Celebrity


Written by Ms Cele





Credit

ထောင်ထဲက မကောင်းတဲ့သတင်းတွေကြောင့် မောင်နှမလိုချစ်ခင်ရတဲ့ ပိုင်တံခွန်ကို စိတ်ပူကြောင်း ပြောပြလာတဲ့ ဖြူဖြူကျော်သိန်း

အဆိုတော်ဖြူဖြူကျော်သိန်းကထူးခြားတဲ့ အသံတွေနဲ့အတူ အမိုက်စားတေးသီချင်းကောင်းများစွာကို သီဆိုထားပြီးပရိတ်သတ်တွေရဲ့ အားပေးမှုကိုအခိုင်အမာရရှိထားတဲ့ အဆိုတော်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။

ဖြူဖြူကျော်သိန်းက မကြာခဏဆိုသလို တန်းဖိုးရှိတဲ့စာသားများနဲ ့ဗွီဒီယိုများကိုသူမရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာဖော်ပြလေ့ရှိပါတယ် ၊စိတ်ထားကောင်းလွန်းတာကြောင့်လဲ ပရိတ်သတ်ကြီးတွေကပိုပြီးအားပေးချစ်ခင်နေရပါတယ်။

ဖြူဖြူကျော်သိန်းက ဒီပုံလေးရိုက်ခဲ့တဲ့နေ့တုန်းကမောင်နှမ၂ယောက်သား တစ်နေ့ကျကိုယ်လည်းဝရမ်းပြေးဖြစ်မယ်မတွေးမိခဲ့ သလိုသူလည်း မတရားထောင်ချခံရမယ်လို့မစဉ်းစားမိခဲ့ကြဘူး၊ IceCreamSandwichတွေစားပြီးShootingတစ်ဖွဲ့လုံး ပျော်နေခဲ့ကြတာ၊Januaryလကုန်ခါနီးကပေါ့၊ဒီနေ့ကြားရတဲ့အင်းစိန်ထောင်ထဲကသတင်းတွေကလည်းမကောင်းတော့ငါ့မောင်လေးကျန်းမာဘေးကင်းပါစေလို့ဆုတောင်းပေးရုံကလွဲဘာမှမတတ်နိုင်ဘူးရယ်ဆိုပြီးတော့သူမရဲ့Instagramအကောင့်မှာရေးသားဖော်ပြထားပါတယ်။

Credit

About the author

Ms Cele

Leave a Comment