Celebrity

ေတာ္လွန္ေရးအတြက္ အဆင္သင့္ျပင္ဆင္ေနၾကေၾကာင္း ျပသလာတဲ့ ဟားငါးေကာင္အဖြဲ႕

Written by Ms Cele

ေတာ္လွန္ေရးအတြက္ အဆင္သင့္ျပင္ဆင္ေနၾကေၾကာင္း ျပသလာတဲ့ ဟားငါးေကာင္အဖြဲ႕

ပရိသတ္ႀကီးေရ ဒီအခ်ိန္မွာ လူငယ္ေတာ္ေတာ္ မ်ားမ်ားက စစ္သင္တန္းမ်ား သြားေရာက္ သင္ၾကားေနပါၿပီေနာ္။ အႏုပညာရွင္မ်ား ကလည္း ဒီအခ်ိန္တြင္ ကပ္ဆိုက္ေနၾကတာေၾကာင့္ ရရာလက္နက္ကိုင္ၿပီး တိုက္ပြဲဝင္ဖို႔ အသင့္ရွိေနၾကပါၿပီေနာ္။

ဟားငါးေကာင္ လူ႐ႊင္ေတာ္ အဖြဲ႕ဝင္မ်ားကလည္း တိုင္းျပည္အတြက္ တစ္ေထာင့္ တစ္ေနရာကေန ပါဝင္အားျဖည့္ဖို႔ လြတ္ေျမာက္နယ္ေျမတြင္ စစ္သင္ခန္း တက္ေရာက္ေနၾကပါၿပီေနာ္။ သူတို႔ေတြတင္မဟုတ္ဘဲ သ႐ုပ္ေဆာင္ ထားထက္ထက္၊ မိတ္ကပ္ဖန္တီးရွင္ ေမဦး ၊ အဆိုေတာ္ ႏိုဗန္ထူး စသည္တို႔လည္း လြတ္ေျမာက္နယ္ေျမမ်ားသို႔အသီးသီးေရာက္ရွိေနၾကပါၿပီေနာ္။

ျပည္သူေတြဘက္ ကေန ရပ္တည္ဖို႔ အႏုပညာသမား ကေန ေသနတ္ကိုင္ဖို႔ ဆုံးျဖတ္လိုက္ ၾကတဲ့ ဟားငါးေကာင္ အဖြဲ႕ကေတာ့ ေလးစားစရာပါပဲေနာ္။ သူတို႔ရဲ႕အေတြ႕အႀကဳံေတြ ကိုလည္း ဆိုရွယ္မီဒီယာထက္တြင္ ေဝမွ်ထားၾက ပါေသးတယ္ေနာ္။

Credit:CELELUCKY

တော်လှန်ရေးအတွက် အဆင်သင့်ပြင်ဆင်နေကြကြောင်း ပြသလာတဲ့ ဟားငါးကောင်အဖွဲ့

ပရိသတ်ကြီးရေ ဒီအချိန်မှာ လူငယ်တော်တော် များများက စစ်သင်တန်းများ သွားရောက် သင်ကြားနေပါပြီနော်။ အနုပညာရှင်များ ကလည်း ဒီအချိန်တွင် ကပ်ဆိုက်နေကြတာကြောင့် ရရာလက်နက်ကိုင်ပြီး တိုက်ပွဲဝင်ဖို့ အသင့်ရှိနေကြပါပြီနော်။

ဟားငါးကောင် လူရွှင်တော် အဖွဲ့ဝင်များကလည်း တိုင်းပြည်အတွက် တစ်ထောင့် တစ်နေရာကနေ ပါဝင်အားဖြည့်ဖို့ လွတ်မြောက်နယ်မြေတွင် စစ်သင်ခန်း တက်ရောက်နေကြပါပြီနော်။ သူတို့တွေတင်မဟုတ်ဘဲ သရုပ်ဆောင် ထားထက်ထက်၊ မိတ်ကပ်ဖန်တီးရှင် မေဦး ၊ အဆိုတော် နိုဗန်ထူး စသည်တို့လည်း လွတ်မြောက်နယ်မြေများသို့အသီးသီးရောက်ရှိနေကြပါပြီနော်။

ပြည်သူတွေဘက် ကနေ ရပ်တည်ဖို့ အနုပညာသမား ကနေ သေနတ်ကိုင်ဖို့ ဆုံးဖြတ်လိုက် ကြတဲ့ ဟားငါးကောင် အဖွဲ့ကတော့ လေးစားစရာပါပဲနော်။ သူတို့ရဲ့အတွေ့အကြုံတွေ ကိုလည်း ဆိုရှယ်မီဒီယာထက်တွင် ဝေမျှထားကြ ပါသေးတယ်နော်။

Credit:CELELUCKY

About the author

Ms Cele

Leave a Comment