Celebrity

ေတာ္လွန္ေရးတိုက္ပြဲမွာ က်ဆုံးသြားတဲ့ သူရဲေကာင္းမ်ားအတြက္ အလႉေငြမ်ား သြားေရာက္လႉဒါန္းခဲ့တဲ့ ေဆာင္းယြန္းစံ

Written by Ms Cele

ေတာ္လွန္ေရးတိုက္ပြဲမွာ က်ဆုံးသြားတဲ့ သူရဲေကာင္းမ်ားအတြက္ အလႉေငြမ်ား သြားေရာက္လႉဒါန္းခဲ့တဲ့ ေဆာင္းယြန္းစံ

၂၀၂၁ ေဖေဖာ္ဝါရီလ (၁) ထဲက ျမန္မာနိုင္ငံမွာ စတင္ခဲ့တဲ့ လူထုလႈပ္ရွားမႈႀကီး ဟာခုဆိုရင္ ၿဖိဳခြင္းမႈေတြ ပစ္ခတ္မႈေတြနဲ ႔ၾကဳံေတြ႕ေနရတာေၾကာင့္ အသက္ေပးသြားရသူေတြလည္း မနည္းသလို ဒဏ္ရာရရွိသူေတြလည္း တစ္ရက္ထက္ တစ္ရက္မ်ားျပားလ်က္ရွိပါတယ္။လူငယ္ေတြကလည္း ယုံၾကည္ခ်က္ေတြအတြက္ မိမိတို႔အသက္ကိုပင္ စြန႔္လႊတ္ကာ ခုခ်ိန္ထိ တိုက္ပြဲဝင္ေနၾကတာလည္းျဖစ္ပါတယ္။

အမ်ားစုဟာ လူငယ္ေတြျဖစ္ တာေၾကာင့္ လႈပ္ရွားမႈျပဳလုပ္ေနတဲ့ သူတို႔ေလးေတြ အတြက္ မိသားစုေတြကလည္း စိတ္ပူပန္စြာ အိမ္အျပန္လာကိုေစာင့္ေနၾကတာလည္းေတြ႕ျမင္ရပါတယ္။လမ္းေပၚကျပည္သူျပည္သားေတြ ကလည္း အားလုံးဝိုင္းကူကာ ရရာေနရာကေန စုေပါင္းကူညီေပးသလို အစားအေသာက္ကအစ ပံ့ပိုးေပးေနၾကတာလည္း တကယ္ကို ၾကည္ႏူး ပီတိျဖစ္စရာပါ။

ဒီလိုတိုက္ပြဲဝင္ရင္း က်ဆုံးသြားတဲ့ သူရဲေကာင္းေတြကိုလည္း အႏုပညာရွင္ေတြက ဝိုင္းဝန္းစုေပါင္းၿပီး အလႉေငြမ်ား လႉဒါန္းေပးကာ က်န္ရစ္သူ မိသားစုေတြကို အားေပးႏွစ္သိမ့္ခဲ့ၾက တာလည္းျဖစ္ပါတယ္။ခုလည္း ေဆာင္းယြန္းစံက သူငယ္ခ်င္းေတြနဲ႔ စုေပါင္းၿပီး ေႏြဦးေတာ္လွန္ေရးမွာ က်ဆုံးသြားတဲ့ သူရဲေကာင္းေတြအတြက္ အလႉေငြမ်ားသြားေရာက္ လႉဒါန္းခဲ့တာကိုေလးစားစြာ ေတြ႕ျမင္ရပါတယ္။အလႉပုံေလးေတြနဲ႔အတူ ” ေႏြဦးေတာ္လွန္ေရးတြင္ က်ဆုံးသြားေသာ သူရဲေကာင္းမ်ားအတြက္ ေဆာင္းယြန္းတို႔ သူငယ္ခ်င္းေတြ တတ္နိုင္သေလာက္ေလး လႉဒါန္းခဲ့ပါတယ္တူတူ လႉဒါန္းေပးၾကတဲ့သူမ်ား အားလုံးကိုလဲ ေက်းဇူးပါရွင့္”ဆိုတဲ့စာေလးလည္းေဝမၽွခဲ့ရာ ပရိသတ္ႀကီးအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

Credit:Cele Zone
Photo – Saung Yoon San

တော်လှန်ရေးတိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူရဲကောင်းများအတွက် အလှူငွေများ သွားရောက်လှူဒါန်းခဲ့တဲ့ ဆောင်းယွန်းစံ

၂၀၂၁ ဖေဖော်ဝါရီလ (၁) ထဲက မြန်မာနိုင်ငံမှာ စတင်ခဲ့တဲ့ လူထုလှုပ်ရှားမှုကြီး ဟာခုဆိုရင် ဖြိုခွင်းမှုတွေ ပစ်ခတ်မှုတွေနဲ ့ကြုံတွေ့နေရတာကြောင့် အသက်ပေးသွားရသူတွေလည်း မနည်းသလို ဒဏ်ရာရရှိသူတွေလည်း တစ်ရက်ထက် တစ်ရက်များပြားလျက်ရှိပါတယ်။လူငယ်တွေကလည်း ယုံကြည်ချက်တွေအတွက် မိမိတို့အသက်ကိုပင် စွန့်လွှတ်ကာ ခုချိန်ထိ တိုက်ပွဲဝင်နေကြတာလည်းဖြစ်ပါတယ်။

အများစုဟာ လူငယ်တွေဖြစ် တာကြောင့် လှုပ်ရှားမှုပြုလုပ်နေတဲ့ သူတို့လေးတွေ အတွက် မိသားစုတွေကလည်း စိတ်ပူပန်စွာ အိမ်အပြန်လာကိုစောင့်နေကြတာလည်းတွေ့မြင်ရပါတယ်။လမ်းပေါ်ကပြည်သူပြည်သားတွေ ကလည်း အားလုံးဝိုင်းကူကာ ရရာနေရာကနေ စုပေါင်းကူညီပေးသလို အစားအသောက်ကအစ ပံ့ပိုးပေးနေကြတာလည်း တကယ်ကို ကြည်နူး ပီတိဖြစ်စရာပါ။

ဒီလိုတိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေကိုလည်း အနုပညာရှင်တွေက ဝိုင်းဝန်းစုပေါင်းပြီး အလှူငွေများ လှူဒါန်းပေးကာ ကျန်ရစ်သူ မိသားစုတွေကို အားပေးနှစ်သိမ့်ခဲ့ကြ တာလည်းဖြစ်ပါတယ်။ခုလည်း ဆောင်းယွန်းစံက သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် အလှူငွေများသွားရောက် လှူဒါန်းခဲ့တာကိုလေးစားစွာ တွေ့မြင်ရပါတယ်။အလှူပုံလေးတွေနဲ့အတူ ” နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော သူရဲကောင်းများအတွက် ဆောင်းယွန်းတို့ သူငယ်ချင်းတွေ တတ်နိုင်သလောက်လေး လှူဒါန်းခဲ့ပါတယ်တူတူ လှူဒါန်းပေးကြတဲ့သူများ အားလုံးကိုလဲ ကျေးဇူးပါရှင့်”ဆိုတဲ့စာလေးလည်းဝေမျှခဲ့ရာ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – Saung Yoon San

About the author

Ms Cele

Leave a Comment