Celebrity
Written by Ms Cele
Credit
ထောင်ထဲမှာ ကျန်းမာရေးဆိုးရွားနေတဲ့ ရဲတိုက်ရဲ့အကြောင်းကို ဝမ်းနည်းစွာ ပြောပြလာတဲ့ ဒါရိုက်တာ သည်ခေတ်နေ
ပရိတ်သတ်ကြီးရေ…သူမတူတဲ့ ဟန်ပန် သရုပ်ဆောင် ပိုင်နိုင်မှု တွေကြောင့် ပရိသတ်တွေ အခိုင်အမာနဲ့ အောင်မြင်နေတဲ့ မင်းသားချောရဲတိုက် ကတော့ လက် ရှိမှာ အကျဉ်းချအရေးယူခြင်း ခံထားရတာကို အားလုံးသိရှိကြမှာပါနော်..။​ပြီးခဲ့တဲ့ လပိုင်းတွေက တည်းက ဖမ်းဆီးထိန် းသိမ် းခံထားရတဲ့ ရဲတိုက်ကတော့ အကျဉ်းကျနေရင်း လတ်တလော မှာလည်း ကျန်းမာရေးမကောင်းဘူ းလို့ သိပါတယ်..။
ရဲတိုက်ရဲ့ လက်ရှိ အခြေအနေတွေ ကိုတော့ ဒါရိုက်တာ သည်ခေတ်နေက ပြောပြထားတာဖြစ်ပြီး အနုပညာရှင် တစ်ယောက်ပီသတဲ့အပြင် အရေးတော်ပုံကြီးမှာလည်း ရှေ့ဆုံးထိထွက်လာပြီး အတတ်နိုင်ဆုံးကြိုးစားပါဝင်လှုပ်ရှားခဲ့တဲ့ အကြောင်းတွေကို ပြောပြထားပါသေးတယ်. .။ ကျန်းမာရေးမကောင်းတဲ့ စိတ်မကောင်းဖြစ်နေရသလို ရဲတိုက် အတွက် တတ်နို င်သ လောက် speak out လုပ် ပေးကြ ဖို့ကို လည်း ဒါရိုက်တာသည်ခေတ်နေက တိုက်တွန်းတောင်းဆိုထားတာလည်း တွေ့ရပါတယ်..။
“သူထောင်ထဲမှာ ကျန်းမာရေး မကောင်းဘူး ကြားတယ် သူပြန်လွတ်လာတဲ့ အချိန်မှာ ဇာတ်ကားရိုက်ဖို့ ဖုန်း၃ကြိမ် လောက် စကားပြောဖူးရုံကလွဲလို့ သူနဲ့ကျွန်တော် ဆုံမယ်ဆုံမယ်နဲ့ ခုထိလည်းမဆုံဖြစ် ခဲ့ကြပါဘူး။သူ့ရဲ့အနုပညာ၊သူ့ရဲ့ရုပ်ရှင် တွေ မစခင်- ဟိုးဗီဒီယိုခေတ်ဦးတ ည် းက ဆာတိုရီဆိုတာ ဗီဒီယိုလေးတစ်ကားကို ရုပ်ရှင်ကားကြီးတစ်ကားလို သေသေချာချာပြင်ဆင်ပြီးမှ ရိုက်ကူးခဲ့တဲ့ကုမ္မဏီကြီးတစ်ခုပါ။(အဲ့အချိန်ကျွန်တော်က ဇာတ်ညွှန်းသုံးလေးပုဒ် စရေးခါစ။တစ်နေ့ငါဒါရိုက်တာဖြစ်ရင် ဒီဘဲတွေနဲ့ရအောင်ရိုက်မယ်လို့ စိတ်ကူးယဉ်ကောင်းနေတဲ့အချိန်ပေါ့ ။)
ရဲတိုက်ဆိုတာ ဆာတိုရီရဲ့တပင်တိုင် မင်းသား။ရဲတိုက်မှ ရဲတိုက်ခေတ်။သူ့ဇာတ်လမ်းတွေက တစ်ခုနဲ့တစ်ခုမပြောနဲ့။ သူရိုက်ခဲ့တဲ့ကြော်ငြ ာတွေမှာတောင် အိုင်တင်တစ်ခုနဲ့တစ်ခု မထပ်စေရဆိုတဲ့ ပါရမီအလိုလိုပါလာတဲ့သူ(ဒါမှမဟုတ်)ရုပ်ရှင်ဆီ သူချဉ် းကပ်ပုံကိုက သူတစ် ပါး နဲ့မတူတာလည်း ဖြစ်နိုင်တယ်။ထားပါ…အဲ့ဒီနောက်မှာတော့-အကြောင်းကြောင်းကြောင့် ရဲတိုက်နေရာမှာ ဆာတိုရီအတွက် နောက် ထပ်သ ရုပ်ဆောင်တစ်ဦးပေါ်ထွက်လာခဲ့ပါတယ်… (သူလည်း သူ့တန်ဖိုးနဲ့သူရှိပြီး တကယ်ကြိုးစားအောင်မြင်နေတဲ့သရုပ်ဆောင်ကောင်းတစ်ယောက်ပါပဲ။)
ကျွန်တော်အနေနဲ့ကျတော့ အစွဲအလမ်းကြီးတဲ့ ပရိသတ်တစ်ယောက်လို့ပဲပြောပြော…ကျွန်တော်မျှော်နေမိ တာက ရဲတို က်အပြင်ကိုပြန်ရောက်လာမယ့် အချိန်ပါ။ဇာတ်လမ်းအသစ်တွေနဲ့ ရဲတိုက်ဇာတ်ကားတွေပြန်ကြည့်ရမယ့်အချိန်တ စ်ခုရယ်။ပြီးတေ ာ့ သူနဲ့ကျွန်တော် အလုပ်အတူတွဲလုပ်ကြမယ်ဆိုတဲ့အချိန်တစ်ခုကိုပေါ့။(ဖြစ်နိုင်ရင် အဲ့အခွင့်အရေးကိုကျွန်တော်ဒီနေ့ထိမျှော်လင့်နေမိသေးတယ်။)ဒီနေ့ထိသူ့အနုပညာကိုကျွန်တော် အရမ်းလေးစားပါတယ်။အခုလို သူထောင်ထဲမှာကျန်းမာရေးမကောင်းဘူးဆိုတာကြားရတော့ စိတ်ထဲတော်တော်မကောင်းဘူး။သူက သူ့ဘဝတစ်လျှောက်လုံး …
သူကြိုက်တာသူ လုပ်ခဲ့တာတော့ မှန်ပါလိမ့်မယ်။သူကြိုက်တာတွေ လုပ်နေရင်းနဲ့တောင် သူလုပ်ခဲ့တဲ့နောက်ဆုံး တစ်ခုကိုကြည့်ရင် ပြည်သူတွေရဲ့ကြားထဲကနေ ရှေ့ဆုံးထိရောက်အောင်ထွက်လာပြီး အာဏာရှင်ကိုဖီဆန်ခဲ့တာ အားလုံးအမြင်ပဲလေ။စစ်အာဏာရှင် စနစ်အမြန်ဆုံးပြုတ်ကျသွားခဲ့ရင်တောင် ဒီမိုးဒီလေနဲ့ ရဲတိုက်နောက်တစ်ယောက်ထပ်ရဖို့ဆိုတာကျွန်တော်တို့အတွက် မကျိန်းသေတော့ပါဘူး။ ဒီတစ်ကြိမ်သူပြန်လာလို့ သူကိုယ်တိုင်ကလဲ သူလုပ်ဖူးနေကျအရာတွေအပေါ် သူ့စိတ်သူနေနို င်သွားအောင် ကြိုးစားလို့ရသွားပြီဆိုရင်တော့ အရာအားလုံးက အတိုင်းထက်အလွန်ပေါ့ဗျာ။
ကျွန်တော်အခုသူ့ကိုချီးကျူးနေတာအကုန်လုံးက သူ့ရင်ထဲမှာရှိတဲ့အနုပညာနဲ့ သူတန်ဖိုးထားတဲ့ဒီမိုကရေစီ အတွက် သတ် တိရှိတဲ့သူ့လု ပ်ရပ်ကိုပဲ ဆိုလိုတာပါ။သူ့ကို ပြည်သူတွေ ဒီထက်ဝန်းရံပေးစေချင်တယ်။ဒီအချိန်မှာ အကုန်လုံးကကိုယ်စီသောကကြီးနေပေမယ့် သူ့လို လူတော်တစ်ယောက်ကိုတော့ တတ်နိုင်သလောက် speak outလုပ်ပေးကြပါခင်ဗျား။
ရနိုင်သလောက် ဂရုစိုက်ပေးကြပါခင်ဗျား။🙏🙏🙏(သူ့အတွက် ကျွန်တော်အ ဓိကတောင်း ဆိုချင်တာတစ်ခုရှိ ပါသေးတယ်။အားလုံးကိုယ်စား သူ့ဆီရောက်အောင်သွားတွေ့ပေးနိုင်မယ့်လူတစ်ယောက်ယောက်ရှိမယ်ဆိုရင် ကျွန်တော့်ကိုcbကနေ ဆက်သွယ်ပေးပါလား ခင်ဗျား ! ကျွန်တော်ကိုယ်တိုင်ကလည်း နယ်မှာရောက်နေလို့ပါ။သူ့အတွက် ကျွန်တော် နိုင်တာလေးကူညီပေးရင်း သူပြန်လာရင် သူနဲ့ရိုက်ဖို့ဇာတ်လမ်းလေးတစ် ပုဒ်ရှိတဲ့ အကြောင် း မှာလိုက်ချင်လို့ပါ…..။)..” ရေးသားပြောပြထားတာပါ..။ပရိသတ်တွေကလည်း ဒါရိုက်တာ သည်ခေတ်နေနဲ့အတူ ရဲတိုက်အတွက် ဆုတောင်းစကားတွေနဲ့ အားပေးထားကြတာလည်း တွေ့ရပါတယ်..။
Source : The Khit Nay’s Fb Acc
Credit
About the author
Ms Cele
Leave a Comment