Celebrity


Written by Ms Cele





Credit

တော်လှန်ရေးမှာ အမှန်တရားဘက်ကရပ်တည်ခဲ့ပြီး CDM ပြုလုပ်သွားတဲ့ ခွဲစိတ်ဆရာဝန်ဒေါက်တာမြဝတ်ရည်မှ သမီးဦးလေးကို အောင်မြင်စွာမွေးဖွား

ပရိသတ်ကြီးရေ.. စကားပြောပွင့်လင်းပြီး မဟုတ်မခံ တတ်သလို ချစ်စရာစိတ်ထားလေး တွေကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေး ချစ်ခင်မှုတွေကို ရရှိထားတဲ့ ဆယ်လီတွေထဲမှာ ဒေါက်တာမြဝတ်ရည် ကလည်း အပါအဝင်ပါပဲ..။

ဒေါက်တာမြဝတ်ရည်ဟာ ဆိုရင် ခွဲစိတ်အထူးကု ဆရာဝန်ဘဝမှာ CDMပြုလုပ်ကာ ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်ပြီး ဆန့်ကျင်​တော်လှန်ခဲ့သူ တစ်ယောက်ပဲဖြစ်ပါတယ်နော်။ ပြည်သူလူထုနဲ့အတူတစ်သားတည်းရပ်တည်ခဲ့တဲ့ ဒေါက်တာမြဝတ်ရည်ကို ပုဒ်မ ၅၀၅(က)နဲ့တရားဆွဲဆိုခံခဲ့ ရတာပဲဖြစ်ပါတယ်။

ကိုယ်ဝန်ကြီးနဲ့ ဝရမ်း​ကြောင့် တိမ်း​ရှောင်​တိမ်းနေရတဲ့ ​ဒေါက်တာမြဝတ်ရည်ဟာ ရင်​သွေး ငယ်သမီး​လေးကို ​အောင်မြင်ဘေးကင်းစွာ ​​မွေးဖွားခဲ့ပြီဖြစ်ပါသည်။ မိခင်​ရော ရင်​သွေးပါ ကျန်းမာ​ဘေးကင်းစွာရှိ​နေသည့် အတွက် ​ဒေါက်တာ့ ကို စိုးရိမ်၍ ချစ်မြတ်နိုးသူ ပရိတ်သတ်များ စိတ်ချမ်းသာစရာ သတင်းအ​နေဖြင့် တင်ဆက်​ပေးလိုက်ပါတယ်နော်။

Credit

About the author

Ms Cele

Leave a Comment