Celebrity

ေတာထဲမွာ ႏွစ္ေယာက္အတူ အခက္အခဲေတြကို ရင္ဆိုင္ေက်ာ္ျဖတ္ရင္း ခ်စ္သူသက္တမ္း ၅ႏွစ္ျပည့္ခဲ့ၿပီျဖစ္ေၾကာင္း ေျပာျပလာတဲ့ ေမဦး

Written by Ms Cele

ေတာထဲမွာ ႏွစ္ေယာက္အတူ အခက္အခဲေတြကို ရင္ဆိုင္ေက်ာ္ျဖတ္ရင္း ခ်စ္သူသက္တမ္း ၅ႏွစ္ျပည့္ခဲ့ၿပီျဖစ္ေၾကာင္း ေျပာျပလာတဲ့ ေမဦး

ပရိသတ္ႀကီးေရ ေမဦးတို႔ ခ်စ္သူႏွစ္ဦးဟာ အမွန္တရား ဘက္က ရပ္တည္ရင္း စစ္ေကာင္စီရဲ႕ ဖမ္းဆီးမႈခံရမွာ စိုးတဲ့အတြက္ လြတ္ေျမာက္နယ္ေျမ တစ္ေနရာတြင္ သြားေရာက္ခိုလႈံေနၾက ပါတယ္ေနာ္။ ဒီေန႔လည္း သူတို႔ႏွစ္ေယာက္ရဲ႕ခ်စ္သူသက္တမ္း (၅) ႏွစ္ျပည့္ ေန႔ရက္ေလးပါေနာ္။ တစ္ေယာက္ကို တစ္ေယာက္ အရမ္းခ်စ္တဲ့ အေၾကာင္းကိုလည္း ေမဦးက ၾကည္ႏူးဖြယ္ ေရးသားထား ပါတယ္ေနာ္။

“❤️Anniversary 4 ႀကိမ္ကို ေပ်ာ္႐ႊင္စြာျဖတ္သန္းခဲ့ ရသလို ရက္ေပါင္း ၁၅၀၀ ကိုလည္းႏွင္းဆီပန္း ၁၅၀၀ နဲ႔အတူ မိုးပ်ံပူေပါင္းေလးေတြလႊတ္ကာ ခ်စ္ရတဲ့သူေတြနဲ႔ အေပ်ာ္႐ႊင္ဆုံးျဖတ္သန္းခဲ့ၾကရတယ္❤️ထိုေပ်ာ္႐ႊင္စရာေလးေတြနဲ႔ အရာရာကိုလက္လႊတ္လိုက္ရၿပီး အခုလိုခက္ခဲေနတဲ့အေျခအေနကိုရင္ဆိုင္ေက်ာ္ျဖတ္ေနခ်ိန္မွာပဲ ၅ ႏွစ္တိတိျပည့္ခဲ့ရျပန္ၿပီခ်စ္သူေရ 🥲

ဘာပဲျဖစ္ျဖစ္ ခ်စ္တို ႔ႏွစ္ေယာက္ ေပ်ာ္႐ႊင္လည္းအတူတူ ရွိခဲ့တယ္ ငိုရလည္းအတူတူရွိခဲ့တယ္ အခုလို အခက္ခဲေတြကိုရင္ဆိုေက်ာ္ျဖတ္ခ်ိန္မွာေတာင္တူတူရွိေနရလို႔ ပိုၿပီးခိုင္ၿမဲေစတဲ့ အမွတ္တရအျပည့္နဲ႔ 5 years anniversary ေလးျဖစ္ခဲ့ရၿပီေနာ္❤️ဒါ့ေၾကာင့္ ဒီေန႔ 5 ႏွစ္ျပည့္ကေနၿပီး ေႏွာင္ႏွစ္ေပါင္းမ်ားစြာ အထိ ေပ်ာ္႐ႊင္စရာေန႔ရက္ေတြကိုျဖတ္ေက်ာ္ဖို႔ အၿမဲတမ္းအတူတူ လက္တြဲထားၾကမယ္ေနာ္💪🏻❤️❤️ဒီေန႔လို 5 ႏွစ္ျပည့္အမွတ္တရေန႔ေလးမွာ ျဖစ္ေပၚလာတဲ့ဆႏၵေလးကေတာ့“ေအးခ်မ္းၿပီးေပ်ာ္႐ႊင္စြာေနခဲ့ရတဲ့ေမဦးတို႔အိမ္ေလးကိုအရမ္းျပန္ခ်င္တယ္”🥲အားလုံးကိုလည္းလြမ္းတယ္ 🥲” လို႔ ေရးသားထားပါတယ္ေနာ္။

Credit:CELELUCKY

တောထဲမှာ နှစ်ယောက်အတူ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ရင်း ချစ်သူသက်တမ်း ၅နှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်း ပြောပြလာတဲ့ မေဦး

ပရိသတ်ကြီးရေ မေဦးတို့ ချစ်သူနှစ်ဦးဟာ အမှန်တရား ဘက်က ရပ်တည်ရင်း စစ်ကောင်စီရဲ့ ဖမ်းဆီးမှုခံရမှာ စိုးတဲ့အတွက် လွတ်မြောက်နယ်မြေ တစ်နေရာတွင် သွားရောက်ခိုလှုံနေကြ ပါတယ်နော်။ ဒီနေ့လည်း သူတို့နှစ်ယောက်ရဲ့ချစ်သူသက်တမ်း (၅) နှစ်ပြည့် နေ့ရက်လေးပါနော်။ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်တဲ့ အကြောင်းကိုလည်း မေဦးက ကြည်နူးဖွယ် ရေးသားထား ပါတယ်နော်။

“❤️Anniversary 4 ကြိမ်ကို ပျော်ရွှင်စွာဖြတ်သန်းခဲ့ ရသလို ရက်ပေါင်း ၁၅၀၀ ကိုလည်းနှင်းဆီပန်း ၁၅၀၀ နဲ့အတူ မိုးပျံပူပေါင်းလေးတွေလွှတ်ကာ ချစ်ရတဲ့သူတွေနဲ့ အပျော်ရွှင်ဆုံးဖြတ်သန်းခဲ့ကြရတယ်❤️ထိုပျော်ရွှင်စရာလေးတွေနဲ့ အရာရာကိုလက်လွှတ်လိုက်ရပြီး အခုလိုခက်ခဲနေတဲ့အခြေအနေကိုရင်ဆိုင်ကျော်ဖြတ်နေချိန်မှာပဲ ၅ နှစ်တိတိပြည့်ခဲ့ရပြန်ပြီချစ်သူရေ 🥲

ဘာပဲဖြစ်ဖြစ် ချစ်တို ့နှစ်ယောက် ပျော်ရွှင်လည်းအတူတူ ရှိခဲ့တယ် ငိုရလည်းအတူတူရှိခဲ့တယ် အခုလို အခက်ခဲတွေကိုရင်ဆိုကျော်ဖြတ်ချိန်မှာတောင်တူတူရှိနေရလို့ ပိုပြီးခိုင်မြဲစေတဲ့ အမှတ်တရအပြည့်နဲ့ 5 years anniversary လေးဖြစ်ခဲ့ရပြီနော်❤️ဒါ့ကြောင့် ဒီနေ့ 5 နှစ်ပြည့်ကနေပြီး နှောင်နှစ်ပေါင်းများစွာ အထိ ပျော်ရွှင်စရာနေ့ရက်တွေကိုဖြတ်ကျော်ဖို့ အမြဲတမ်းအတူတူ လက်တွဲထားကြမယ်နော်💪🏻❤️❤️ဒီနေ့လို 5 နှစ်ပြည့်အမှတ်တရနေ့လေးမှာ ဖြစ်ပေါ်လာတဲ့ဆန္ဒလေးကတော့“အေးချမ်းပြီးပျော်ရွှင်စွာနေခဲ့ရတဲ့မေဦးတို့အိမ်လေးကိုအရမ်းပြန်ချင်တယ်”🥲အားလုံးကိုလည်းလွမ်းတယ် 🥲” လို့ ရေးသားထားပါတယ်နော်။

Credit:CELELUCKY

About the author

Ms Cele

Leave a Comment