Celebrity


Written by Ms Cele








တော်လှန်ရေးမှာ ဘာကြောင့်မပါဝင်ခဲ့ရလည်းဆိုတာကို ကိုယ်တိုင်မျက်မြင်ကြုံတွေ့ခဲ့ရသူမှ ကိုယ်ချင်းစာပြီးပြောပြလာတဲ့ မိုးဟေကိုရဲ့အကြောင်းအရင်း

အားလုံး သိစေချင်လို့ တချို့ကလဲ အထင်မြင်လွဲနေကြတဲ့ သူတွေရှိနေလို့ အမှန်တကယ်ဖြစ်နေ တာလေးကို ကိုယ်ကိုယ်တိုင် မနေ့က ဆေးရုံရောက် သွားတော့မှ အန်တီ့ရဲ့ ခြေနေကို တွေ့လိုက်ရမှဘဲ ငါဆိုရင်ရော ဆိုတဲ့ အတွေးလေး ဝင်လာပြီး မိုးအတွက် အခုလိုလေး ကိုယ်ချင်းစာနားလည်ပြီး အားလုံးအမြင်လေးရှင်းစေချင်လို့ပါ

အန်တီကဒီလို ကုတင်ပေါ်မှာဘဲ နေပြီး နိုင်ငံခြားမှာသွားသွားကု နေရတာတော့ ကြာပြီပေါ့နော် ဒါပေမယ့်တကယ်အရေးပေါ် ခြေနေလူစောင့်ကြည့်နေရတဲ့ အနေအထားစပြီးဖြစ်တာကတော့ january, 2021 ကထဲကပါ ဒါ့ကြောင့်အဲ့ဒီလတွေရက်တွေကထဲက မိုးကအနုပညာအလုပ်တွေ ဆိုရင်တောင်နယ်ကိုရက်ရှည်ခရီးထွက်ရမည့်အလုပ်ဆိုရင် တောင်မလုပ်နိုင်တော့ဘဲ အန်တီ့အနားမှာဘဲအမြဲ စောင့်ကြည့်နေရတယ် ညဘက်ဆိုလဲမိခင်ဖြစ်သူကနာကျင်ကိုက်ကဲနေတော့ ညီးတွားသံ ကြားရပြန်တော့လဲမိုးလဲ ဘယ်အိပ်ပျော်မလဲ

နိုင်ငံခြားမှာ သွားကုနေကြကိုကိုဗစ် ဖြစ်တော့ ပြည်ပထွက်ခွင့် မရပြန်တော့ ထွက်မကုရပြန်ဘူးထွက်လို့ ရပြန်တော့လဲ အန်တီက နေရာအရွေ့အပြောင်းလေးတောင် မခံနိုင်အောင်နာကျင်စွာခံစားနေရတော့ သွားလို့မရတော့ပြန်မိုးအနေနဲ့အပြင်ထွက်ပြန်ရင်လဲ ကိုဗစ်ရောဂါသူ့ကိုကူးလာရင် အမေ့နားမှာ အမြဲနေရသူ ကိုယ်တိုင်ပြုစုနေရသူဆိုတော့ အမေ့ကို ပြန်ကူးမှာကြောက်နေရပြန်ရောအခု နိုင်ငံရေးမှာလဲသူကိုယ်တိုင်ပထမပိုင်းမှာ ပြည်သူနဲ့အတူရပ်တည်ပြီး ပါဝင်ခဲ့ပါတယ်တတ်အားသရွေ့လဲ speak out လုပ်ပေးခဲ့တာတွေရှိပါတယ်

နောက်ပိုင်း ဘာလို့ မလုပ်တာလဲလို့ ပြောရရင်တော့ ၅၀၅ ပြသနာပေါ့ မိုးသာ ၅၀၅အထုတ်ခံရရင် ဝရမ်းထုတ် လိုက်ပြီ ဆိုတာနဲ့ ပြေးရပြီလေအာ့ဆို ဒီအမေကြီးကို ဘယ်သူပြုစုမှာလဲ သူကိုယ်တိုင်ပိုက်ဆံရှာ သူကိုယ်တိုင်ပြုစုနေရသူ သူသာဝရမ်းကို ရှောင်နေရပြီဆို ကျောက်ကပ် ခဏခဏ ဆေးနေရပြီး ဆေးရုံပေါ် ၃လကြာအခုချိန်ထိလဲ ဆေးရုံ ၂ ခုပြောင်းနေရတဲ့ လူမမာ မိခင် အတွက်ဘယ်သူပိုက်ဆံရှာပေးမလဲဘယ်သူစီစဉ် ညွှန်ကြားမလဲကုန်လိုက်တဲ့ ဆေးဖိုးတွေကလဲ မနည်းလှတော့ဘူးလေ ဒီပိုက်ဆံတွေအတွက်ဒီလိုကာလမှာ မိုးကိုယ်တိုင် စီစဉ်လှုပ်ရှားနေရတာပါ

ကျွန်မလဲ ယော်ကျားမရှိတဲ့ အိမ်ထောင်ဦးစီး တစ်ယောက်ဖြစ်လို့ ကျွန်မသူ့နေရာကနေ အိမ်ထောင်စု မိသားစု တစ်ခုလုံးအပြင်လူမမာ မိခင်ကြီးအတွက် ရုန်းကန်လှုပ်ရှားပြီးမိခင်အတွက် အားလုံးကို မျကိစိစုံမှိတ်ပြီး နေနေရတာပါပြည်သူ အတွက် ကွယ်ရာ မှာအံကြိတ် မချိတင်ကဲ ဖြစ်နေရပေမယ့်လဲသူ မရှိရင်သူ့မိခင်အတွက် အဆင်မပြေမှာစိုးလို့ သူ့ခမျာပရိသတ်တချို့ရဲ့ အထင်မြင်လွဲခြင်းကိုခံနေရတာပါအားလုံးကို နားလည်ခွင့်လွှတ်ပေးကြပါနားလည် ခွင့်လွှတ်ပေးစေချင်ပါတယ် မိုးကိုယ်တိုင်ကလဲ ပြည်သူနဲ့ တသားတည်း ရှိပါကြောင်း အထင်မြင်မလွဲပါနဲ့လို့ တင်ပြအပ်ပါတယ်

Credit ; Myanmar Celebrity TV Club

About the author

Ms Cele

Leave a Comment