Celebrity

ေတာ္လွန္ေရးမွာ ပါ၀င္ခဲ့လို႕ဖမ္းဆီခံရတဲ့ ပိုင္တံခြန္ရဲ႕အမႈနဲ႕ပတ္သက္ၿပီး ပရိသတ္ေတြသိေအာင္ေျပာျပလာတဲ့ ပိုင္တံခြန္ရဲ႕ေရွ႕ေန

Written by Ms Cele

ေတာ္လွန္ေရးမွာ ပါ၀င္ခဲ့လို႕ဖမ္းဆီခံရတဲ့ ပိုင္တံခြန္ရဲ႕အမႈနဲ႕ပတ္သက္ၿပီး ပရိသတ္ေတြသိေအာင္ေျပာျပလာတဲ့ ပိုင္တံခြန္ရဲ႕ေရွ႕ေန

စစ္ေကာင္စီက ပုဒ္မ ၅၀၅(က) နဲ႔ ဖမ္းဆီး တရားစြဲထားတဲ့ သ႐ုပ္ေဆာင္ ေမာ္ဒယ္ ပိုင္တံခြန္ အမႈကို ဇြန္လ ၉ ရက္ ဒီေန႔ ႐ုံးခ်ိန္းေခၚခဲ့ၿပီး တရားလို ေျမာက္ဒဂုံၿမိဳ႕မ ရဲစခန္းမႉး ဒုရဲမႉးေဇာ္မင္းေအာင္ကို အင္းစိန္ေထာင္ တြင္း တရား႐ုံးမွာ စတင္စစ္ေဆးခဲ့ပါတယ္။ အမႈကို ျပန္ေခ်ပနိုင္ဖို႔ တရားလိုရဲ့ စြပ္စြဲခ်က္ေတြ ခိုင္မာမႈရွိမရွိ ပိုင္တံခြန္ ရဲ့ဥပေဒအႀကံေပးက သုံးသပ္ေနၿပီး တရားလိုျပသက္ေသေတြရဲ့စြဲခ်က္ေတြကို ေနာက္႐ုံးခ်ိန္းမွာ ေစာင့္ၾကည့္ရဦးမယ္လို႔ ပိုင္တံခြန္ရဲ့ဥပေဒအႀကံေပး တရားလႊတ္ေတာ္ ေရွ႕ေန ဦးခင္ေမာင္ျမင့္က ေျပာပါတယ္။

သ႐ုပ္ေဆာင္ပိုင္တံခြန္ကို အင္းစိန္ေထာင္တြင္း သီးသန႔္ေဆာင္မွာ ထိန္းသိမ္းထားတာျဖစ္ၿပီး အခု႐ုံးခ်ိန္းမွာ က်န္းမာေရး ေကာင္းမြန္တာေတြ႕ရတယ္လို႔ ေရွ႕ေနကေျပာပါတယ္။ ပိုင္တံခြန္ကိုစကစက စြဲခ်က္တင္ရာမွာ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ေပၚက အေထာက္အထားေတြနဲ႔ စြပ္စြဲတာျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ ပိုင္တံခြန္ကို ဧၿပီ ၈ရက္ ေန႔က ေျမာက္ဒဂုံက သူ႔ရဲ့ေနအိမ္မွာ ဝင္ေရာက္ ဖမ္းဆီးခဲ့ တာျဖစ္ပါတယ္။ ပိုင္တံခြန္အမႈ အတြက္ ေနာက္႐ုံးခ်ိန္းကို ဇြန္လ ၂၃ ရက္ေန႔မွာျပန္ေခၚထားၿပီး တရားလိုျပ သက္ေသေတြကို ဆက္စစ္မွာျဖစ္ပါတယ္။ အင္းစိန္ေထာင္ထဲ ေရာက္ၿပီး ပုဒ္မ ၅၀၅ နဲ႔အစြဲခံထားရသူ ေတြကို အာမခံေပးေလ့မရွိတဲ့အတြက္ ပိုင္တံခြန္အတြက္ အာမခံေလၽွာက္ထားဖို႔ ကလည္း ခက္ခဲေနတယ္လို႔ သူ႔ရဲ့ဥပေဒအႀကံေပးက ေျပာပါတယ္။

crd : DVB Burmese

တော်လှန်ရေးမှာ ပါဝင်ခဲ့လို့ဖမ်းဆီခံရတဲ့ ပိုင်တံခွန်ရဲ့အမှုနဲ့ပတ်သက်ပြီး ပရိသတ်တွေသိအောင်ပြောပြလာတဲ့ ပိုင်တံခွန်ရဲ့ရှေ့နေ

စစ်ကောင်စီက ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဆီး တရားစွဲထားတဲ့ သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန် အမှုကို ဇွန်လ ၉ ရက် ဒီနေ့ ရုံးချိန်းခေါ်ခဲ့ပြီး တရားလို မြောက်ဒဂုံမြို့မ ရဲစခန်းမှူး ဒုရဲမှူးဇော်မင်းအောင်ကို အင်းစိန်ထောင် တွင်း တရားရုံးမှာ စတင်စစ်ဆေးခဲ့ပါတယ်။ အမှုကို ပြန်ချေပနိုင်ဖို့ တရားလိုရဲ့ စွပ်စွဲချက်တွေ ခိုင်မာမှုရှိမရှိ ပိုင်တံခွန် ရဲ့ဥပဒေအကြံပေးက သုံးသပ်နေပြီး တရားလိုပြသက်သေတွေရဲ့စွဲချက်တွေကို နောက်ရုံးချိန်းမှာ စောင့်ကြည့်ရဦးမယ်လို့ ပိုင်တံခွန်ရဲ့ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

သရုပ်ဆောင်ပိုင်တံခွန်ကို အင်းစိန်ထောင်တွင်း သီးသန့်ဆောင်မှာ ထိန်းသိမ်းထားတာဖြစ်ပြီး အခုရုံးချိန်းမှာ ကျန်းမာရေး ကောင်းမွန်တာတွေ့ရတယ်လို့ ရှေ့နေကပြောပါတယ်။ ပိုင်တံခွန်ကိုစကစက စွဲချက်တင်ရာမှာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်က အထောက်အထားတွေနဲ့ စွပ်စွဲတာဖြစ်ပါတယ်။

သရုပ်ဆောင် ပိုင်တံခွန်ကို ဧပြီ ၈ရက် နေ့က မြောက်ဒဂုံက သူ့ရဲ့နေအိမ်မှာ ဝင်ရောက် ဖမ်းဆီးခဲ့ တာဖြစ်ပါတယ်။ ပိုင်တံခွန်အမှု အတွက် နောက်ရုံးချိန်းကို ဇွန်လ ၂၃ ရက်နေ့မှာပြန်ခေါ်ထားပြီး တရားလိုပြ သက်သေတွေကို ဆက်စစ်မှာဖြစ်ပါတယ်။ အင်းစိန်ထောင်ထဲ ရောက်ပြီး ပုဒ်မ ၅၀၅ နဲ့အစွဲခံထားရသူ တွေကို အာမခံပေးလေ့မရှိတဲ့အတွက် ပိုင်တံခွန်အတွက် အာမခံလျှောက်ထားဖို့ ကလည်း ခက်ခဲနေတယ်လို့ သူ့ရဲ့ဥပဒေအကြံပေးက ပြောပါတယ်။

crd : DVB Burmese

About the author

Ms Cele

Leave a Comment