Celebrity

ေတာင္ကိုရီးယားႏိုင္ငံက Entertainment နဲ႔ပူးေပါင္းၿပီး အႏုပညာအလုပ္ေတြ လုပ္ကိုင္ေတာ့မယ့္ ဝိုင္းေလး

Written by Ms Cele

ေတာင္ကိုရီးယားႏိုင္ငံက Entertainment နဲ႔ပူးေပါင္းၿပီး အႏုပညာအလုပ္ေတြ လုပ္ကိုင္ေတာ့မယ့္ ဝိုင္းေလး

ဝိုင္းေလး ကိုေတာ့ ျမန္မာႏိုင္ငံ ကိုယ္စားျပဳ Miss World Myanmar 2014 အျဖစ္နဲ႔ ပရိသတ္ေတြ သိၾကမွာပါ။ သူကေတာ့ အိမ္မက္ဆုံရာၿပိဳင္ပြဲမွာလည္း ပါဝင္ယွဥ္ၿပိဳင္ခဲ့သူျဖစ္ၿပီး အခု ဆိုရင္ေတာ့ ဂီတ လမ္းေၾကာင္းမွာ ေအာင္ျမင္စြာ ေလွ်ာက္လွမ္းေနပါၿပီ။ ဝိုင္းေလး ကေတာ့ ကိုယ္ပိုင္ အယ္လ္ဘမ္ေတြလည္း ထြက္ရွိထားသလို Cover Song ေတြျပန္လည္သီဆိုၿပီး ပရိသတ္ေတြရဲ႕အားေပးမႈ ကိုလည္း ရရွိေနသူပါ။

ဝိုင္းေလး ကေတာ့ ေနာက္ထပ္ အႏုပညာေျခလွမ္း ထပ္မံလွမ္းေတာ့ မယ့္ အေၾကာင္းကို “ဝိုင္းရဲ႕ ပရိတ္သတ္ေတြ အတြက္ အႏုပညာလႈပ္ရွားမႈမ်ား ပိုမို လုပ္ကိုင္ႏိုင္ရန္ Korea မွ JDOUBLE ENTERTAINMENT နဲ႔အတူတူ ေတးသီခ်င္း ထုတ္လုပ္မႈမ်ားႏွင့္ အျခားေသာ အႏုပညာလုပ္ငန္း မ်ားစြာ အတြက္ ပူးေပါင္း လိုက္ၿပီျဖစ္ေၾကာင္း သတင္း ေကာင္းပါး လိုက္ပါတယ္ ရွင့္🇲🇲🇰🇷 ေမွ်ာ္လင့္ မထားတဲ့ Covid အေျခေနေၾကာင့္ အခ်ိန္တစ္ခုထိ ေစာင့္ဆိုင္းေနျခင္းျဖစ္ၿပီး 2021 မွ စတင္ကာ အခြင့္ေရးရႏိုင္သမွ် ႀကိဳးစားတင္ ဆက္သြားမွာျဖစ္လို႔ ဆက္လက္ ေစာင့္ေမွ်ာ္ေပးၾကပါေနာ္… ဝိုင္းေလး အေကာင္းဆုံး ႀကိဳးစားေန ပါတယ္ရွင့္” ဆိုၿပီးေတာ့ေဖ့ဘြတ္ခ္မွာ ေရးသား ထားပါတယ္။

ဝိုင္းေလး ကေတာ့ ကိုရီးယား သီခ်င္းေတြကို ပိုင္ပိုင္ႏိုင္ႏိုင္နဲ႔သီဆိုႏိုင္တာ ကိုလည္း ပရိသတ္ေတြ သိၾကမွာပါ။ အႏုပညာဖန္တီးမႈ အသစ္ေတြလုပ္ရင္း အဆက္မျပတ္ႀကိဳးစားေနတဲ့ ဝိုင္းေလး တစ္ေယာက္ အႏုပညာ ေလာကမွာ ေအာင္ျမင္မႈ မ်ားစြာ ဆြတ္ခူးႏိုင္ပါေစ။

Source : WyneLay
Credit:Swelsone News

တောင်ကိုရီးယားနိုင်ငံက Entertainment နဲ့ပူးပေါင်းပြီး အနုပညာအလုပ်တွေ လုပ်ကိုင်တော့မယ့် ဝိုင်းလေး

ဝိုင်းလေး ကိုတော့ မြန်မာနိုင်ငံ ကိုယ်စားပြု Miss World Myanmar 2014 အဖြစ်နဲ့ ပရိသတ်တွေ သိကြမှာပါ။ သူကတော့ အိမ်မက်ဆုံရာပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး အခု ဆိုရင်တော့ ဂီတ လမ်းကြောင်းမှာ အောင်မြင်စွာ လျှောက်လှမ်းနေပါပြီ။ ဝိုင်းလေး ကတော့ ကိုယ်ပိုင် အယ်လ်ဘမ်တွေလည်း ထွက်ရှိထားသလို Cover Song တွေပြန်လည်သီဆိုပြီး ပရိသတ်တွေရဲ့အားပေးမှု ကိုလည်း ရရှိနေသူပါ။

ဝိုင်းလေး ကတော့ နောက်ထပ် အနုပညာခြေလှမ်း ထပ်မံလှမ်းတော့ မယ့် အကြောင်းကို “ဝိုင်းရဲ့ ပရိတ်သတ်တွေ အတွက် အနုပညာလှုပ်ရှားမှုများ ပိုမို လုပ်ကိုင်နိုင်ရန် Korea မှ JDOUBLE ENTERTAINMENT နဲ့အတူတူ တေးသီချင်း ထုတ်လုပ်မှုများနှင့် အခြားသော အနုပညာလုပ်ငန်း များစွာ အတွက် ပူးပေါင်း လိုက်ပြီဖြစ်ကြောင်း သတင်း ကောင်းပါး လိုက်ပါတယ် ရှင့်🇲🇲🇰🇷 မျှော်လင့် မထားတဲ့ Covid အခြေနေကြောင့် အချိန်တစ်ခုထိ စောင့်ဆိုင်းနေခြင်းဖြစ်ပြီး 2021 မှ စတင်ကာ အခွင့်ရေးရနိုင်သမျှ ကြိုးစားတင် ဆက်သွားမှာဖြစ်လို့ ဆက်လက် စောင့်မျှော်ပေးကြပါနော်… ဝိုင်းလေး အကောင်းဆုံး ကြိုးစားနေ ပါတယ်ရှင့်” ဆိုပြီးတော့ဖေ့ဘွတ်ခ်မှာ ရေးသား ထားပါတယ်။

ဝိုင်းလေး ကတော့ ကိုရီးယား သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်နဲ့သီဆိုနိုင်တာ ကိုလည်း ပရိသတ်တွေ သိကြမှာပါ။ အနုပညာဖန်တီးမှု အသစ်တွေလုပ်ရင်း အဆက်မပြတ်ကြိုးစားနေတဲ့ ဝိုင်းလေး တစ်ယောက် အနုပညာ လောကမှာ အောင်မြင်မှု များစွာ ဆွတ်ခူးနိုင်ပါစေ။

Source : WyneLay
Credit:Swelsone News

About the author

Ms Cele

Leave a Comment