Celebrity


Written by Ms Cele






တောင်ကြီး တန်ဆောင်တိုင်ကို ရုပ်ရှင် ရိုက်ရင်းနဲ့မှ ရောက်ဖူးခဲ့တဲ့ အကြောင်း အမှတ်တရ ပြောပြလာတဲ့ ဝတ်မှုံရွှေရည်

မြန်မာနိုင်ငံရဲ့ အလှဆုံးသော မင်းသမီးတွေ ထဲက တစ်ဦးဖြစ်တဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည် ကတော့ အရမ်းကို ချစ်စရာကောင်း တဲ့ သူမရဲ့မျက်နှာလေးကြောင့်ရော သရုပ်ဆောင်ပိုင်းမှာ ထူးချွန် တာကြောင့်ပါ ပရိသတ်တွေရဲ့ချစ်ခင် အားပေးမှုကို အပြည့်အဝ ရရှိထား တာပါ။ ဝတ်မှုံရွှေရည်က သရုပ်ဆောင် ကောင်းမွန်ပြီး ကျရာဇာတ်ရုပ် အတိုင်း တိတိကျကျ သရုပ်ဆောင် နိုင်တာကြောင့် အနုပညာသက်တမ်း (၁၅) နှစ်အတွင်းမှာ အကယ်ဒမီဆုကြီး နှစ်ဆုကို လက်ဝယ် ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

(၁၇) နှစ်အရွယ် ကတည်းက အနုပညာလောက ထဲကို ဝင်ရောက် လာခဲ့တဲ့ ဝတ်မှုံရွှေရည်က သူမရဲ့ နုပျိုတဲ့ အချိန်တွေကို အလုပ်တွေနဲ့သာ ကုန်ဆုံးခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဝတ်မှုံရွှေရည် က နာမည်ကြီး မင်းသမီး တစ်ယောက် အနေနဲ့ တစ်ခါမှသွားဖို့ အခွင့်မကြုံတဲ့ တောင်ကြီးတန်ဆောင်တိုင်ကို “အနမ်းဝိုင်” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရင်းနဲ့မှ ရောက်ဖြစ်ခဲ့တဲ့အကြောင်းကို ပရိသတ်တွေအတွက် အမှတ်တရအနေနဲ့ အခုလိုပဲ ပြောပြလာပါတယ်။

ဝတ်မှုံရွှေရည်ကတော့ သူမသွားချင်ခဲ့တဲ့ တောင်ကြီး တန်ဆောင်တိုင်ကို ရုပ်ရှင် ရိုက်ရင်းနဲ့မှ ရောက်ဖူးခဲ့ပြီး အမှတ်တရတွေ အများကြီး ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည် ပြောတဲ့ တောင်ကြီး တန်ဆောင်တိုင် အမှတ်တရလေးကို ကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment