Celebrity

ေတာ္လွန္ေရးမွာ အသက္ေပးသြားရတဲ့ သူရဲေကာင္းေတြရဲ႕မိသားစုေတြနဲ႕ စား၀တ္ေနေရးအတြက္ လိုအပ္ေနသူေတြကို သြားေရာက္လွဴဒါန္းခဲ့တဲ့ မီးႏို

Written by Ms Cele

ေတာ္လွန္ေရးမွာ အသက္ေပးသြားရတဲ့ သူရဲေကာင္းေတြရဲ႕မိသားစုေတြနဲ႕ စား၀တ္ေနေရးအတြက္ လိုအပ္ေနသူေတြကို သြားေရာက္လွဴဒါန္းခဲ့တဲ့ မီးႏို

ပရိသတ္ေတြ အားေပးခ်စ္ခင္ၾကတဲ့ ေတးသံရွင္မေလး မီးနိုဟာ ေတာ္လွန္ေရး ကာလမွာ သူမတတ္နိုင္တဲ့ ဘက္ကေန ပါဝင္ကူညီၿပီး အခက္အခဲ jဖစ္ေနတဲ့ ျပည္သူေတြကိုလည္း မၾကာခဏသလို သြားေရာက္ လႉဒါန္းမႈေတြ ျပဳလုပ္ေနသူေလး တစ္ေယာက္ပဲ ျဖစ္ပါတယ္။မီးနိုဟာ လြန္ခဲ့တဲ့ နာရီပိုင္းေလာက္ကဆိုရင္လည္း သူမရဲ့ေဖ့ဘြတ္ေပ့မွာ ေကာက္ခံရရွိတဲ့ အလႉ​ေငြေလးေတြနဲ႔ အိမ္ေၿခ ၄၀၀ ေက်ာ္အတြက္ လိုအပ္တာေလးေတြ သြားေရာက္လႉဒါန္းျဖစ္တဲ့ အေၾကာင္းေလးကို တင္ေပးလာခဲ့ပါတယ္။

မီးနိုဟာ “မေန႔က မီးနို အိမ္ေၿခ ၄၀၀ ကို အေျခခံ စားေသာက္ကုန္ ဆန္၊ ၾကက္ဥ၊ ၾကက္သြန္ေတြ သြားေရာက္လႉတန္း ခဲ့ပါတယ္..ေတာ္လွန္ေရး မွာ အသက္ေပး သြားရတဲ့ သူရဲေကာင္း အိမ္ေတြကိုလည္း သြားေရာက္ကူညီ အားေပးခဲ့ပါတယ္..အခုလို ကူညီေပးၾကတဲ့ အလႉရွင္ေတြေရာ အစစအရာရာ ပင္ပင္ပန္းပန္းလိုက္ကူညီေပးတဲ့ မီးနိုသူငယ္ခ်င္းေတြကိုလည္း ေက်းဇူးတင္ပါတယ္..ကိုေအးခ်မ္းမိုးတိမ္စုေပါင္းအလႈ ၈ သိန္း ခြဲစင္ကာပူမွ သူငယ္ ခ်င္းမ်ားမွ ၅သိန္းေႏြပရဟိတလူငယ္ ေတြ မ်ားမွ ၃ သိန္းျပည္သူမ်ားမွာအလႉေတြနဲ႔လည္းစုေပါင္းပါဝင္ထားပါတယ္..

မီးနိုတို႔ ဒီရက္ပိုင္း ထဲမွာပဲ လိုအပ္ေနတဲ့ ဝန္ထမ္းမိသားစုအျပင္ မီးနို Facebook Page မွာ လာေျပာတဲ့ တကယ္ လိုအပ္ေနတဲ့ မိသားစု တစ္ခ်ိဳ႕ကိုလည္း အိမ္တိုင္ရာေရာက္သြား လႉျဖစ္ခဲ့ပါေသးတယ္..” လို႔ သူမရဲ့ေဖ့ဘြတ္ေပ့မွာ ေရးသားေဖာ္ျပ ထားတာကို ေတြ႕ရပါတယ္။အခုလို မြန္ျမတ္လွတဲ့ စိတ္ထားေလးနဲ႔ တကယ္ အခက္အခဲျဖစ္ေနသူေတြကို တတ္နိုင္သေလာက္ သြားေရာက္ လႉဒါန္းေပးတဲ့ မီးနိုရဲ့အလႉေလးကေတာ့ ဝမ္းေျမာက္ပီတိျဖစ္စရာပါပဲ။ အျဖဴေရာင္ စိတ္ဓာတ္ပိုင္ရွင္ေလး မီးနိုတင္ေပးထားတဲ့ လႉဒါန္းမႈပုံရိပ္ေလးေတြကိုလည္း ပရိသတ္ေတြ ကိုယ္တိုင္ကိုယ္က် ျမင္ေတြ႕နိုင္ေစဖို႔အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

Credit:celethatin

တော်လှန်ရေးမှာ အသက်ပေးသွားရတဲ့ သူရဲကောင်းတွေရဲ့မိသားစုတွေနဲ့ စားဝတ်နေရေးအတွက် လိုအပ်နေသူတွေကို သွားရောက်လှူဒါန်းခဲ့တဲ့ မီးနို

ပရိသတ်တွေ အားပေးချစ်ခင်ကြတဲ့ တေးသံရှင်မလေး မီးနိုဟာ တော်လှန်ရေး ကာလမှာ သူမတတ်နိုင်တဲ့ ဘက်ကနေ ပါဝင်ကူညီပြီး အခက်အခဲ jဖစ်နေတဲ့ ပြည်သူတွေကိုလည်း မကြာခဏသလို သွားရောက် လှူဒါန်းမှုတွေ ပြုလုပ်နေသူလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။မီးနိုဟာ လွန်ခဲ့တဲ့ နာရီပိုင်းလောက်ကဆိုရင်လည်း သူမရဲ့ဖေ့ဘွတ်ပေ့မှာ ကောက်ခံရရှိတဲ့ အလှူ​ငွေလေးတွေနဲ့ အိမ်ခြေ ၄၀၀ ကျော်အတွက် လိုအပ်တာလေးတွေ သွားရောက်လှူဒါန်းဖြစ်တဲ့ အကြောင်းလေးကို တင်ပေးလာခဲ့ပါတယ်။

မီးနိုဟာ “မနေ့က မီးနို အိမ်ခြေ ၄၀၀ ကို အခြေခံ စားသောက်ကုန် ဆန်၊ ကြက်ဥ၊ ကြက်သွန်တွေ သွားရောက်လှူတန်း ခဲ့ပါတယ်..တော်လှန်ရေး မှာ အသက်ပေး သွားရတဲ့ သူရဲကောင်း အိမ်တွေကိုလည်း သွားရောက်ကူညီ အားပေးခဲ့ပါတယ်..အခုလို ကူညီပေးကြတဲ့ အလှူရှင်တွေရော အစစအရာရာ ပင်ပင်ပန်းပန်းလိုက်ကူညီပေးတဲ့ မီးနိုသူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်..ကိုအေးချမ်းမိုးတိမ်စုပေါင်းအလှု ၈ သိန်း ခွဲစင်ကာပူမှ သူငယ် ချင်းများမှ ၅သိန်းနွေပရဟိတလူငယ် တွေ များမှ ၃ သိန်းပြည်သူများမှာအလှူတွေနဲ့လည်းစုပေါင်းပါဝင်ထားပါတယ်..

မီးနိုတို့ ဒီရက်ပိုင်း ထဲမှာပဲ လိုအပ်နေတဲ့ ဝန်ထမ်းမိသားစုအပြင် မီးနို Facebook Page မှာ လာပြောတဲ့ တကယ် လိုအပ်နေတဲ့ မိသားစု တစ်ချို့ကိုလည်း အိမ်တိုင်ရာရောက်သွား လှူဖြစ်ခဲ့ပါသေးတယ်..” လို့ သူမရဲ့ဖေ့ဘွတ်ပေ့မှာ ရေးသားဖော်ပြ ထားတာကို တွေ့ရပါတယ်။အခုလို မွန်မြတ်လှတဲ့ စိတ်ထားလေးနဲ့ တကယ် အခက်အခဲဖြစ်နေသူတွေကို တတ်နိုင်သလောက် သွားရောက် လှူဒါန်းပေးတဲ့ မီးနိုရဲ့အလှူလေးကတော့ ဝမ်းမြောက်ပီတိဖြစ်စရာပါပဲ။ အဖြူရောင် စိတ်ဓာတ်ပိုင်ရှင်လေး မီးနိုတင်ပေးထားတဲ့ လှူဒါန်းမှုပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နိုင်စေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

Credit:celethatin

About the author

Ms Cele

Leave a Comment