖို့ ဆောင်ရွက်သွားမှာပါ။ သူတို့က ဆေးရုံမှာ (၁၁)ရက်နေရမှာဆိုတော့ ဒီကာလပြီးသွားရင် ဘေး/စီမံ ဥပဒေနဲ့ အရေးယူ အထက် အဆင့်ဆင့်ကို တင်ပြသွားမှာ ပါ”လို့ ဦးစိုးငြိမ်းထက်က ဆိုပါတယ်။

သီးသန့်ဆေးကုသဆောင် ကနေ အပြင်ခိုးထွက်ပြီး ဈေးဝယ်ခဲ့တဲ့ လူနာနှစ် ယောက်ဟာ အခုလ(၁၁)ရက် ညပိုင်းကရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ တာဖြစ်ပြီး ရဲတပ်ရင်း(၂၈)က တပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ တာဝန်ကျ ရဲတပ်ရင်းကိုလည်း အကြောင်းကြား ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပိုးတွေ့လူနာနှစ်ယောက် ဈေးဝယ် ခဲ့တဲ့ ဈေးဆိုင်ကိုလည်း ပိတ်ထားပြီး ဆိုင်ရှင်၊ဝန်ထမ်းနဲ့ တခြား ပါဆယ်လာ ရောက်ဝယ်ယူသူတွေကိုလည်း နေအိမ်မှာ အသွားအလာ ကန့်သတ်ထားတယ်လို့ဆိုပါတယ်။ အဲဒီထိစပ်သူအားလုံးကို အောက်တိုဘာ(၁၆)ရက်မှာ ဓာတ်ခွဲနမူနာရယူ စစ်ဆေးသွားမယ် လို့ ဦးစိုးငြိမ်းထက်က ပြောပါတယ်။ ဒီကနေ့ အထိ ယင်းမာပင်မြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ လူနာ အယောက်(၂၀)ရှိခဲ့ပြီး (၇)ယောက် ကတော့ ဆေးရုံဆင်းခွင့် ရထားပြီးဖြစ်ပါတယ်။

One News Myanmar
Swelsone News

About the author

Ms Cele

Leave a Comment