Celebrity

ေတာင္ကိုရီးယား နိုင္ငံရဲ့ နာမည္ၾကီး သတင္းဝဘ္ဆိုဒ္ ျဖစ္တဲ့ Naver မွာ အက်ယ္တဝင့္ ေဖာ္ျပျခင္းခံ ရတဲ့ ပိုင္တံခြန္

Written by Ms Cele

ေတာင္ကိုရီးယား နိုင္ငံရဲ့ နာမည္ၾကီး သတင္းဝဘ္ဆိုဒ္ ျဖစ္တဲ့ Naver မွာ အက်ယ္တဝင့္ ေဖာ္ျပျခင္းခံ ရတဲ့ ပိုင္တံခြန္

ပရိသတ္ႀကီးေရ ႏိုင္ငံေက်ာ္ သ႐ုပ္ေဆာင္ ေမာ္ဒယ္ ပိုင္တံခြန္က လက္ရိွ မွာေတာ့ သူ႔ရဲ႕ ဆန္းအတက္ဆံုး အခ်ိန္ကို ေရာက္ရိွေနတာ ျဖစ္ပါတယ္။ ပိုင္တံခြန္က ျပည္တြင္းမွာ သာမက ျပည္ပႏိုင္ငံေတြထိပါ ထိုးေဖာက္ေအာင္ျမင္ ေနျပီး နုိင္ငံတကာက ပရိသတ္ေတြ အာရံုစိုက္ခံေနရတဲ့ အနုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပိုင္တံခြန္ရဲ႕ ၾကံခုိင္သန္စြမ္းတဲ့ ခႏၶာကိုယ္နဲ့ အျပစ္ဆိုဖြယ္ရာမရိွေအာင္ ျပီးျပည့္စံုတဲ့ ေခ်ာေမာတဲ့ ႐ုပ္ရည္က ျပည္တြင္းျပည္ပ မိန္းကေလး ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာ ရရိွထားတာပါ။ ပိုင္တံခြန္ကလည္း သူ့ကိုအားေပးၾကတဲ့ နုိင္ငံတကာက ပရိသတ္ေတြနဲ့ ထိေတြ့နိုင္ဖို့ အနုပညာအလုပ္ေတြကို အက်ယ္တဝင့္လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။

အရင္ကတည္းက ထိုင္းနုိင္ငံမွာ ေအာင္ျမင္မႈ ရရိွေနျပီးသား ပိုင္တံခြန္က ဒီကေန့မွာေတာ့ တရုတ္နိုင္ငံက နာမည္ၾကီး လူမႈကြန္ယက္ျဖစ္တဲ့ Weibo Weibo မွာ Hot Search No (19) ကေန ေရပန္းစားေနသလို အခုတစ္ခါမွာလည္း ေတာင္ကိုရီးယားနိုင္ငံရဲ့ နာမည္ၾကီးသတင္း ဝဘ္ဆိုဒ္ျဖစ္တဲ့ Naver မွာ အက်ယ္တဝင့္ ေဖာ္ျပျခင္းခံေနရတာပဲ ျဖစ္ပါတယ္။

Naver မွာ ပိုင္တံခြန္ရဲ့ ကိုယ္ေရးကိုယ္တာ အခ်က္အလက္မ်ားနဲ့ အနုပညာ လႈပ္ရွားမႈေတြကို ေဖာ္ျပထားျပီး ကိုရီးယားအနုပညာရွင္ေတြနဲ့ တူတယ္လို့လည္း ေရးသားထားပါတယ္။ Naver က ပိုင္တံခြန္က ဆံပင္အတိုနဲ့ မွာလည္း Super Junior အဖြဲ့က Choi Siwon လုိပံုစံမ်ိဳး ရိွတယ္၊ ေဘးတေစာင္း အေနအထားနဲ့ ပန္းခ်ီဆြဲေနတဲ့ ဓာတ္ပံုမွာ မင္းသား Kim Soo Hyun နဲ့တူတယ္၊ အရပ္အေမာင္းက Lee Kwang Soo လုိမ်ိဳးရိွတယ္ဆိုျပီး ရႊန္းရႊန္းေဝေအာင္ ေဖာ္ျပထားတာပဲ ျဖစ္ပါတယ္။

Naver Website က ေတာင္ကိုရီးယားနုိင္ငံ ရဲ့ နာမည္ၾကီး အနုပညာရွင္သတင္းေတြပဲ တင္တဲ့ သတင္းဝဘ္ဆိုဒ္ တစ္ခုျဖစ္ျပီး ပိုင္တံခြန္ကေတာ့ လတ္တေလာမွာ လူစိတ္ဝင္စားမႈ အရိွဆံုး ျမန္မာသရုပ္ေဆာင္ျဖစ္ တာေၾကာင့္ ေဖာ္ျပျခင္းခံ ခဲ့ရတာ ျဖစ္ပါတယ္။ ပိုင္တံခြန္ရဲ့ သတင္းအတြက္ ပရိသတ္ၾကီးလည္း ထပ္တူဝမ္းသာ ဂုဏ္ယူေနမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္။

Source: Naver Blog
Credit:Cele Connections

တောင်ကိုရီးယား နိုင်ငံရဲ့ နာမည်ကြီး သတင်းဝဘ်ဆိုဒ် ဖြစ်တဲ့ Naver မှာ အကျယ်တဝင့် ဖော်ပြခြင်းခံ ရတဲ့ ပိုင်တံခွန်

ပရိသတ်ကြီးရေ နိုင်ငံကျော် သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်က လက်ရှိ မှာတော့ သူ့ရဲ့ ဆန်းအတက်ဆုံး အချိန်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ပိုင်တံခွန်က ပြည်တွင်းမှာ သာမက ပြည်ပနိုင်ငံတွေထိပါ ထိုးဖောက်အောင်မြင် နေပြီး နိုင်ငံတကာက ပရိသတ်တွေ အာရုံစိုက်ခံနေရတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ ကြံခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ်နဲ့ အပြစ်ဆိုဖွယ်ရာမရှိအောင် ပြီးပြည့်စုံတဲ့ ချောမောတဲ့ ရုပ်ရည်က ပြည်တွင်းပြည်ပ မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတာပါ။ ပိုင်တံခွန်ကလည်း သူ့ကိုအားပေးကြတဲ့ နိုင်ငံတကာက ပရိသတ်တွေနဲ့ ထိတွေ့နိုင်ဖို့ အနုပညာအလုပ်တွေကို အကျယ်တဝင့်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

အရင်ကတည်းက ထိုင်းနိုင်ငံမှာ အောင်မြင်မှု ရရှိနေပြီးသား ပိုင်တံခွန်က ဒီကနေ့မှာတော့ တရုတ်နိုင်ငံက နာမည်ကြီး လူမှုကွန်ယက်ဖြစ်တဲ့ Weibo Weibo မှာ Hot Search No (19) ကနေ ရေပန်းစားနေသလို အခုတစ်ခါမှာလည်း တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးသတင်း ဝဘ်ဆိုဒ်ဖြစ်တဲ့ Naver မှာ အကျယ်တဝင့် ဖော်ပြခြင်းခံနေရတာပဲ ဖြစ်ပါတယ်။

Naver မှာ ပိုင်တံခွန်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များနဲ့ အနုပညာ လှုပ်ရှားမှုတွေကို ဖော်ပြထားပြီး ကိုရီးယားအနုပညာရှင်တွေနဲ့ တူတယ်လို့လည်း ရေးသားထားပါတယ်။ Naver က ပိုင်တံခွန်က ဆံပင်အတိုနဲ့ မှာလည်း Super Junior အဖွဲ့က Choi Siwon လိုပုံစံမျိုး ရှိတယ်၊ ဘေးတစောင်း အနေအထားနဲ့ ပန်းချီဆွဲနေတဲ့ ဓာတ်ပုံမှာ မင်းသား Kim Soo Hyun နဲ့တူတယ်၊ အရပ်အမောင်းက Lee Kwang Soo လိုမျိုးရှိတယ်ဆိုပြီး ရွှန်းရွှန်းဝေအောင် ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

Naver Website က တောင်ကိုရီးယားနိုင်ငံ ရဲ့ နာမည်ကြီး အနုပညာရှင်သတင်းတွေပဲ တင်တဲ့ သတင်းဝဘ်ဆိုဒ် တစ်ခုဖြစ်ပြီး ပိုင်တံခွန်ကတော့ လတ်တလောမှာ လူစိတ်ဝင်စားမှု အရှိဆုံး မြန်မာသရုပ်ဆောင်ဖြစ် တာကြောင့် ဖော်ပြခြင်းခံ ခဲ့ရတာ ဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ သတင်းအတွက် ပရိသတ်ကြီးလည်း ထပ်တူဝမ်းသာ ဂုဏ်ယူနေမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: Naver Blog
Credit:Cele Connections

About the author

Ms Cele

Leave a Comment