Local News

ေတာင္ကုတ္ NLD မွ ကိုယ္စား လွယ္ ‌ေလာင္း ၃ ဦးကို အမည္ မသိ အဖြဲ႕တစ္ခု မွ ေခၚေဆာင္ သြား

Written by Ms Cele

ေတာင္ကုတ္ NLD မွ ကိုယ္စား လွယ္ ‌ေလာင္း ၃ ဦးကို အမည္ မသိ အဖြဲ႕တစ္ခု မွ ေခၚေဆာင္ သြား

ရခိုင္ျပည္နယ္၊ေတာင္ကုတ္ၿမိဳ႕မွ ေဖာင္းခါးကၽြန္းသို႔သြားသည့္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္NLD မွ ကိုယ္စားလွယ္ေလာင္း ၃ဦးကိုေအာက္တိုဘာလ ၁၄ရက္နံနက္ပိုင္းတြင္အဖြဲ႕အစည္း တစ္ခုကေခၚေဆာင္သြားသည္ဟု ရမ္းျဗဲၿမိဳ႕နယ္၊ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းဦးခင္ရီကအတည္ျပဳေျပာသည္။

အဆိုပါကိုယ္စားလွယ္ေလာင္း ၃ဦးမွာယေန႔၁၂နာရီေက်ာ္အခ်ိန္ခန႔္ကေဖာင္းခါးကၽြန္းသို ႔စပီးဘုတ္ျဖင့္သြားစဥ္အမည္မသိ အဖြဲ႕အစည္းတစ္ခုက ေခၚေဆာင္သြားျခင္းျဖစ္သည္။

“ သူတိုု႔ကစပီးဘုတ္နဲ႔ေဖာင္းကားကၽြန္းသို႔သြားတာေပါ့။အဲဒီအခ်ိန္မွာ စပီးဘုတ္ေပၚက ကိုယ္စားလွယ္ေလာင္းသုံးဦးကို ေခၚေဆာင္သြားတာပါ။ဘယ္အဖြဲ႕အစည္းက ေခၚေဆာင္သြားလည္း မသိဘူး။ဘာေၾကာင့္ေခၚသြားတာလည္း မသိဘူး”ဟုေျပာသည္။

ေခၚေဆာင္သြားျခင္းခံရသည့္ကိုယ္စားလွယ္ေလာင္းမ်ားမွာ ေဒၚခ်စ္ခ်စ္ေခ်ာ(အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း)၊ေဒၚနီနီျမင့္(ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း)ႏွင့္ဦးမင္းေအာင္(ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္)တို႔ျဖစ္သည္။Credit:Western News

တောင်ကုတ် NLD မှ ကိုယ်စား လှယ် ‌လောင်း ၃ ဦးကို အမည် မသိ အဖွဲ့တစ်ခု မှ ခေါ်ဆောင် သွား

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့မှ ဖောင်းခါးကျွန်းသို့သွားသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်NLD မှ ကိုယ်စားလှယ်လောင်း ၃ဦးကိုအောက်တိုဘာလ ၁၄ရက်နံနက်ပိုင်းတွင်အဖွဲ့အစည်း တစ်ခုကခေါ်ဆောင်သွားသည်ဟု ရမ်းဗြဲမြို့နယ်၊ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းဦးခင်ရီကအတည်ပြုပြောသည်။

အဆိုပါကိုယ်စားလှယ်လောင်း ၃ဦးမှာယနေ့၁၂နာရီကျော်အချိန်ခန့်ကဖောင်းခါးကျွန်းသို ့စပီးဘုတ်ဖြင့်သွားစဉ်အမည်မသိ အဖွဲ့အစည်းတစ်ခုက ခေါ်ဆောင်သွားခြင်းဖြစ်သည်။

“ သူတိုု့ကစပီးဘုတ်နဲ့ဖောင်းကားကျွန်းသို့သွားတာပေါ့။အဲဒီအချိန်မှာ စပီးဘုတ်ပေါ်က ကိုယ်စားလှယ်လောင်းသုံးဦးကို ခေါ်ဆောင်သွားတာပါ။ဘယ်အဖွဲ့အစည်းက ခေါ်ဆောင်သွားလည်း မသိဘူး။ဘာကြောင့်ခေါ်သွားတာလည်း မသိဘူး”ဟုပြောသည်။

ခေါ်ဆောင်သွားခြင်းခံရသည့်ကိုယ်စားလှယ်လောင်းများမှာ ဒေါ်ချစ်ချစ်ချော(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း)၊ဒေါ်နီနီမြင့်(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)နှင့်ဦးမင်းအောင်(ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)တို့ဖြစ်သည်။Credit:Western News

About the author

Ms Cele

Leave a Comment