Celebrity

ေတာ္လွန္ေရးမွာပါ၀င္ခဲ့လို႕ ၀ရမ္းထုတ္ခံရၿပီး ထြက္ေျပးတိမ္းေရွာင္ေနရင္း အိမ္မျပန္ရ တာၾကာခဲ့ၿပီမို႕ အိမ္ကမိသားစုကို လြမ္းေၾကာင္းေျပာျပလာတဲ့ ညီနႏၵ

Written by Ms Cele

ေတာ္လွန္ေရးမွာပါ၀င္ခဲ့လို႕ ၀ရမ္းထုတ္ခံရၿပီး ထြက္ေျပးတိမ္းေရွာင္ေနရင္း အိမ္မျပန္ရ တာၾကာခဲ့ၿပီမို႕ အိမ္ကမိသားစုကို လြမ္းေၾကာင္းေျပာျပလာတဲ့ ညီနႏၵ

ပရိတ္သတ္ႀကီးေရ…သ႐ုပ္ေဆာင္ မင္းသား ညီနႏၵ ကေတာ့ ေတာ္လွန္ေရး တိုက္ပြဲႀကီးမွာ ျပည္သူေတြနဲ႔အတူ လမ္းေပၚထြက္ လႈပ္ရွားမႈေတြကို ရဲရဲရင့္ရင့္နဲ႔ အင္တိုက္အားတိုက္ ျပဳလုပ္တာေၾကာင့္ ၅၀၅ က ျဖင့္ အမႈဖြင့္အေရးယူျခင္းခံ ထားရတဲ့ အႏုပညာရွင္ေတြထဲက တစ္ေယာက္ပါပဲ..။ညီနႏၵကေတာ့ အၾကမ္းဖက္ စစ္ေကာင္စီရဲ့ အမႈဖြင့္ အေရးယူျခင္းခံ ထားရတာေၾကာင့္ လတ္တေလာမွာ အခက္အခဲေတြနဲ႔ အႏၲရာယ္ေတြၾကားက ေရွာင္တိမ္းပုန္း ခိုေနရသူလည္း ျဖစ္ပါတယ္..။

လတ္တေလာ အေျခအေနေတြမွာ အိမ္မျပန္နိုင္တာ အေတာ္ေလးၾကာေနၿပီျဖစ္တဲ့ အတြက္ ခ်စ္ရတဲ့မိသားစုကို လြမ္းေနရၿပီး အိမ္ျပန္ခ်င္တဲ့ စိတ္ေဇာေတြေၾကာင့္ အိပ္မက္ မက္ခဲ့တဲ့အေၾကာင္းေတြ ေျပာျပလာပါတယ္..။​မိသားစုကို ေန႔ေန႔ညည သတိရလြမ္း ဆြတ္ေနရၿပီး အခုခ်ိန္မွာ လက္ေတြ႕အေကာင္အထည္ မေဖာ္နိုင္ေသးတဲ့ အိမ္ျပန္ျခင္းကို အိပ္မက္ထဲမွာ ျပဳလုပ္ခဲ့တဲ့ အေၾကာင္းေတြကို လြမ္းလြမ္းေဆြးေဆြးေလး ေျပာျပထားတာ ျဖစ္ပါတယ္..။

“အလြမ္း… ျပန္ခ်င္စိတ္ေၾကာင့္…အလြမ္း… ျပန္ခ်င္ေဇာေၾကာင့္…ေန႔ခင္း… အိပ္မက္ထဲမွာအေတြး… အိပ္မက္ထဲမွာအိမ္ျပန္ျဖစ္တယ္..” ဆိုၿပီး သူ႔ရဲ့အျဖစ္ေတြကို ညီနႏၵက ေျပာျပထားတာ ျဖစ္ပါတယ္..။ေတာ္လွန္ေရး အတြက္ လူထုလႈပ္ရွားမႈေတြျပဳလုပ္ကာ အေရးေတာ္ပုံႀကီးမွာ တတ္နိုင္သေလာက္ ႀကိဳးစားပါဝင္အားျဖည့္ခဲ့ၿပီး မိသားစုေတြနဲ႔ ခြဲခြာေန ေနရတဲ့ ညီနႏၵကို ျပည္သူ ပရိသတ္ေတြကလည္း အားေပးစကားေတြေျပာ ထားၾကတာ ေတြ႕ရပါတယ္..။ဖတ္ရႈေပးတဲ့ပရိတ္ သတ္ႀကီးကိုအထူးပဲေက်းဇူးတင္ရွိပါတယ္ေနာ္..။

Source: Nyi Nanda’s Fb Acc
Crd : MM Load

တော်လှန်ရေးမှာပါဝင်ခဲ့လို့ ဝရမ်းထုတ်ခံရပြီး ထွက်ပြေးတိမ်းရှောင်နေရင်း အိမ်မပြန်ရ တာကြာခဲ့ပြီမို့ အိမ်ကမိသားစုကို လွမ်းကြောင်းပြောပြလာတဲ့ ညီနန္ဒ

ပရိတ်သတ်ကြီးရေ…သရုပ်ဆောင် မင်းသား ညီနန္ဒ ကတော့ တော်လှန်ရေး တိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက် လှုပ်ရှားမှုတွေကို ရဲရဲရင့်ရင့်နဲ့ အင်တိုက်အားတိုက် ပြုလုပ်တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံ ထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ပါပဲ..။ညီနန္ဒကတော့ အကြမ်းဖက် စစ်ကောင်စီရဲ့ အမှုဖွင့် အရေးယူခြင်းခံ ထားရတာကြောင့် လတ်တလောမှာ အခက်အခဲတွေနဲ့ အန္တရာယ်တွေကြားက ရှောင်တိမ်းပုန်း ခိုနေရသူလည်း ဖြစ်ပါတယ်..။

လတ်တလော အခြေအနေတွေမှာ အိမ်မပြန်နိုင်တာ အတော်လေးကြာနေပြီဖြစ်တဲ့ အတွက် ချစ်ရတဲ့မိသားစုကို လွမ်းနေရပြီး အိမ်ပြန်ချင်တဲ့ စိတ်ဇောတွေကြောင့် အိပ်မက် မက်ခဲ့တဲ့အကြောင်းတွေ ပြောပြလာပါတယ်..။​မိသားစုကို နေ့နေ့ညည သတိရလွမ်း ဆွတ်နေရပြီး အခုချိန်မှာ လက်တွေ့အကောင်အထည် မဖော်နိုင်သေးတဲ့ အိမ်ပြန်ခြင်းကို အိပ်မက်ထဲမှာ ပြုလုပ်ခဲ့တဲ့ အကြောင်းတွေကို လွမ်းလွမ်းဆွေးဆွေးလေး ပြောပြထားတာ ဖြစ်ပါတယ်..။

“အလွမ်း… ပြန်ချင်စိတ်ကြောင့်…အလွမ်း… ပြန်ချင်ဇောကြောင့်…နေ့ခင်း… အိပ်မက်ထဲမှာအတွေး… အိပ်မက်ထဲမှာအိမ်ပြန်ဖြစ်တယ်..” ဆိုပြီး သူ့ရဲ့အဖြစ်တွေကို ညီနန္ဒက ပြောပြထားတာ ဖြစ်ပါတယ်..။တော်လှန်ရေး အတွက် လူထုလှုပ်ရှားမှုတွေပြုလုပ်ကာ အရေးတော်ပုံကြီးမှာ တတ်နိုင်သလောက် ကြိုးစားပါဝင်အားဖြည့်ခဲ့ပြီး မိသားစုတွေနဲ့ ခွဲခွာနေ နေရတဲ့ ညီနန္ဒကို ပြည်သူ ပရိသတ်တွေကလည်း အားပေးစကားတွေပြော ထားကြတာ တွေ့ရပါတယ်..။ဖတ်ရှုပေးတဲ့ပရိတ် သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နော်..။

Source: Nyi Nanda’s Fb Acc
Crd : MM Load

About the author

Ms Cele

Leave a Comment