Celebrity

ေတာ္ဝင္သဇင္ရဲ့ တင့္တယ္မႈနဲ႕ အညီ သူမရဲ႕ျမန္မာဆန္ဆန္ပံုရိပ္ေတြကို ျပသလာတဲ့ သက္မြန္ျမင့္

Written by Ms Cele

ေတာ္ဝင္သဇင္ရဲ့ တင့္တယ္မႈနဲ႕ အညီ သူမရဲ႕ျမန္မာဆန္ဆန္ပံုရိပ္ေတြကို ျပသလာတဲ့ သက္မြန္ျမင့္

ရိုးရိုးေအးေအးေနတတ္ၿပီး အရွက္အေၾကာက္ႀကီးတဲ့ သက္မြန္ဟာ လက္ရွိအခ်ိန္ထိလည္း အိေျႏၵႀကီးတဲ့ အမ်ိဳးသမီး တစ္ေယာက္ အျဖစ္နဲ႔ ပရိသတ္ေတြရဲ့အခ်စ္ကို အျပည့္အဝရထားသူ တစ္ေယာက္လည္းျဖစ္ပါတယ္။ သားေလးနဲ႔သမီးေလးကိုပိုင္ဆိုင္ခဲ့ၿပီးေနာက္ ခ်စ္ရတဲ့ကေလးေတြကို အက်င့္ေကာင္းေလးေတြ ပ်ိဳးေထာင္ေပးတတ္တဲ့ မိခင္ေကာင္းပီသသူ တစ္ေယာက္လည္းျဖစ္ပါတယ္။

အႏုပညာလမ္းေၾကာင္းေပၚမွာ ဆယ္စုႏွစ္တစ္စုေက်ာ္ၾကာျမင့္ တဲ့အထိ ေလၽွာက္လွမ္းခဲ့ၿပီး လက္ရွိအခ်ိန္ထိလည္း ေအာင္ျမင္တဲ့ မင္းသမီး တစ္ေယာက္ျဖစ္ေနဆဲပါပဲ။ ကိုယ္တိုင္လည္း တရားအသိရွိသလို မိဘေတြအတြက္လည္း တရားအားထုတ္နိုင္ေအာင္ ဖန္တီးေပးၿပီး သားသမီးေတြကိုလည္း ဓမၼနဲ႔ရင္းႏွီးေစခဲ့တဲ့ မိခင္တစ္ေယာက္ပါ။

ဒီေန႔မွာေတာ့ က်က္သေရရွိၿပီး လွလြန္းေနတဲ့ သူမရဲ့ျမန္မာဆန္ဆန္ပုံရိပ္ေတြကို ” သက္မြန္ကို လွေစခ်င္လို႔ ဖန္တီးေပးတာမွန္သမၽွ သက္မြန္ကတန္ဖိုးထားပါတယ္ ေတာ္ဝင္သဇင္ရဲ့ တင့္တယ္မႈကိုလိုက္မီဖို႔ သက္မြန္ရဲ့ Team က ပံ့ပိုးေပးထားၾကတယ္။ ဒီ program ေလးမွာ သူတို႔အားလုံး သက္မြန္အတြက္ အလွဆုံးျဖစ္ေအာင္ ႀကိဳးစားအားထုတ္ေပးထားၾကတယ္။ အဲဒီအတြက္ အားလုံးကို ေက်းဇူးတင္ပါတယ္ရွင့္ ” ဆိုၿပီး လူမႈကြန္ရက္မွာ ေဝမၽွခဲ့ပါတယ္။ ေတာ္ဝင္တဲ့ အလွတရားေတြဟာ ေတာ္ဝင္သဇင္နဲ႔ ေပါင္းစပ္လိုက္ခ်ိန္မွာ ပိုၿပီးဝင့္ႂကြားသြားတာေတာ့ အမွန္ပါပဲ။

Credit: Cele Zone
Source:Thet Mon Myint

တော်ဝင်သဇင်ရဲ့ တင့်တယ်မှုနဲ့ အညီ သူမရဲ့မြန်မာဆန်ဆန်ပုံရိပ်တွေကို ပြသလာတဲ့ သက်မွန်မြင့်

ရိုးရိုးအေးအေးနေတတ်ပြီး အရှက်အကြောက်ကြီးတဲ့ သက်မွန်ဟာ လက်ရှိအချိန်ထိလည်း အိန္ဒြေကြီးတဲ့ အမျိုးသမီး တစ်ယောက် အဖြစ်နဲ့ ပရိသတ်တွေရဲ့အချစ်ကို အပြည့်အဝရထားသူ တစ်ယောက်လည်းဖြစ်ပါတယ်။ သားလေးနဲ့သမီးလေးကိုပိုင်ဆိုင်ခဲ့ပြီးနောက် ချစ်ရတဲ့ကလေးတွေကို အကျင့်ကောင်းလေးတွေ ပျိုးထောင်ပေးတတ်တဲ့ မိခင်ကောင်းပီသသူ တစ်ယောက်လည်းဖြစ်ပါတယ်။

အနုပညာလမ်းကြောင်းပေါ်မှာ ဆယ်စုနှစ်တစ်စုကျော်ကြာမြင့် တဲ့အထိ လျှောက်လှမ်းခဲ့ပြီး လက်ရှိအချိန်ထိလည်း အောင်မြင်တဲ့ မင်းသမီး တစ်ယောက်ဖြစ်နေဆဲပါပဲ။ ကိုယ်တိုင်လည်း တရားအသိရှိသလို မိဘတွေအတွက်လည်း တရားအားထုတ်နိုင်အောင် ဖန်တီးပေးပြီး သားသမီးတွေကိုလည်း ဓမ္မနဲ့ရင်းနှီးစေခဲ့တဲ့ မိခင်တစ်ယောက်ပါ။

ဒီနေ့မှာတော့ ကျက်သရေရှိပြီး လှလွန်းနေတဲ့ သူမရဲ့မြန်မာဆန်ဆန်ပုံရိပ်တွေကို ” သက်မွန်ကို လှစေချင်လို့ ဖန်တီးပေးတာမှန်သမျှ သက်မွန်ကတန်ဖိုးထားပါတယ် တော်ဝင်သဇင်ရဲ့ တင့်တယ်မှုကိုလိုက်မီဖို့ သက်မွန်ရဲ့ Team က ပံ့ပိုးပေးထားကြတယ်။ ဒီ program လေးမှာ သူတို့အားလုံး သက်မွန်အတွက် အလှဆုံးဖြစ်အောင် ကြိုးစားအားထုတ်ပေးထားကြတယ်။ အဲဒီအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့် ” ဆိုပြီး လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ တော်ဝင်တဲ့ အလှတရားတွေဟာ တော်ဝင်သဇင်နဲ့ ပေါင်းစပ်လိုက်ချိန်မှာ ပိုပြီးဝင့်ကြွားသွားတာတော့ အမှန်ပါပဲ။

Credit: Cele Zone
Source:Thet Mon Myint

About the author

Ms Cele

Leave a Comment