Celebrity
Written by Ms Cele
Credit:CELELUCKY
တော်လှန်ရေးမှာ ပါဝင်ခဲ့တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် မိခင်ဖြစ်သူရဲ့နာရေးကိုတောင်လိုက်ပို့ပေးဖို့ အခွင့်မသာခဲ့တဲ့ ဒါရိုက်တာဏကြီး
ပရိသတ်ကြီးရေ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ အနုပညာရှင် များဟာ ဘေးကင်းရာကို ရှောင်ပြေးနေကြ ရပါတယ်နော်။ ရန်ကုန်မှာ ကျန်ရှိနေကြသူတွေ ကတော့ တော်လှန်ရေးမပါကြသူတွေနဲ့ သာကူးတွေပဲ ဖြစ်ကြပါတယ်နော်။ ဒါရိုက်တာ ဏကြီးနဲ့ပိုင်ဖြိုးသုတို့ လင်မယားလည်း ရှောင်နေကြရပါတယ်နော်။
ပိုင်ဖြိုးသုရဲ့မိခင်ဖြစ်သူမှ သူ့ရဲ့ခမည်းခမက် ကွယ်လွန်သွားတဲ့ အကြောင်းပြောထားပါတယ်နော်။ ” ၂၀၂၁ ခုနှစ်ကတော့ မျှော်လင့် မထားတဲ့ ဝမ်းနည်းစရာ‌ အဖြစ်အပျက်တွေနဲ့ပြည့်‌နှက်နေ ပါတယ်။မနေ့ (မေလ ၈ရက်) ညက ကျွန်မရဲ့ခမည်းခမက် သားကိုဏကြီးရဲ့ကျေးဇူးရှင်မိခင်ကြီး အစ်မဒေါ်တင်တင်နွယ် ဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့ပါတယ်။
သနားစရာကောင်းတဲ့ သားအမိ မတွေ့ကြရတာ ၃လရှိခဲ့ပြီးအခုတော့ တစ်သက်တာပြန်မတွေ့နိုင်တော့တဲ့ သံသရာခရီးရှည်ကြီးကို အစ်မကြီးထွက်ခွာသွားခဲ့ပါပြီ။ သား တို့သမီးတို့ အနေနဲ့မိခင်/ယောက္ခမရဲ့နောက်ဆုံးခရီးကိုလိုက်ပါပို့ဆောင်နိုင်ခွင့်မရှိတဲ့ အတွက်ယူကြုံးမရဖြစ်မိပါတယ်။သားရေ ဝဋ်ကြွေးရှိခဲ့ရင်လည်း ဒီမျှနဲ့ကြေပါစေ။အစ်မရေ စိတ်ဖြောင့်‌ဖြောင့်နဲ့ မြင့်မြတ်တဲ့ဘုံမှာစံမြန်းပါတော့နော်။ ” လို့ ရေးထားပါတယ်နော်။
Credit:CELELUCKY
About the author
Ms Cele
Leave a Comment